Nippon Paper နှင့် Stora Enso တို့က သစ်ပင်ဖြင့် ဘက်ထရီ ထုတ်မည်


16 December, 2021


ဂျပန်နိုင်ငံမှ Nippon Paper နှင့် ဖင်လန် မှ Stora Enso တို့သည် ဘက်ထရီကို  ထုတ်လုပ်ရန်အတွက် သစ်ပင်များကို ကုန်ကြမ်းအဖြစ် အသုံးပြုရန် နည်းလမ်းနှင့် နည်းပညာကို တီထွင်ထားကြသည်။
ယခုအခါ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသော လစ်သီယမ်-အိုင်းယွန်းနှင့် ရှားပါးသတ္တု အသုံးပြုထားသည့် ဘက်ထရီများကို အစားထိုးရန်အတွက် သုတေသနပြုမှုများကို ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်လျက်ရှိသည်။  စက်မှုလုပ်ငန်းကဏ္ဍသည် ၂၀၄၀ ခုနှစ်တွင်  ပိုမိုဘေးကင်းပြီး သစ်ပင်ကို သုံးစွဲထုတ်လုပ်ထားသည့် ဘက်ထရီများကို သုံးစွဲကြလိမ့်မည်ဟု မျှော်လင့်ရပေသည်။


Nippon Paper က သစ်သားပျော့ဖတ်ကို ဘက်ထရီအဖြစ် အသုံးပြုပြီး လျှပ်စစ်မီးသီးကို စက္ကန့်အတန်ကြာအောင် မီးထွန်းပြခဲ့သည်။ သစ်သားကို နုညက်နေသော ပျော့ဖတ်ကို အသုံးပြုထားသည်။ ၂၀၂၃ တွင် ဒရုံးများတွင် သုံးစွဲနိုင်သော ဘက်ထရီကို ထုတ်လုပ်မည်။ ၂၀၃၀ တွင် စမတ်ဖုန်းများအတွက် ဘက်ထရီကို ထုတ်လုပ်မည်။  ထို့နောက် မော်တော်ယာဉ်သုံး ဘက်ထရီများ ထုတ်လုပ်မည် ဖြစ်သည်။ 

ဖင်လန်မှ Stora Enso က သစ်ပင်ကို ကုန်ကြမ်းအဖြစ် အသုံးပြုထားသော ဘက်ထရီတစ်မျိုးကို မူပိုင်ခွင့် မှတ်ပုံတင်ထားသည်။ ၂၀၂၇ တွင် မော်တော်ယာဉ်သုံး ဘက်ထရီများ ထုတ်လုပ်ရန် ရည်မှန်းချက် ထားရှိသည်။

 

 

Global News Read 297 times