မြန်မာကျပ်ငွေ ၆၈ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံမည့် မင်္ဂလာဈေးသစ်စီမံကိန်းကြီး


03 May, 2018

Sun Myat Tun(SMT)ဆောက်လုပ်ရေးမှတာဝန်ယူမည့် မင်္ဂလာဈေးသစ်စီမံကိန်းအတွက်ပန္နက်ချပွဲကို ၂၀၁၈ ခုနှစ် မေလ ၃ ရက်နေ့တွင်ကျင်းပခဲ့ပါသည်။

စတုရန်းပေကိုးသောင်းကျော်ရှိသော ယခင်မင်္ဂလာဈေးဟောင်းနေရာတွင်ယင်းစီမံကိန်းကို ဆောင်ရွက်မည်ဖြစ်ပြီးအထပ်ပေါင်း ၁၅ ထပ် + Basement ၂ ထပ်ပါဝင်မည်ဖြစ်သည်။

ယင်းပရောဂျက်အတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများကိုစတင်ဆောင်ရွက်နေပြီဖြစ်ပြီး နှစ်နှစ်ခွဲခန့်ကြာမြင့်မည့်စီမံကိန်းဖြစ်ကြောင်သိရပါသည်။

၎င်းစီမံကိန်းသည် အစိုးရနှင့် SMT တို့အကျိုးတူပူးပေါင်းဆောင်ရွက်သောစီမံကိန်းတစ်ခုဖြစ်သည်။

ထိုစီမံကိန်းတွင် SMT မှမြန်မာငွေကျပ် ၆၈ ဘီလီယံရင်းနှီးမြှပ်နှံထားကြောင်းလည်းသိရပါသည်။

ယင်းစီမံကိန်းပြီးစီးပါကယခင်မင်္ဂလာဈေးဟောင်းမီးလောင်ရာတွင် ဆိုင်ခန်းများဆုံးရှုံးခဲ့သူများကို ဆိုင်ခန်းများပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်းသိရပါသည်။

SMT ဧ။် MD ဖြစ်သူဒေါက်တာနေလင်းထွန်းက” ကျွန်တော်တို့ဒီစီမံကိန်းကိုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့ဒီနေရာမှာ စီးပွားရေးလုပ်ငန်းတွေကိုစုစုစည်းစည်းနဲ့ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးချင်တဲ့ရည်ရွယ်ချက်အပြင် SMT အတွက် image တစ်ခုကိုလည်းတည်ဆောက်ချင်တာပေါ့နော်။

နောက်ပြီးတော့ မင်္ဂလာဈေးဟောင်းမီးလောင်သွားလို့ ဒုက္ခရောက်နေရတဲ့ ဈေးသူဈေးသားတွေကိုလည်းတကယ်စာနာမိပြီးတော့ကူညီပေးချင်လို့ပါ။ဒီဆိုင်ခန်းတွေမှာ ဘဝတွေအများကြီးပါဝင်ပတ်သက်နေတာအာလုံးလည်းသိကြမှာပါ”ဟုပြေကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီးဒီစီမံကိန်းအဆောက်အအုံနဲ့ဒီမင်္ဂလာဈေးဝင်းကြီးထဲမှာရှိတဲ့အဆောက်အအုံတွေကိုပေါင်းစည်းသွားရန်အစီအစဉ်ရှိမရှိကိုမေးမြန်းခဲ့ရာတွင်လည်း ဒေါက်တာနေလင်းထွန်းမှ မရှိကြောင်းနှင့်သီးသန့်စီဆောက်လုပ်သွားမည်ဖြစ်ကြောင်းလည်းပြောကြားသွားခဲ့ပါသည်။

Local News Read 635 times