ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန် Withholding Tax (ဝင်ငွေခွန်အား ကြိုတင်ကောက်ခံခြင်း) ကို ပြည်တွင်းပစ္စည်း ဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းတို့ အတွက် ဝင်ငွေခွန်ကို ကြိုတင်နုတ်ယူကောက်ခံမည် မဟုတ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် ဇွန်လ ၁၈ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ပါတယ်။ (အမိန့်ကြော်ငြာစာကို ဆောင်းပါးအဆုံးမှာ ဖော်ပြပေးထားပါတယ်)
ကြော်ငြာစာပါ ပြောင်းလဲသတ်မှတ်ချက်များဟာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ စတင်ပြီး အသက်ဝင်မှာဖြစ်ပါတယ်။
စတင်ကျင့်သုံးခဲ့ခြင်း
************
အခွန်တိမ်းရှောင်မှု လျော့နည်း စေရန်အတွက် ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန် (Withholding Tax) စနစ်သစ်ကို ၂၀၁၀ ပြည့်နှစ် ဧပြီလမှာ အတည်ပြုခဲ့ပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ စတင်ကျင့်သုံးခဲ့ပါတယ်။
ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်ဆိုသည်မှာ ဝင်ငွေတရပ်ရပ် ရရှိချိန်တွင် ငွေထုတ်ပေးရန် တာဝန်ရှိသူက ထိုဝင်ငွေအပေါ် ကျသင့်သော အခွန်ကို နုတ်ယူ၍ သက်ဆိုင်ရာ ပြည်တွင်း အခွန်များရုံးသို့ လွှဲပြောင်း ပေးသွင်းသည့် အခွန်ဖြစ်ပါတယ်။
သွင်းကုန်သမားများက သက်ဆိုင်ရာ အခွန်ကို ကြိုတင် ဖြတ်တောက် ပေးဆောင်ရမည့် စနစ်မျိုးဖြစ်ပါတယ်။ ပြည်ပမှဆိုလျှင် သွင်းကုန်ပေါ်တွင် ၃.၅ ရာခိုင်နှုန်း၊ ပြည်တွင်းဆိုလျှင် ၃ ရာခိုင်နှုန်း ကောက်ခံခဲ့ပါတယ်။
ပြည်တွင်း အခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က “Withholding Tax က အစိုးရက အခွန်လိုက်ကောက်တာ မဟုတ်ဘူး။ ကုမ္ပဏီတွေကိုယ်တိုင်က သူလုပ်တဲ့လုပ်ငန်းအတွက် တာဝန်သိသိ အခွန်ဆောင်ရတာ။ အဲဒီလိုတာဝန်သိသိ အခွန်ဆောင်ဖို့လည်း ထိန်းချုပ်တဲ့စည်းမျဉ်း၊ ဥပဒေတွေ ထုတ်ပြန်ထားတယ်” လို့ ပြောပြခဲ့ပါတယ်။
အကြံပြုတင်ပြခြင်းများ
***************
Withholding Tax ကျင့်သုံးနေခြင်းအပေါ် အစိုးရထံ အကြံပြုတင်ပြခြင်းများ ရှိခဲ့ပါတယ်။
Withholding Tax (ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်) အား ကျင့်သုံးကောက်ခံနေခြင်းဟာ ပို့ကုန်မြှင့်တင်ရေး ကြိုးပမ်းနေရချိန်တွင် မြန်မာ့လုပ်ငန်းရှင်များအပေါ် ပိုမိုဝန်ပိနေစေသဖြင့် ပြန်လည်သုံးသပ်ပေးရန် ၂၀၁၇ ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ နိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာပုဂ္ဂလိကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် စတုတ္ထအကြိမ် တွေ့ဆုံပွဲတွင် မြန်မာ့ပုဂ္ဂလိကဏ္ဍကိုယ်စားလှယ်များ အဓိကထား အကြံပြုတင်ပြခဲ့ကြပါတယ်။
