နုန်းယော့ပ်ဘဏ် ရန်ကုန်ရုံးခန်း ဖွင့်လှစ်


02 November, 2020

တောင်ကိုရီးယားနိုင်ငံမှ NH NongHyup ဘဏ်လုပ်ငန်းသည် ၎င်း၏ မြန်မာပြည် လုပ်ငန်းခွဲ ဖြစ်သော နုန်းယော့ပ် ဖိုင်းနန့် မြန်မာ (NongHyup Finance Myanmar) ကုမ္ပဏီ လီမိတက်အတွက် ယင်း၏ ပထမဆုံး ဘဏ်ခွဲကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၆ ရက်တွင် ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ပါသည်။

NH NongHyup သည် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်ကတည်းက အသေးစားချေးငွေလုပ်ငန်းဆောင်ရွက်နေပြီး ဘဏ်ခွဲဖွင့်လှစ်ရန် မြန်မာနိုင်ငံဗဟိုဘဏ်သို့ လျှောက်လွှာတင်ခဲ့ရာ ၁၀ လအကြာ ဇူလိုင်လတွင် ခွင့်ပြုချက်ရရှိခြင်းဖြစ်သည်။

ဘဏ်ခွဲကို စီမံရန် အကြီးအကဲအဖြစ် ဒေါ်မြင့်မြင့်သူကို ခန့်အပ်ထားသည်။ ဘဏ်လုပ်ငန်းက ကျင့်သုံးသော localization strategy အရ ဒေသခံကို ရွေးချယ်ခန့်အပ်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကိုအားထားတဲ့နိုင်ငံဖြစ်တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်း ငွေကြေးစိုက်ထုတ်မှု ကျွမ်းကျင်တဲ့ NH NongHyup ကဒီဈေးကွက်မှာ ကြိုးစားသွားမယ်” ဟု NH NongHyup Bank ၏ အမှုဆောင်အရာရှိချုပ် Son Byung-hwan ကပြောသည်။

ယခင်က Shinhan ဘဏ်သည် ၂၀၁၆ ခုနှစ်က လိုင်စင်ရပြီး မြန်မာနိုင်ငံတွင် ဘဏ်ခွဲရှိသည့် တခုတည်းသော တောင်ကိုရီးယား ဘဏ်ဖြစ်ခဲ့ပါသည်။

သို့သော် KB Kookmin နှင့် နိုင်ငံပိုင်ဘဏ်များဖြစ်သော Industrial Bank of Korea နှင့် Korea Development Bank တို့သည် မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်ရန် ကနဦးခွင့်ပြုချက်များကို ယခုနှစ်အစောပိုင်းကရရှိထားပြီးဖြစ်သည်။
မြန်မာဈေးကွက်သို့ နောက်ထပ် ကိုရီးယားဘဏ်များ ၀င်ရောက်ရန်လည်းရှိနေသည်။

theinvestor.co.kr

Banking & Loan Read 435 times