နစ်ကေး (Nikkei) အာဆီယံကုန်ထုတ်လုပ်ရေး တိုးတက်မှုမှာ တတိယ သုံးလပတ်အစတွင် ရှေ့ဆက်နှေးလာကြောင်း ညွှန်ပြထားပါသည်။
နောက်ဆုံးရ နစ်ကေး (Nikkei) PMI ဒေတာအရ အာဆီယံတဝှမ်းက ကုန်ထုတ်လုပ်ရေး အခြေအနေများမှာ ၂၀၁၈ ခုနှစ်ဒုတိယနှစ်ဝက်အစတွင် နှေးကွေးသည့်အရှိန်ဖြင့်တိုးတက်လာနေခြင်းဖြစ်ကြောင်း သိရပါသည်။
IHS Markit စာရင်းပြုစုချက်အရ အဓိကအကျဆုံး နစ်ကေး (Nikkei) အာဆီယံ ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI™) မှာ ဇွန်လတွင်၅၁.၀ ရှိခဲ့ရာမှ ဇူလိုင်လတွင်၅၀.၄ သို့ဆင်းသွားခဲ့ပါသည်။
စစ်တမ်း ဒေတာမှ ဇူလိုင်လအတွင်း အော်ဒါ အသစ်များနှင့်ထုတ်လုပ်မှု နှစ်ရပ်စလုံး တိုးတက်မှုများ နှေးကွေးနေခြင်းကိုပြခဲ့ပါသည်။
လက်ရှိနောက်ဆုံးရ ဂဏန်းက မတ်လမှစပြီး အားအပျော့ဆုံး ဖြစ်ခဲ့သည့်ကဏ္ဍ၏ အခြေအနေ အနည်းငယ်မျှ တိုးတက်လာခဲ့ကြောင်းကိုအချက်ပြလိုက်သည်။
အဓိက တွေ့ရှိချက်များ
*****************
• အဓိကအကျဆုံး PMI မှာ လေးလဆက်တိုက်နိမ့်ကျနေခြင်း
• ထုတ်လုပ်မှုနှင့်အော်ဒါ အသစ်များ နှစ်ခုစလုံး တိုးတက်မှု အားနည်းနေသော်လည်း ပြည်ပထုတ်ကုန်ပြန်လည်တိုးတက်လာခြင်း
• အကောင်းမြင်စိတ်မှာ စစ်တမ်းတွင်း စံချိန်တင်နိမ့်ကျလာခြင်း
အလုပ်နေရာများကို ရှေ့ဆက်တိုးချဲ့နိုင်ခဲ့သော်လည်း သွင်းကုန် လက်ကျန်စာရင်းများမှာမူ ဆက်လက်ပြီးကျဆင်းလာခဲ့သည်။
တိုးတက်မှုအခြေအနေ
ခြုံငုံပြောရလျှင် ဇူလိုင်လထဲတွင်စောင့်ကြည့်ခံနေကြရသည့် နိုင်ငံခုနစ်နိုင်ငံအနက် ငါးနိုင်ငံမှာ ထုတ်လုပ်ရေး အခြေအနေများ တိုးတက်လာနေခြင်းကို ညွှန်ပြနေကြပြီး မလေးရှားနှင့် မြန်မာ နှစ်နိုင်ငံတို့မှာမူအခြေအနေ ဆုတ်ယုတ်မှုကို အစီရင်ခံခဲ့ကြပါသည်။
ဗီယက်နမ်သည် အာဆီယံကုန်ထုတ်လုပ်ရေး PMI အဆင့်အရ ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဇူလိုင်လတွင် ၎င်း၏ ကုန်စည်ထုတ်လုပ်ရေး ကဏ္ဍမှာ အခိုင်အမာ တိုးတက်လာခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပါသည်။
ဖိလစ်ပိုင်ကမူ တိုးတက်မှုနှုန်း သိသိသာသာ အားပျော့နေခဲ့သည့်တိုင်အောင် ဒုတိယနေရာကို တက်သွားသည်။
