နစ်ကေး (Nikkei) မြန်မာ စက်မှုကုန်ထုတ်လုပ်ငန်း ဇူလိုင်လ PMI™


02 August, 2018

နစ်ကေး (Nikkei) မြန်မာ စက်မှုကုန်ထုတ်လုပ်ငန်း PMI ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ရာ၌ ကုန်ထုတ်လုပ်ငန်းအခြေအနေများ အသင့်အတင့် ဆုတ်ယုတ်လာနေကြောင်း ညွှန်ပြထားသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလနောက်ပိုင်းတွင် ကုန်ထုတ်လုပ်ငန်းများ၏ စီးပွားရေးအခြေအနေများ ဆုတ်ယုတ်ခြင်းကို ဇူလိုင်လတွင် ပထမဆုံးစကြုံလာခြင်း ဖြစ်သည်။

Nikkei Myanmar Manufacturing Purchasing Managers’ Index( PMI) အညွှန်းကိန်းသည် ဇွန်လတွင် 50.0 ရှိခဲ့ပြီး ဇူလိုင်လတွင် 47.9 သို့ ကျဆင်းသွားသည်။ ထိုအချက်က ကုန်ထုတ်လုပ်ငန်းကဏ္ဍတစ်ရပ်လုံးအနေဖြင့် အသင့်အတင့် ဆုတ်ယုတ်လာနေခြင်း ဖြစ်သည်ကို ပြသသည်။ 50 အထက်ဆိုပါက ကြီးထွားတိုးချဲ့ခြင်းကို ပြသပြီး 50 အောက်သည် ကျုံ့ဝင်သွားခြင်းကို ပြသသည်။

ထွက်ရှိမှုများနှင့် အမှာစာအသစ်များ လျော့ကျသွားသည်။ လုပ်ငန်းများအနေဖြင့် လုပ်သားအင်အားစု အရေအတွက်ကို လျှော့ချဖို့ ဖြစ်လာသည်မှာ ပြီးခဲ့သည့် အောက်တိုဘာလကတည်းက ဖြစ်သည်။ ကုန်ကြမ်း ရှားပါးပြတ်လပ်ခြင်းများက သွင်းအားစုအတွက ်ကုန်ကျစရိတ် ပိုတက်သွားခြင်းကလည်း ကဏ္ဍတစ်ရပ်လုံးအနေဖြင့် ဆုတ်ယုတ်ခြင်းကို ဖြစ်ပေါ်စေသည်။

နစ်ကေး (Nikkei) မြန်မာ စက်မှုကုန်ထုတ်လုပ်ငန်း PMI™ သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။

ဇူလိုင်လ PMI မှ ၂၀၁၇ စက်တင်ဘာလ ကတည်းက လုပ်ငန်း အခြေအနေများ

ဆုတ်ယုတ်လာနေကြောင်း ပထမအကြိမ် အချက်ပြလိုက်ခြင်း

အဓိကအချက်များ

***********

● PMI မှကုန်ထုတ်လုပ်ရေး လုပ်ငန်း အခြေအနေများ အသင့်အတင့်

ဆုတ်ယုတ်လာနေကြောင်း ညွှန်ပြနေခြင်း

● ထုတ်ကုန်ပမာဏများမှာ ဆယ်လအတွင်း ပထမအကြိမ်

ကျဆင်းလာခြင်း

● သွင်းကုန်စရိတ်များမှာ ၂၀၁၇ ဇန်နဝါရီမှစပြီး အမြန်ဆုံး အရှိန်ဖြင့်

မြင့်တက်လာခြင်း

(ဒေတာကို ဇူလိုင်၁၂ - ၂၃ ရက်အတွင်း စုစည်းခဲ့သည်)

မြန်မာနိုင်ငံတွင်း ကုန်ထုတ်လုပ်ရေးကဏ္ဍတဝှမ်းရှိအခြေအနေများ အသင့်အတင့်ဆုတ်ယုတ်လာကြောင်း ဇူလိုင်လ စစ်တမ်းဒေတာမှ ညွှန်ပြခဲ့ပါသည်။ ၂၀၁၇ ခုနှစ်စက်တင်ဘာလမှစပြီး ပထမဦးဆုံးလအဖြစ် ယခင်ကျဆင်းမှုနှင့်အတူထုတ်ကုန်နှင့်အော်ဒါသစ်များကျဆင်းမှုများကြောင့်အဓိက PMI ကိန်း ကျဆင်းလာစေခဲ့ပါသည်။