Withholding Tax ၂ ရာခိုင်နှုန်း ပေးဆောင်နေရခြင်းသည် အခွန်ထမ်းကြီးများအတွက် အခက်အခဲမရှိလှသော်လည်း၊ အဆင့်ဆင့် ဝယ်လက်များသည့် မြန်မာ့ဈေးကွက်တွင် စတင်ကုန်ထုတ်လုပ်သူ လုပ်ငန်းငယ်များအတွက် အလွန်ထိခိုက်စေလျက်ရှိကြောင်း တင်ပြခဲ့ကြပါတယ်။
စိုက်ပျိုးရေးကဏ္ဍတွင် ပို့ကုန်လုပ်ငန်းရှင်များနှင့် ကုန်သည်များက ပေးဆောင်သည်ဆိုစေကာမူ အဆိုပါအခွန်ခကို ကာမိစေရန် အဆင့်ဆင့် ဈေးလျှော့ဝယ်ယူသည့်အတွက် အခြေခံတောင်သူလယ်သမားများကိုသာ ထိခိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးအုန်းဆိုင်က တင်ပြခဲ့ပါသည်။
Withholding Tax ကောက်ခံရခြင်းမှာ အခွန်တိမ်းရှောင်မှုကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ နှစ်ကုန် ကုန်သွယ်ခွန် စုပေါင်း ထမ်းဆောင်ရခြင်းသည် လုပ်ငန်းငယ်များအတွက် ကြီးလေးမည်ဖြစ်သောကြောင့်ဟု အခွန်ထမ်းကြီးများရုံး ညွှန်ကြားရေးမှူး ဒေါ်မြမြဦးက ဆွေးနွေးတင်ပြခဲ့ပြီး တောင်သူလယ်သမားအတွက် အခွန်ကောက်ခံခြင်းကို ပြန်လည်ဆွေးနွေးသုံးသပ်ပေးမယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်က မြန်မာ့အသေးစားလုပ်ငန်းများအနေဖြင့် ချေးငွေရရှိနိုင်ရေးအတွက်ပင် ရုန်းကန်နေရချိန် ကြိုတင်ဝင်ငွေခွန်အပြင် Withholding Tax ဆောင်ရခြင်းမှာ အရင်းအနှီးပျောက်မည့် အနေအထားဖြစ်နေကြောင်း ၊အလုံးစုံခြုံ၍ မူဝါဒချမှတ်သည်ထက် အခွန်ရှောင်သည့် ကုမ္ပဏီများအား ဖော်ထုတ်အရေးယူသင့်ကြောင်း တင်ပြခဲ့ပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အခွန်ကြောင့် အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ အခွန်ကိစ္စနှင့်ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသာမဟုတ်ပဲ ကုန်သည်၊ ပွဲစား၊ လယ်သမား ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ ဌာနဆိုင်ရာများအား စုပေါင်းခေါ်ယူကာ အဆင့်အလိုက် လေ့လာ၊ ညှိုနှိုင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ပြည်တွင်းအခွန်များဦးစီးဌာနမှ ဝန်ထမ်းတဦးက “ဒီအခွန်စနစ်က သိပ်ရှုပ်ထွေးမှု မရှိပါဘူး။ ဥပမာ Aကုမ္ပဏီက Bကုမ္ပဏီဆီက ငွေ ၁၀ သိန်းဖိုး ပစ္စည်းတွေဝယ်လိုက်တယ်။ A ကုမ္ပဏီက B ကုမ္ပဏီကို ကုန်ပစ္စည်းဖိုး ငွေ ၁၀ သိန်းမပေးခင် အရောင်းအဝယ်အတွက် ကျသင့်တဲ့အခွန်ကို အခွန်ရုံးမှာ သွားသွင်းပြီး အခွန်ဆောင်ထားတဲ့ လက်မှတ်နဲ့ ကျန်တဲ့ငွေကို Bကုမ္ပဏီကို ပေးလိုက်တာ။ အခွန်က ၃ ရာခိုင်နှုန်း ကျသင့်ရင် ၁၀ သိန်းဖိုးအတွက် အခွန်ငွေ ၃ သောင်းပေါ့။ အဲဒီတော့ A ကုမ္ပဏီက အခွန် ၃ သောင်း ဆောင်ထားတဲ့လက်မှတ်နဲ့ ငွေ ၉သိန်း ၇ သောင်းကို B ကုမ္ပဏီကို ပေးရမယ်။ ဝယ်သူက ရောင်းသူကို ငွေမပေးခင် ရောင်းသူအတွက် အခွန်ဆောင်ပေးလိုက်တာပေါ့” လို့ ရှင်းပြပါတယ်။
ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်ဆောင်ရမည့် ဝင်ငွေအမျိုးအစား လေးမျိုးရှိပြီး (၁) အတိုးပေးငွေများ၊ လိုင်စင်၊ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး စသည်တို့ကို အသုံးချခွင့်ပြုသည့် ပေးချေငွေများ၊
(၂) ကန်ထရိုက်စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် သဘောတူညီချက် တရပ်ရပ်ဖြင့် ပစ္စည်းဝယ်ယူခြင်းနှင့် လုပ်ငန်းဆောင်ရွက်ပေးစေခြင်းအတွက် ပေးချေငွေများ၊
(၃) စာချုပ်စာတမ်းဖြင့် နိုင်ငံခြားသားလုပ်ငန်းရှင် သို့မဟုတ် နိုင်ငံခြားသားကုမ္ပဏီက လုပ်ငန်းဆောင်ရွက်ပေးစေခြင်းနှင့်
(၄) နိုင်ငံတော်အတွင်းမှ ပစ္စည်းဝယ်ယူခြင်းအတွက် ပေးချေငွေများ အကျုံးဝင်ပါတယ်။
အပြောင်းအလဲ ဖြေလျော့ပေးခြင်း
************
လာမယ့် ဇူလိုင် ၁ ရက်မှစတင်၍ ပြည်တွင်းပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေး စေခြင်း၊ ဝန်ဆောင်မှုဆောင်ရွက် ပေးစေခြင်းတို့အတွက် ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် (ဝင်ငွေခွန်ကိုကြိုတင်ကောက်ခံသည့်)အခွန် (Withholding Tax)ကို ကောက် ခံမည်မဟုတ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဇွန် ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများ၊ အစုစပ်လုပ်ငန်း၊ ဖက်စပ်လုပ်ကိုင်သည့်လုပ်ငန်း၊ ကုမ္ပဏီ၊ တစ်ဦးချင်းပုဂ္ဂိုလ်တို့ စုပေါင်းထားသည့်အဖွဲ့အစည်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင်၍ ဖွဲ့စည်းထားသည့်အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့၊ သမဝါယမအသင်းနှင့် နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင်လုပ်ငန်းများက ကန်ထရိုက်စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် အ ခြားစနစ်တစ်ခုခုဖြင့် နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးစေခြင်းတို့အတွက် ပေးချေငွေများကို ထုတ်ပေးသည့်ငွေမှ အခွန်အတွက်နုတ်ယူ ရန်ရာခိုင်နှုန်းမှာ ပြည်တွင်းနေနိုင်ငံသားနှင့် နိုင်ငံခြားသားများအနေ ဖြင့် ပေးသွင်းရန်မလိုဘဲ ပြည်ပနေနိုင်ငံခြားသားအတွက် ၂ ဒသမ ၅ ရာခိုင်နှုန်းပေးသွင်းရမှာဖြစ်ပြီး အတိုးပေးငွေများအတွက် ထုတ်ပေးသည့်ငွေမှ အခွန်အတွက် နုတ်ယူရန်ရာခိုင်နှုန်းမှာ ပြည် တွင်းနေနိုင်ငံသားနှင့် နိုင်ငံခြားသားများအနေဖြင့် ပေးသွင်းရန်မလိုဘဲ ပြည်ပနေနိုင်ငံခြားသားအတွက် ၁၅ ရာခိုင်နှုန်း ပေးသွင်း ရပါမယ်။
