ကမ္ဘာ့ထိပ်တန်း သံမဏိထုတ်လုပ်ရေးလုပ်ငန်း နီပွန်စတီးကုမ္ပဏီက အမေရိကန်ရှိစက်ရုံနှစ်ခုကို ရောင်းချရန်စဉ်းစားနေ


15 October, 2020

ဂျပန်နိုင်ငံ၏ ထိပ်တန်းသံမဏိထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် နီပွန်စတီးကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စုရှိ ၎င်းတို့၏ ကုမ္ပဏီနှစ်ခုကို ရောင်းချသွားရန် စဉ်းစားနေသည်ဟု သိရသည်။

ကိုဗစ် -၁၉ကြောင့်စီးပွားရေးသက်ရောက်မှုများကိုဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းသည့် လှုပ်ရှားမှုတစ်ရပ်လည်း ဖြစ်သည်။ စက်ရုံနှစ်ခုစလုံးမှာ အင်ဒီယားနားပြည်နယ်တွင်ရှိပြီး Arcelor Mittal ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်သည့် လုပ်ငန်းဖြစ်ပြီး ကမ္ဘာထိပ်တန်းသံမဏိထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည်ဟု အဆိုပါ ကုမ္ပဏီနှင့်ရင်းနှီးသည့် သတင်းအရင်း အမြစ်များက ပြောသည်။

 

အဆိုပါစက်ရုံများသည် အမေရိကန်ရှိ ဂျပန်စက်ရုံများအတွက် ထုတ်လုပ်ပေးနေသည့်ကုမ္ပဏီဖြစ်သော်လည်း အဆောက်အအုံများမှာ ခေတ်မမီတော့ဘဲ အကျိုးအမြတ်ရရှိမှုမှာလည်း ကျဆင်းနေသည်ဟု သိရသည်။ နီပွန်စတီးကုမ္ပဏီ သည် စက်တင်ဘာလအထိ ခြောက်လတာအတွင်း ဒေါ်လာ ၁ ဒသမ ၉ဘီလီယံ ဆုံးရှုံးနစ်နာနိုင်သည်ဟု ခန့်မှန်းထား သည်။

 

ကိုဗစ် -၁၉ ကြောင့် မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ ဝယ်လိုအားကျဆင်းလာသည့်အတွက် ယခုလို ဆုံးရှုံးမှု များဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။ အမေရိကန်နှင့်တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးအားပြိုင်မှုမှာ လည်း နောက်ထပ်အချက်တစ်ချက်ပင် ဖြစ်သည်။

 

နီပွန်စတီးကုမ္ပဏီသည် ဂျပန်နိုင်ငံအနောက်ပိုင်းရှိ ကူရီစက်ရုံကို ပိတ်ပစ်ရန် ကြေညာထားခဲ့ပြီးဖြစ်သည်။

 

Myanmar Alinn

Global News Read 568 times