သို့ဖြစ်၍ ကုမ္ပဏီများသည်လွန်ခဲ့သည့်အောက်တိုဘာလကတည်းကစ၍ ဝန်ထမ်းအင်အား ပထမအကြိမ် ကျဆင်းလာမှုကိုမြင်တွေ့ခဲ့ကြရပြီး လက်ကျန်အလုပ်စာရင်းများသည် ဆက်လက်ပြီး သိသိသာသာ ကျဆင်းလာခဲ့ကြသည်။

ယင်းအတောအတွင်း ကုန်ကြမ်းပစ္စည်းများ ရှားပါးလာခြင်းကြောင့်သွင်းကုန်ကုန်ကျစရိတ်များကိုရှေ့ဆက်ပြီး မြှင့်မားစေခဲ့ပါသည်။

ဝယ်လိုအား အခြေအနေများ အားနည်းနေခဲ့သော်လည်း ထုတ်ကုန်များအတွက် တောင်းခံသည့် ဈေးနှုန်းများ ပိုမိုဖောင်းပွလာခဲ့ခြင်းဖြင့်ကုမ္ပဏီများသည်

မြင့်တက်လာသည့် ကုန်ကျစရိတ်အချို့ကို ဝယ်ယူသူများအပေါ် (ဈေးတင်ရောင်းချခြင်းဖြင့်) လွှဲချပေးနိုင်ခဲ့ကြသည်။

နစ်ကေး (Nikkei) မြန်မာနိုင်ငံစက်မှုထုတ်လုပ်မှုဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း Purchasing Managers’ Index™ (PMITM) - ထုတ်လုပ်ရေး စွမ်းပကားများကိုပြသပေးသည့် ပေါင်းစပ်ထားသော တစ်ခုတည်းသော အညွှန်းကိန်းမှာ ဇွန်လတွင် ၅၀.၀ ရှိရာမှ ဇူလိုင်လတွင် ၄၇.၉ သို့ ကျဆင်းသွားပြီး မြန်မာနိုင်ငံတဝှမ်းရှိ ထုတ်လုပ်ရေးကဏ္ဍ၏ ထုတ်လုပ်မှုတစ်ရပ်လုံး အသင့်အတင့်ကျဆင်းမှုကိုအချက်ပြနေပါသည်။

ထုတ်လုပ်မှုအခြေအနေများ ဆုတ်ယုတ်လာမှုမှာ ၂၀၁၆ ခုနှစ်သြဂုတ်လမှစပြီး အပြင်းထန်ဆုံး ဖြစ်ခဲ့သလို စစ်တမ်းသမိုင်းတလျှောက်တွင်ဒုတိယ အမြန်ဆုံးလည်း

ဖြစ်ပါသည်။

ကုန်စည်ထုတ်လုပ်ရေး လုပ်ငန်းများ ရရှိခဲ့ကြသည့် လုပ်ငန်းအော်ဒါသစ်များမှာ ဇူလိုင်လတွင်ကျဆင်းခဲ့ပါသည်။

အော်ဒါအသစ်များမှာ ဒုတိယလအထိဆက်တိုက်ကျဆင်းလာခဲ့ပြီး ကျဆင်းမှုနှုန်းမှာမူ နှစ်နှစ်အတွင်း အမြန်ဆုံးသို့ အရှိန်မြင့်တက်သွားခဲ့ပါသည်။

ထောက်ပြခဲ့ကြသူအများစုတို့က စားသုံးသူတို့၏ ဝယ်နိုင်စွမ်း အားပျော့လာခြင်းမှာ ဖောက်သည်များဖက်မှ ဝယ်လိုအားကို လျှော့ချပစ်ခဲ့သည်ဟုယူဆပါသည်။