အင်ဒိုနီးရှားသည် ထုတ်လုပ်ရေး အခြေအနေများ မသိမသာ လျင်မြန်စွာ တိုးတက်လာခဲ့လျက် တတိယနေရာသို့တက်သွားပါသည်။
စင်ကာပူနိုင်ငံသည် ၎င်း၏ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ၏ အခြေအနေမှာ ဇွန်လနှင့်စာလျှင်သိသိသာသာ အရှိန်အားနည်းနေခဲ့သော ကြောင့် စတုတ္ထနေရာသို့ကျဆင်းသွားခဲ့ရသည်။
ထိုင်းနိုင်ငံသည် ဇူလိုင်လတွင် ကုန်ထုတ်လုပ်ရေး အခြေအနေများ ကျယ်ပြန့်စွာ တုန့်ဆိုင်းနေခြင်းကိုပြသခဲ့ပါသည်။
မြန်မာနိုင်ငံသည်ဆယ်လအတွင်းမှာ ပထမအကြိမ်အဖြစ် ၎င်း၏ ကုန်ထုတ်လုပ်ရေးကဏ္ဍထဲက အခြေအနေ ဆုတ်ယုတ်လာခြင်းကိုပြသရန် မလေးရှားနှင့် လက်တွဲခဲ့ပါသည်။
တတိယသုံးလပတ်အစပိုင်းတွင်ဈေးဝယ်သူတို့ဖက်မှဝယ်လိုအား ပျော့လာကြောင်း မြင်ရပါသည်။
ဇူလိုင်လထဲတွင် ပြည်ပတင်ပို့မှုပြန်လည် ဦးမော့လာခဲ့သော်လည်း စုစုပေါင်း အော်ဒါသစ်များ တိုးရရှိခဲ့မှုအရှိန်မှာ ခြောက်လအတွက်အားအနည်းဆုံး ဖြစ်ခဲ့ပါသည်။
ပြည်ပမှလုပ်ငန်းသစ်များ ရရှိခဲ့မှုမှာ ဇွန်လထဲ အနည်းငယ်ကျခဲ့သည့်နောက်ပိုင်း ရှစ်လအတွင်း အမြန်ဆုံးနှုန်းဖြင့်တိုးတက်လာခဲ့ပါသည်။
ဝယ်လိုအား ပျော့လာနေသည့်အခြေအနေမျိုးမှာ ကုန်ထုတ်လုပ် ကြသူတို့သည်ကုန်စည်ထုတ်လုပ်ရေးကိုပိုသတိထား လုပ်ကိုင်လာနေကြရသည်။ ထုတ်လုပ်မှုသည်မတ်လမှစပြီး အနှေးဆုံး နှုန်းဖြင့်တိုးတက်ခဲ့သည်။
ထုတ်လုပ်မှုတိုးတက်မှုအရှိန်နှေးလာခြင်းသည်အပြန်အလှန်အားဖြင့် ဝယ်ယူရေး လုပ်ငန်းများကိုထိခိုက်စေခဲ့ပြန်ပါသည်။
သွင်းကုန်များ ဝယ်ယူမှုများမှာ လေးလအတွင်း အနှေးဆုံးနှုန်းဖြင့် တိုးလာခဲ့ရာ ဒုတိယ သုံးလပတ်တွင်း မြင်ခဲ့ကြရသည့် အားကောင်းသည့်တိုးတက်မှုနှင့် ဆန့်ကျင်နေပါသည်။
ဇူလိုင်လ စစ်တမ်း ဒေတာမှလက်ကျန်စာရင်းများ ရှေ့ဆက် ကျဆင်းနေခြင်းကိုအချက်ပြလိုက်ပြီး ထိုအချက်က အပြန်အလှန်အားဖြင့် အဓိကအကျဆုံး PMI အညွှန်းကိန်း ကိုဖိစီးခဲ့ပြန်သည်။
သိုလှောင်ထားရန် ဝယ်ယူမုှုများမှာ ယခုဆိုလျှင်၂၂ လဆက်တိုက်ကျဆင်းလာခဲ့ပြီး ဖြစ်ပါသည်။ ယင်းအတောအတွင်းမှာ ကုန်ချော သိုလှောင်ကုန်များ၏ စာရင်းများမှာ ဇူလိုင်လတွင်အနည်းငယ်မျှ ကျဆင်းခဲ့ပါသည်။
