အလုပ်အကိုင် ၁၀၀၀ ကျော် ဖန်တီးမည့် စီမံကိန်း ၃ ခု ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတည်ပြု


18 August, 2020

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဗီဒီယို အစည်းအဝေးကျင်းပပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖောက်မည့် စီမံကိန်း ၃ ခုကို အတည်ပြုခဲ့သည်။

 စီမံကိန်း နှစ်ခုသည် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ကျန်တစ်ခုမှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။စီမံကိန်း ၃ ခုမှ ရင်းနှီးမတည်ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၆.၉၆၄ သန်းနှင့် ကျပ် ၂.၁၇ ဘီလျံ ဖြစ်သည်။ အလုပ်အကိုင် ၁၀ ၇၃ ခု ဖန်တီးပေးမည်။

လုပ်ငန်းတစ်ခုမှာ ရေမြှုပ်မွေ့ရာ၊ ကင်မရာအိတ်နှင့် Cutting, Making, and Packing (CMP) အခြေခံသည့် အဝတ်အထည် ချုပ်လုပ်ခြင်းတို့ကို လုပ်ကိုင်မည် ဖြစ်သည်။ 

ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတွင် ပဲနှင့် ဆန် ကြိတ်ခွဲသန့်စင် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများ လုပ်ကိုင်မည်ဟု သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၅၈၀၀ ဝင်ရောက်ရန် ခန့်မှန်းထားပြီး ဒေါ်လာ ၅၀၉၄ သန်းကျော်အထိ စာရင်းဝင်ထားပြီ ဖြစ်သည်။

မြန်မာနိုင်ငံရှိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ပင်ရင်းနိုင်ငံအရ ကြည့်လျှင် စင်ကာပူသည် အများဆုံးဖြစ်ပြီး ဒုတိယနေရာတွင် တရုတ်နှင့် တတိယနေရာတွင် ထိုင်းနိုင်ငံတို့ အသီးသီး ရှိနေသည်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင် လူအင်အား အများအပြား သုံးစွဲရသော လုပ်ငန်းများကို ဦးစားပေး စဉ်းစားကြောင်းလည်း သိရသည်။

By Myanmar Industry Guide

Investment/Divestment Read 772 times