အခြားသော ကုမ္ပဏီများကမူ ကုန်ကြမ်း ပစ္စည်းများ ရှားပါးမှုကြောင့် အချို့ကိစ္စများတွင် အော်ဒါသစ်များကို ငြင်းပယ်ခဲ့ရကြောင်း ထောက်ပြခဲ့ကြသည်။

ဖောက်သည်များဖက်မှ ဝယ်လိုအား အထင်အရှား ကျဆင်းလာခဲ့ခြင်းနှင့် တပြေးညီ ဇူလိုင်လတွင် ထုတ်လုပ်ရေး ပမာဏများမှာ ဆယ်လအတွင်း ပထမအကြိမ် ကျဆင်းလာခဲ့သည်။

ကျဆင်းမှုမှာ အနည်းအကျဉ်းမျှသာ ရှိခဲ့သော်လည်း ၎င်းမှာ ၂၀၁၆ ခုနှစ်စက်တင်ဘာလမှစပြီး အမြန်ဆုံး ဖြစ်ခဲ့သည်။

ထုတ်လုပ်မှု ကျဆင်းလာခဲ့သည်ဟု အစီရင်ခံခဲ့ကြရာတွင် ပါဝင်ဖြေကြားခဲ့ကြ သူတို့က အော်ဒါ ပမာဏများ ကျဆင်းလာမှုနှင့် ဆက်စပ်နေကြောင်း ထောက်ပြခဲ့ကြသည်။

ဈေးနှုန်းများကို လေ့လာကြည့်လျှင် ဇူလိုင်လတွင် သွင်းကုန် ကုန်ကျစရိတ်များမှာ သိသာသည့်အရှိန်ဖြင့် တက်လာခဲ့ကြသည်။

ထိုသို့ ကုန်ကျစရိတ်များ တိုးလာခြင်းမှာ ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်မားလာခြင်း၊ သွင်းကုန်များ ပြတ်တောက်လာရခြင်းနှင့်ငွေလဲလှယ်မှုနှုန်း အခြေအနေ မကောင်းခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ထောက်ပြခဲ့ကြသူအများစုတို့က ဆိုကြပါသည်။

ထို့အပြင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇ ခုနှစ်ဇန်နဝါရီလမှစ၍ အမြန်ဆုံးဖြစ်လာသည်။

ကုန်ကြမ်းပစ္စည်းများ ရှားပါးခြင်းနှင့်ကုန်စည်ထုတ်လုပ်မှုဆိုင်ရာ မှာကြားဝယ်ယူမှုများ ကျဆင်းလာခြင်းတို့သည်လည်း သွင်းကုန်များဝယ်ယူရာတွင် ဒုတိယမြောက်လအဖြစ်ကျဆင်းလာမှုနှင့် ဆက်စပ်နေပါသည်။

ဝယ်လိုအား အခြေအနေများ အားပျော့လာခဲ့ကြောင်း အစီရင်ခံမှုများ ရှိခဲ့သော်လည်း ပျမ်းမျှတောင်းခံဈေးများမှာ ဇူလိုင်လတွင်ပိုမိုလျင်မြန်စွာ မြင့်တက်လာခဲ့ကြသည်။ ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ ကြီးထွားလာခြင်းကိုဈေးမြှင့်တင်ရောင်းခြင်းဖြင့် ဈေးဝယ်များထံသို့တစ်စိတ်တစ်ဒေသအဖြစ်လွှဲဖို့ချနိုင်ခဲ့သည်။

လက်ကျန်အလုပ်များမှာ ဇူလိုင်လတွင်ရှေ့ဆက်ကျဆင်းလာခဲ့ကြပြီး ကျဆင်းမှုနှုန်း ပိုပြီး အရှိန်ရလာခဲ့သည်။ ထုတ်လုပ်မှုရော အော်ဒါသစ်များပါ ကျဆင်းလာခြင်းက အလုပ်ခန့်အပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များပြုလုပ်ရာတွင်ပိုမိုသတိထားလာစေခဲ့သည်။

အကျိုးဆက်အနေဖြင့် အလုပ်ခန့်အပ်မှု အခြေအနေများမှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှစပြီး ပထမဦးဆုံးအကြိမ်ကျဆင်းလာခဲ့သည်။

