မြောက်အာရှ စက်မှုလုပ်ငန်းကဏ္ဍ ပြန်လည်မြှင့်တင်ရန် ကျောက်မီးသွေး တင်သွင်းမှု မြင့်မား


07 February, 2023

မြောက်အာရှ စက်မှုလုပ်ငန်းကဏ္ဍ ပြန်လည်မြှင့်တင်ရန် ကျောက်မီးသွေး တင်သွင်းမှု မြင့်မား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကျောက်မီးသွေး တင်သွင်းမှုကမ္ဘာ့အများဆုံး ၃ နိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားသို့ အပူအတွက် ကျောက်မီးသွေး တင်သွင်းမှုသည် ဒီဇင်ဘာတွင် ၁၆ လအတွင်း အမြင့်ဆုံး ပမာဏသို့ ရောက်ရှိလာခဲ့သည်။ မြောက်အာရှ နိုင်ငံများဖြစ်သည့် ၎င်း ၃ နိုင်တို့သည် ၂၀၂၃ ခုနှစ်တွင် ၎င်းတို့၏ စီးပွားရေးကို တိုးမြှင့်လာစေရန် အသင့်ပြင်နေကြသဖြင့် အပူရဖို့အတွက် သုံးစွဲသည့် ကျောက်မီးသွေး တင်သွင်းမှု မြင့်တက်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်တွင် အပူကျောက်မီးသွေး ကမ္ဘာ့တင်သွင်းမှုအားလုံး၏ ထက်ဝက်နီးပါးကို ၎င်း ၃ နိုင်ငံတို့က တင်သွင်းခဲ့ကြသည်။

တရုတ်နိုင်ငံ၏ တင်းကျပ်သော ကိုဗစ် သုည အစီအမံများသည် ကမ္ဘာ့အကြီးဆုံးကုန်ထုတ်လုပ်မှုအခြေစိုက်ရာ တရုတ်နိုင်ငံတစ်ဝှမ်းရှိ စက်မှုလုပ်ငန်းများကို ပိတ်ဆို့ထားသောကြောင့် ၂၀၂၂ ခုနှစ်တွင်  အပူကျောက်မီးသွေး တင်သွင်းမှု လျော့ကျခဲ့သည်။


 


ဂျပန်နှင့် တောင်ကိုရီးယားတို့သည် တရုတ်နိုင်ငံနှင့် ကျယ်ပြန့်သော ထောက်ပံ့ရေးကွင်းဆက်များ အချိတ်အဆက် ရှိသဖြင့် တရုတ်ကိုဗစ်မူဝါဒသည် ၎င်း ၂ နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍအပေါ် သက်ရောက်မှု ရှိနေသည်။ သို့ဖြစ်ရာ ၎င်း ၂ နိုင်ငံတွင်လည်း ထုတ်လုပ်မှု လျော့ကျခဲ့သည်။

ယခု တရုတ်အစိုးရက ကိုဗစ်သုည မူဝါဒကို စွန့်လွှတ်လိုက်ပြီဖြစ်ရာ မြောက်အာရှ ၃ နိုင်ငံတို့သည် ၂၀၂၃ တွင် ထုတ်လုပ်မှုကဏ္ဍ အရှိန်အဟုန် တင်ရန် အသင့်ပြင်ဆင်နေကြသည်။


ဘိလပ်မြေနှင့် ကြွေထည်များမှအစ သန့်စင်ပြီး သတ္တုများ၊ ဓာတုပစ္စည်းများ အလယ် အကြီးစား စက်ယန္တရားများနှင့် ဓာတ်မြေဩဇာများ အဆုံး ထုတ်လုပ်သည့် စက်ရုံများအတွက်လည်းကောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက်လည်းကောင်း သုံးစွဲသည့်  အပူကျောက်မီးသွေး တင်သွင်းမှုကို အရှိန်တင်ကြသည်။

၎င်း ၃ နိုင်ငံ စုစုပေါင်း တင်သွင်းသည့် အပူကျောက်မီးသွေး ပမာဏသည် ၂၀၂၂ ဒီဇင်ဘာလတွင် တန်ချိန် ၄၃ သန်း ရှိသည်။
တစ်လတာ တင်သွင်းသည့် ပမာဏသည် ၂၀၂၁ ဩဂုတ်လနောက်ပိုင်း အများဆုံး ဖြစ်သည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 399 times