သွင်းကုန်များကိုပိုမိုဝယ်ယူလိုစိတ်က ပစ္စည်းပေးသွင်းရေး ကွင်းဆက်အပေါ် သက်ရောက်မှုအား မရှိခဲ့ပေ။ အခြားတစ်ဖက်ကပြောရလျှင် သွင်းကုန်များအတွက် ပစ္စည်းပေးသွင်းချိန်များမှာ ဇူလိုင်လထဲတွင် အတော်ကလေး တည်ငြိမ်နေခဲ့သည်။
သို့သော်လည်း အာဆီယံနိုင်ငံများကြားတွင် ပစ္စည်းပေးသွင်းမှု ပြတ်တောက်မှုများ ရှိခဲ့ကြောင်း မှတ်တမ်း တင်ခဲ့ရပါသည်။
အလုပ်နေရာ တိုးလာခြင်းသည် ကုမ္ပဏီများအား သူတို့၏ လက်ကျန်အလုပ်များကိုပြီးစီးစေရန်ကူညီပေးခဲ့ပါသည်။
ဝန်ထမ်းအရေအတွက်မှာ ဇူလိုင်လတွင်လေးလ ဆက်တိုက် တိုးလာခဲ့သော်လည်း အနည်းအကျဉ်းသာ တိုးခဲ့ပါသည်။
တချိန်တည်းမှာ မပြီးစီးခဲ့ဘဲ ကျန်ရှိနေသည့်အလုပ်ပမာဏသည်မသိမသာ ပိုမြန်သည့် နှုန်းဖြင့်ကျဆင်းလာခဲ့ပြီး လက်ကျန်အလုပ်များ ကျဆင်းလာနေခဲ့သည့် လက်ရှိအစဉ်အလာကိုလေးနှစ်ကျော်သို့တိုးပေးလိုက်ပါသည်။
ကုန်ကျစရိတ်များ၏ အားကောင်းသည့်ဖိအားပေးမှုကိုဒေသတဝှမ်းမှာ တွေ့မြင်နိုင်ပါသည်။ သွင်းကုန်ဈေးနှုန်းများ၏ ဖောင်းကြွမုှုမှာ ဇွန်လမှ ပိုအရှိန်ရလာခဲ့ပြီး ခြုံပြောရလျှင်တဟုန်ထိုး ထိုးတက်သွားခဲ့ပါသည်။
စစ်တမ်းထဲ အကျုံးဝင်ကြသည့်ခုနစ်နိုင်ငံစလုံးတို့သည်တတိယ သုံးလပတ်အစပိုင်းတွင်ကုန်ကျစရိတ်များ၏ ဝန်ထုပ်ဝန်ပိုးများ ပိုကြီးမားလာကြောင်း အစီရင်ခံခဲ့ကြရာ မြန်မာနိုင်ငံထဲတွင်မူ ပစ္စည်းဖြန့်ဖြူးကြသူတို့ထံတွင်ပစ္စည်းများ နည်းပါးနေလျက်ငွေလဲနှုန်း အခြေအနေ မကောင်းသည့်အကြားမှာကိုအထင်ရှားဆုံး မြင့်တက်လာခဲ့ကြောင်း အစီရင်ခံထားပါသည်။
သို့ဖြစ်၍ ကုမ္ပဏီများသည် သူတို့၏ ရောင်းဈေးများကိုရှေ့ဆက်မြှင့်တင်ခဲ့ကြရသည်။ ဖိလစ်ပိုင်ကမူ ရောင်းဈေးများ၏ ဖောင်းပွမှုမှာ အမြန်ဆုံး ဖြစ်ခဲ့ကြောင်း မှတ်တမ်း တင်ခဲ့သည်။ နောက်လာမည့်နှစ်တွင်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ၏ ယုံကြည်မှုမှာ ဇူလိုင်လတွင်ထပ်ပြီး ကျဆင်းလာခဲ့ပြန်သည်။ အနာဂတ်ကုန်ထုတ်လုပ်မှု အညွှန်းကိန်းမှာ အပေါင်းလက္ခဏာ နယ်ပယ်ထဲတွင်ရှိနေသေသော်လည်း စစ်တမ်း၏ အနိမ့်ဆုံးသို့ကျဆင်းသွားသည်။
သုံးသပ်ချက်
