တူရကီရေပိုက်နက် ရေနံတင်သင်္ဘောများ  ခုတ်မောင်းရန် အာမခံကုမ္ပဏီများနှင့် တူရကီတို့ သဘောတူညီချက် ရရှိ


15 December, 2022

တူရကီရေပိုက်နက် ရေနံတင်သင်္ဘောများ  ခုတ်မောင်းရန် အာမခံကုမ္ပဏီများနှင့် တူရကီတို့ သဘောတူညီချက် ရရှိ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


အာမခံကုမ္ပဏီများနှင့် တူရကီတို့သည် ရေနံတင်ဆောင်ထားသည့် ရေနံတင်သင်္ဘောများကို တူရကီရေပိုင်နက်တွင် အတားအဆီးမရှိ ခုတ်မောင်းဖို့ ခွင့်ပြုရန် သဘောတူညီချက် ရရှိခဲ့ကြသည်။

နော်ဝေသင်္ဘောအာမခံကုမ္ပဏီ Gard က ရေနံတင်ဆောင်ထားသော သင်္ဘောများ တူရကီ ရေပိုင်နက် ဖြတ်သန်းရာတွင်  အတားအဆီးကင်းကင်းဖြင့် သွားလာရာတွင် အဆင်ပြေချောမွေ့စေရန် အာမခံကုမ္ပဏီများနှင့်တူရကီတို့ကြား သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ၎င်း၏ ဝဘ်ဆိုက်မှာ ဖော်ပြခဲ့သည်။
တူရကီအစိုးရနှင့် International Group of P&I Clubs (သင်္ဘောအာမခံသူများအသင်း) အကြား အကြီးအကျယ် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့ကြောင်း Gard ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။


တူရကီ ရေပိုင်နက်မှာ ရေနံစိမ်း စည်ပေါင်း သန်းချီ ရပ်တန့်ထား

https://www.industrialdirectory.com.mm/article/millions-of-oil-barrels-halted.html


သင်္ဘောများကို အာမခံထားရှိပါကြောင်း အထောက်အထား ခိုင်လုံစွာ တင်ပြနိုင်မှ တူရကီ ရေပိုင်နက်ထဲမှ ရေလက်ကြားများကို အသုံးပြုခွင့်ပေးမည်ဟု  တူရကီ၏ အရေးယူဆောင်ရွက်ချက်ကြောင့်  ရေနံတင်ဆောင်သည့် သင်္ဘောများ ကျောက်ချရပ်နားထားရသည်မှာ ရက်အတန်ကြာခဲ့ပြီးနောက် ယခုသဘောတူညီချက်ကို ရရှိခဲ့ပါသည်။
Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 316 times