အဆိုပါကိစ္စကို democracytoday မှာ ယခုလို ဖော်ပြထားပါတယ်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက’’ Withholding Tax ကို ပြည်တွင်း ဝယ်ယူမှုတွေ၊ ဝန်ဆောင်မှုတွေနဲ့ ငှားရမ်းခတွေအပေါ်မှာ ကောက်ခံမှာ မဟုတ်ပါဘူး။ ဒီထုတ်ပြန်ချက်ကို ကြေညာပေးခဲ့ပါပြီ’’ဟု ဇွန် ၁၉ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။ ယင်းအပြင်ဝင်ငွေခွန်ကို ကြိုတင်ကောက်ခံသည့်ပင်ရင်းမှ နုတ်ယူပေးသွင်း သည့်အခွန် (Withholding Tax)နှင့်ပတ်သက်၍ လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး စသည်တို့ကို အသုံးချခွင့်ပြုသည့်အတွက် ပေး ချေငွေများကိုထုတ်ပေးသည့်ငွေမှ အခွန်အတွက်နုတ်ယူရန် ရာခိုင်နှုန်းမှာ ပြည်တွင်းနေနိုင်ငံသားနှင့် နိုင်ငံခြားသားများအနေဖြင့် ၁ဝ ရာခိုင်နှုန်း၊ ပြည်ပနေ နိုင်ငံ ခြားသားအတွက် ၁၅ ရာခိုင် နှုန်းပေးသွင်းရမည်ဖြစ်ပြီး ပြည် ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ နိုင်ငံပိုင်လုပ်ငန်းများ၊ စည်ပင်သာယာရေးအဖွဲ့များက တင်ဒါစနစ် (သို့မဟုတ်) လေလံစနစ် (သို့မဟုတ်) ဈေးပြိုင်ခေါ်ယူသည့်စနစ် (သို့မဟုတ်) ကန်ထရိုက်စာချုပ် (သို့မဟုတ်) သဘောတူစာချုပ် (သို့မဟုတ်) အခြားစနစ်တစ်ခုခုဖြင့် နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေး စေခြင်း၊ ဝန်ဆောင်မှုဆောင်ရွက် ပေးစေခြင်းတို့အတွက် ပေးချေ ငွေများမှအခွန်နုတ်ယူပေးသွင်းရာတွင်နှစ်တစ်နှစ်အတွင်းစုစု ပေါင်းပေးချေငွေကျပ်၁ဝသိန်းအ ထိအခွန်နုတ်ယူပေးသွင်းခြင်းမ ပြုစေဘဲစုစုပေါင်းပေးချေငွေသည်ကျပ်၁ဝသိန်းအထက်ကျော်လွန်ပါကပေးချေငွေများကိုထုတ်ပေးသည့်ငွေမှ အခွန်အတွက်နုတ်ယူရန်ရာခိုင်နှုန်းမှာ ပြည်တွင်းနေနိုင်ငံသားနှင့် နိုင်ငံခြားသားများ အနေဖြင့် နှစ်ရာခိုင်နှုန်း၊ ပြည်ပ နေနိုင်ငံခြားသားအတွက် ၂ ဒသ မ ၅ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ် ကြောင်း သိရသည်
မြန်မာနိုင်ငံမော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချ ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက “ဒါကိုကြိုဆိုပါတယ်။ ပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ၊ ပြီးတော့ SME လုပ်နေတဲ့အတွက်က Withholding Tax ကို မကောက်ခံတော့ဘူးဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ အနေနဲ့က လုပ်ငန်းရှင်အငယ်လေး တွေအတွက် SME လုပ်ငန်းရှင် တွေအတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ပြည်ပကသွင်းတဲ့ ပြည်ပကုမ္ပဏီတွေကတော့ ဆက်ပြီးပေးရမှာပေါ့နော်။ ဒါက ပြည်တွင်းအတွက်ကိုပဲ ဦးစားပေးတဲ့သဘော ဖြစ်တဲ့အတွက်ကြောင့်မို့ လုပ်သင့်လုပ်ထိုက်တာလို့ပဲ မြင်ပါတယ်။ အဓိကတော့ လက်လီလုပ်ငန်းငယ် လေးတွေအတွက် ပိုအဆင်ပြေတာပေါ့’’ဟုပြောသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လစာ ခေါင်းစဉ်မှအပ ပေးချေငွေအမျိုး အစားများနှင့်စပ်လျဉ်း၍ ငွေထုတ် ပေးရန်တာဝန်ရှိသူက ငွေထုတ် ပေးချိန်တွင် ရာခိုင်နှုန်းများအတိုင်း ကျသင့်သောဝင်ငွေခွန်ကို နုတ်ယူ ပေးသွင်းရန် ထုတ်ပြန်သတ်မှတ် ခြင်းဖြစ်ကြောင်း သိရသည်။
TEEP
#democracytoday