အခြေခံဈေးထက် မြင့်တက် နေတာကြောင့် ရက် ၉၀ ဆန် ရောင်းချသူမရှိသေး


09 April, 2019

ပြီးခဲ့တဲ့လပိုင်းက အကျဘက်ကို ရောက်ရှိကာ ဝယ်လက်ပျောက်နေခဲ့တဲ့ ရက် ၉၀ ဆန်များကို အခြေခံစေးျနှုန်း သတ်မှတ်ကာ ဧပြီ ၈ ရက်မှာ စတင် ဈေးဖွင့်ဝယ်ယူနေပေမယ့်လည်း ဈေးကွက်အတွင်းပေါက်ဈေးမှာမြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းအနေနဲ့ စပါးဈေးနှုန်းများ အခြေခံဈေးနှုန်းအောက်မကျဆင်းဖို့နဲ့ ဝယ်လက်ပြန်လည်ရရှိဖို့ ပြီးခဲ့တဲ့တစ်ပတ်က အသင်းသားများအား အစည်းအဝေးခေါ်ယူဆုံးဖြတ်ခဲ့ပြီးနောက် ရန်ပုံငွေတစ်ခုထူထောင်ကာ ရက် ၉၀ ဆန်တစ်အိတ်ကို ငွေကျပ် ၁၉၅၀၀ ဖြင့် အခြေခံဈေးသတ်မှတ်ပြီး စတင်ဝယ်ယူဖို့ သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ အစည်းအဝေးက သတ်မှတ်ပြီး နောက်ပိုင်း ရက် ၉၀ ဆန်အဝင်နည်းသွားတယ်။ ဈေးနှုန်းသတ်မှတ်ပြီးတဲ့နေ့ကစပြီး ဈေးတက်လာတဲ့အတွက် ဝယ်ယူဖို့ လောလောဆယ်တော့မရှိသေးဘူူး။ သင်္ကြန်ပြီးလောက်မှပဲ အရှိန်ရမယ်။ ဒီနေ့မှာ ဈေးစဖွင့်ထားပေမယ့် လာရောက်ရောင်းချတာမရှိသေးဘူး လို့ ဦးဇော်ခိုင်က ပြောပါတယ်။ ဒါ့ပြင် လတ်တလောမှာ ၂၅ မှတ်ဆန်များ အရောင်းအဝယ်ဖြစ်နေတဲ့အပြင် ရက် ၉၀ ဆန်ရှယ်စ အဝင်နည်းနေခြင်းကြောင့် ရက် ၉၀ ဆန်တစ်အိတ်ကို ငွေကျပ် ၂၀၅၀၀ မှ ၂၁၀၀၀ အထိ ဈေးနှုန်းမြင့်တက်နေပါတယ်။

အသင်းမှ သတ်မှတ်ထားတဲ့ အခြေခံဈေးနဲ့ ဝယ်ယူရာမှာ နွေစပါးကုန်ဆုံးချိန်ဖြစ်တဲ့ ဇွန်လအထိ ဝယ်ယူဖို့စီစဉ်ထားခြင်းဖြစ်ကာ ဒီလိုဝယ်ယူခြင်းဖြင့် စပါးဈေး တင်း ၁၀၀ ကို ငွေကျပ် ၅၂၀၀၀၀ ဝန်းကျင်အထိ ဖြစ်လာနိုင်တဲ့အတွက် စပါးအခြေခံဈေးအောက် ကျမသွားဖို့ ထိန်းညှိထားနိုင်မှာဖြစ်ပါတယ်။

အခုနှစ် နွေစပါးပေါ်ချိန်မှာ ရက် ၉၀ စပါးအထွက်နှုန်းကောင်းမွန်တာကြောင့် ဝယ်လိုအားနည်းပါးချိန်မှာ ဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းနေခြင်းဖြစ်ပါတယ်။ လတ်တလောမှာ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှ ရက် ၉၀ စပါးများထွက်ရှိနေပါတယ်။ ယခုအခါ သီးထပ်စပါးဈေး တင်း ၁၀၀ ကို ငွေကျပ် ငါးသိန်းနဲ့ ရက် ၉၀ စပါးတင်း ၁၀၀ ကို ငွေကျပ် ၅၂၀၀၀၀ ဈေးနှုန်းရှိနေပါတယ်။

Myawaddy

Local News Read 2154 times