ဈေးကွက်သစ်များရရှိတင်ပို့လာနိုင်သည့်မြန်မာ့လယ်ယာထွက်ကုန်များ၏အခြေအနေကောင်းများ


15 August, 2017

၂၀၁၇-၁၈ ဘဏ္ဍာနှစ်လေးလအတွင်း(ဧပြီမှဇူလိုင်လကုန်ပိုင်း)လယ်ယာထွက်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာတစ်ဘီလျံနီးပါးရရှိထားပြီး စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၂၅ ရာခိုင်နှုန်း ရှိကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။
ထို့သို့တင်ပို့ရာတွင်အများဆုံးတင်ပို့နိုင်ခဲ့သည့်လယ်ယာထွက်ကုန်များမှာဆန်၊ပဲ၊ ပြောင်းနှင့်ရော်ဘာများ ဖြစ်ကြောင်းသိရသည်။
လယ်ယာထွက်ကုန်မှအများဆုံးတင်ပို့သည်မှာဆန်၊ပဲ၊ပြောင်းနှင့်ရော်ဘာတို့ဖြစ်ပါသည်။
ပြည်ပတင်ပို့မှုအနေဖြင့်ဆန်ဆိုလျှင်လည်းအာဆီယံဒေသတွင်းသုံးနိုင်ငံရရှိထားသည်။
လယ်ယာထွက်ကုန်များသည်စျေးကွက်လိုအပ်ချက်အလိုက်တင်ပို့နေခြင်းဖြစ်သောကြောင့် စျေးကွက်ဖော်ဆောင်နိုင်ရန်လည်း ပုဂ္ဂလိကကဏ္ဍနှင့်ပေါင်းပြီးလုပ်နေသည်ဟုသိရသည်။
စီးပွားကူးသန်းကလည်းကုန်သွယ်မှုမြှင့်တင်နိုင်ရန်နှင့်စျေးကွက်သစ်နိုင်ငံများရရှိနိုင်ရန်ဆောင်ရွက်နေပြီး လက်ရှိတွင်နိုင်ငံပေါင်းရှစ်နိုင်ငံသို့စီးပွားရေးသံမှုးများစေလွှတ်ပြီးလယ်ယာပို့ကုန်အလိုက်ခိုင်မာသည့် စျေးကွက်ရရှိလာရန်၊ နိုင်ငံအလိုက်စျေးကွက်ရရှိရန်ဆောင်ရွက်နေပြီးစျေးကွက်ဆိုင်ရာပြောင်းလဲချက်များကို အချိန်နှင့်တပြေးညီသိရှိစေရန်စတင်ဆောင်ရွက်နေကြောင်းသိရသည်။

လယ်ယာထွက်ကုန်များထဲမှတင်ပို့နိုင်မှုနေရာအများဆုံးရယူထားသည့်ဆန်စပါးကဏ္ဍတွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်(ဧပြီလမှမတ်လအထိ) ပြည်ပသို့ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည်တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ ၅၅၄ သန်း၊ တန်ချိန်အားဖြင့် ၁၇ သိန်းကျော်ဖြစ်သဖြင့်လယ်ယာကဏ္ဍတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းခန့်ရှိပြီး ပို့ကုန်ကဏ္ဍတစ်ခုလုံးအနေဖြင့်ငါးရာခိုင်နှုန်းခန့်ရှိကြောင်းသိရသည်။
ယခုဘဏ္ဍာနှစ်လေးလအတွင်းတွင်ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှုမှာတန်ချိန်ကိုးသိန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၂၇၆ သန်းရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက်တန်ချိန်ငါးသိန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅၀ သန်းပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ အများဆုံးတင်ပို့နေသည့်နိုင်ငံများမှာ တရုတ်နိုင်ငံအပြင်ထိုင်း၊ စင်ကာပူ၊ အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့ဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့ဆန်ကုန်သွယ်မှုကဏ္ဍကို လေ့လာကြည့်ပါကဆန်အများဆုံးတင်ပို့သည့်နိုင်ငံများမှာအိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နှင့်ပါကစ္စတန်နိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံသည်ပဥ္စမမြောက်အများဆုံးဆန်တင်ပို့သည့်နိုင်ငံ ဖြစ်လာကြောင်း၊ ပြည်ပမှအများဆုံးတင်သွင်းလျက်ရှိသည့် နိုင်ငံများမှာတရုတ်၊ နိုင်ဂျီးရီးယား၊ ဥရောပနိုင်ငံများနှင့် ဖိလစ်ပိုင်နိုင်ငံတို့ဖြစ်လာပြီးဘရာဇီး၊ တရုတ်နှင့်ဥရောပနိုင်ငံများသည်တင်ပို့မှု၊ တင်သွင်း
မှုကိုပါ ယခုနှစ်အတွင်းပိုမိုတင်သွင်းသည့်နိုင်ငံများဖြစ်လာသည့်အတွက်ထိုအခြေအနေတွင်မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများထက်ဈေးကွက်ဝယ်လိုအားဖြည့်ဆည်းပေးရန်ဆန်စပါးအရင်းအမြစ်များ ပိုမိုရှိနေသည့်အားသာချက်များရှိသည့်အတွက်အခြားနိုင်ငံများမှ အလေးထား စိတ်ဝင်စားမှု ပိုမိုရရှိလာကာ ဥရောပနိုင်ငံများ၏ဆန်ဈေးကွက်သို့ထိုးဖောက်ဝင်ရောက်နိုင်ပါကအကျိုးရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်ကြောင်းပို့ကုန်ကျွမ်းကျင်သူများကပြောသည်။
စီးပွားကူးသန်းမှလည်း ပြည်ပမှတင်သွင်းလာသောလယ်ယာထွက်ကုန်များနှစ်စဉ်မြင့်တက်လာနေသည့်အတွက် လယ်ယာထွက်ကုန်များထုတ်လုပ်သည့်တောင်သူများထိခိုက်နစ်နာမှုဖြစ်ပေါ်ခြင်းမှကာကွယ်ကုစားနိုင်ရန် အတွက်သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ (မူကြမ်း) နှင့် လျှော့ဈေးဖြင့်စုပုံတင်ပို့ခြင်းနှင့် အစိုးရထောက်ပံ့မှုရယူတင်ပို့ခြင်းတို့ကြောင့်ဖြစ်ပေါ်လာမှုကိုကာကွယ်ကုစားပေးမည့်ဥပဒေ (မူကြမ်း) အားရေးဆွဲလျက်ရှိိကြောင်းသိရသည်။
ထို့ပြင်စိုက်ပျိုးထုတ်လုပ်တင်ပို့ရာတွင်ရာသီဥတု၊သဘာဝဘေးအန္တရာယ်များကျရောက်ခြင်း၊ သွင်းအားစုကုန်ကျ စရိတ်မြင့်မားခြင်း၊ သီးနှံမျိုးကောင်းမျိုးသန့်ရရှိရန်လိုအပ်ခြင်း၊စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်များမြင့်မားခြင်း၊ အရည်အသွေး မြင့်ထုတ်ကုန်များ ထုတ်လုပ်မှုနည်းပါးခြင်း၊ နိုင်ငံတကာဈေးကွက်နှင့်ဝယ်လိုအားအပေါ် တည်မှီနေရခြင်း၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ၊ ရိတ်သိမ်းမှုစနစ်များ၊ ထုတ်လုပ်မှုစနစ်များ လိုအပ်နေခြင်း
စသည့်ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများလျှော့ချနိုင်ရေးကိုသက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Source:thefarmermedia

 

 

 

Export, Import Read 1262 times