ကျွမ်းကျင်မှုမရှိသည့် အလုပ်သမားများမှာလိုအပ်သည်ထက်ပိုများနေခဲ့ကြသည်။

နောက်ဆုံးအနေနှင့် ထုတ်လုပ်သူတို့အကြား လုပ်ငန်းဆိုင်ရာ ယုံကြည်မှုသည် ဇူလိုင်လတွင် အားနည်းလာခဲ့ပြီး ယုံကြည်မှုပမာဏမှာ လွန်ခဲ့သည့် အောက်တိုဘာလမှစ၍ အနိမ့်ဆုံးအဆင့်သို့ ထိုးကျသွားခဲ့သည်။

ဝေဖန်ချက်(မှတ်ချက်)

မြန်မာစက်မှုကုန်ထုတ်လုပ်မှု PMI အညွှန်း၏ စစ်တမ်း ဒေတာကိုသုံးသပ်၍ စစ်တမ်းကိုပြုစုပေးသည့်IHS Markit မှ စီးပွားရေးပညာရှင် Sian Jones က ထောက်ပြသွားသည်မှာ-

“ဇွန်လတွင် မပြောင်းလဲခဲ့သည့်လုပ်ငန်း လည်ပတ်မှု အခြေအနေများအရ ဇူလိုင်လ စစ်တမ်း ဒေတာမှ၂၀၁၇ စက်တင်ဘာလမှစ၍ မြန်မာနိုင်ငံတွင်းရှိ ကုန်ထုတ်လုပ်သူတို့အကြား ကုန်ထုတ်လုပ်ရေး အခြေအနေများ ပထမအကြိမ် ဆုတ်ယုတ်လာမှုကိုအချက်ပြခဲ့ပါသည်။

ဖောက်သည်များဖက်မှ ဝယ်လိုအား အားပျော့မှုသည်လုပ်ငန်းသစ်များ နှစ်လဆက်တိုက် ကျဆင်းလာမှုနှင့်အတူ ထုတ်လုပ်မှုကျဆင်းလာမှု၊အလုပ်ခန့်အပ်မှုတွင်ထင်ဟပ်နေခဲ့ပါသည်။

ထုတ်လုပ်သူတို့က ကုန်ကြမ်း ပစ္စည်းများ ရှေ့ဆက်ရှားပါးလာနေကြောင်းနှင့် ငွေလဲနှုန်း မကောင်းကြောင်းကို ထောက်ပြနေကြသည့်အချိန်မှာပင် သွင်းကုန်များ၏ ဈေးနှုန်းများသည် ၂၀၁၇ ဇန်နဝါရီလမှစ၍ အမြန်ဆုံး နှုန်းဖြင့် မြင့်တက်လာခဲ့သည်။

ဝယ်လိုအား အခြေအနေ ကျဆင်းနေသော်လည်း ထုတ်ကုန်ရောင်းဈေးများ အလွန်အကျွံ မြင့်တက်နေပါသည်။

PMI ဆိုသည်မှာ

**********

PMI™ စစ်တမ်းများမှာ ယခု အခါနိုင်ငံ ၄၀ ကျော်တွင်ရှိပြီး ဖြစ်ပါသည်။

၎င်းပြင် ယူရိုဇုန်အပါအဝင် အဓိကဒေသကြီးများ အတွက်လည်း ရှိပါသည်။ ဤစစ်တမ်းများမှာ ကမ္ဘာတွင်အနီးကပ်စောင့်ကြည့်ခံရဆုံးသော စီးပွားရေးလုပ်ငန်း စစ်တမ်းများ ဖြစ်သကဲ့သို့ အချိန်နှင့် တစ်ပြေးညီ တိကျပြီး လစဉ်တစ်မူထူးခြားသည့် စီးပွားရေးအလားအလာ ညွှန်ကိန်းများသည် တိကျပြီး နောက်ဆုံးပေါ် အချက်အလက်များ ဖော်ပြပေးသည့် အရည်အသွေးကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များ၊ စီးပွားရေး ဆုံးဖြတ်ချက်ချသူများက လိုလားနှစ်ခြိုက် ကြပါသည်။

Industry Reviews Read 553 times