*********
အာဆီယံထုတ်လုပ်ရေး PMI စစ်တမ်း ဒေတာကိုသုံးသပ်ရာတွင်၊ IHS Markit မှအဓိက စီးပွားရေးပညာရှင် Bernard Aw မှသုံးသပ် ပြောကြားခဲ့သည်မှာ- နောက်ဆုံးရ နစ်ကေး (Nikkei) PMI စစ်တမ်းမှဇူလိုင်လတွင်အာဆီယံ ကုန်ထုတ်လုပ်ရေး ကဏ္ဍရှိတိုးတက်မုှုအရှိန်ကျဆင်းလာမှုကို အချက်ပြနေသည်။
ထို့အပြင်ရေရှည်ထုတ်လုပ်မှုဆိုင်ရာ ယုံကြည်မှုမှာ ဆက်ပြီး ဆုတ်ယုတ်လာခဲ့ပြီး ယခုနှစ်၏ ဒုတိယ နှစ်ဝက်ပိုင်းသို့ ဝင်လာသည့်နှင့်အမျှ ဒေသတဝှမ်းရှိစိုးရိမ်စရာ ကားချပ်ပုံကိုဖေါ်ပေးသလို ရှိနေပါသည်။
“အဓိကအကျဆုံး အညွှန်းကိန်းသည်မတ်လမှစ၍ အနိမ့်ဆုံးနေရာသို့ ဆင်းသွားခဲ့ပြီး အာဆီယံတဝှမ်းက ကုန်ထုတ်လုပ်ရေး အခြေအနေများမှာ အနည်းငယ်မျှသာ တိုးတက်မှုသဘောဖြစ်နေကာ လက်ရှိဦးမော့မှုမှာ အထွပ်အထိပ်သို့ရောက်ရှိကောင်းရှောက်ရှိနိုင်ကြောင်းကို ညွှန်ပြနေပါသည်။ စစ်တမ်းဒေတာမှထုတ်လုပ်မှုနှင့်အော်ဒါ အသစ်များ နှစ်ရပ်စလုံးထဲတွင်တိုးတက်မှုသိသာစွာ နှေးလာနေခြင်းကို ညွှန်ပြနေသည်။ ပြည်ပသို့ရောင်းချမှုများ ပြန်ဦးမော့လာခဲ့မှုသည်ပင် အနည်းအကျဉ်းမျှသာ ဖြစ်ခဲ့ပါသည်။ “
သွင်းကုန်များ ရှားပါးနေကြောင်း အစီရင်ခံမှုများ ရှိခဲ့ပြီး ထုတ်လုပ်မှု အပေါ်သို့ဝန်ပိနေသော်လည်း ကမ္ဘာ့ကုန်သွယ်ရေး စစ်ကြီး ဖြစ်လာနိုင်မည့်စိုးရိမ်စိတ်များ ကြီးထွားလာနေခြင်းသည်ပါ အာဆီယံ ကုန်ချောများ အပေါ် သက်ရောက်မုှုရှိလာနိုင်မည်ဖြစ်ရာ အပြန်အလှန်အားဖြင့်ထိုအချက်က ထုတ်လုပ်မှုကိုပါ ထိခိုက်မှာပါ။
အော်ဒါသစ်များ တိုးပြီး ရလာမှုသည်ယခုဆိုလျှင် လေးလဆက်တိုက်အတွက်ထုတ်လုပ်မှုကိုထင်သလောက် မဖြစ်လာနိုင်ခဲ့သဖြင့်လာမည့်လများအတွင်းမှာ ထုတ်လုပ်မှု နှေးကျလာမှာကိုမြင်တွေ့ရဖွယ်ရာ ရှိနေကြောင်း အရိပ်အမြွက် ဖြစ်နိုင်ပါသည်။
“တချိန်တည်းမှာပင်အာဆီယံစက်ရုံများမှာ ရေနံဈေးများမြင့်တက်လာမှုကြောင့်ကုန်ကျစရိတ်များ တိုးလာမှုကို ဆက်ပြီးခံစားနေကြရသည်။ ရောင်းဈေးများကိုပါ မြှင့်တင်ပေးခဲ့ရသော်လည်း မြှင့်တောင်းထားသည့်နှုန်းထားမှာ ကုန်ကျစရိတ်များထက်နည်းနေခဲ့သဖြင့်အမြတ်အစွန်း ရရှိနိုင်သည့် အလားအလာကိုနည်းပါးလာစေကြောင်း ပြသနေသည်။”