ရေနံဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၀၀ အောက်သို့ ရောက်ရှိခဲ့


16 March, 2022

ရေနံဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၀၀ အောက်သို့ ရောက်ရှိခဲ့

 

သုံးပတ်တာကာလအတွင်း အင်္ဂါနေ့ (မတ်လ ၁၅ ရက်)မှာ ရေနံဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၀၀ အောက်သို့ ရောက်ရှိခဲ့ပါတယ်။ ၂၀၁၅ အီရန် နျူးကလီယား သဘောတူညီချက် ဆွေးနွေးမှု ဆောလျင်နိုင်သမျှဆောလျင်စွာ ပြန်လည်စတင်ရန် လိုလားကြောင်း ရုရှားက အချက်ပြလိုက်လို့ ပိတ်ပင်ထားတဲ့ အီရန်ရေနံထုတ်လုပ်မှု ပြန်လည်တင်ပို့ဖို့ အလားအလာ ပိုကောင်းလာနေ‌တာက တစ်ကြောင်း၊ ယူကရိန်ရုရှား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတာက တစ်ကြောင်းတို့အပြင် တရုတ်ပြည်မှာ ကိုဗစ် ကူးစက်မှု ဖြစ်ပွားသဖြင့် ရှန်ဟိုင်းနှင့် ရှန်ကျန်း မြို့ကြီးများ အပါအဝင် လော့ဒေါင်းချထားလို့ ရေနံလိုအပ်ချက် လျော့ကျနိုင်ဖွယ် ရှိတာကတစ်ကြောင်းတို့ကြောင့် ရေနံစိမ်း ဈေးကျခဲ့ပါတယ်။


Brent ကြိုရောင်းကြိုဝယ်မှာ $8.90 ကျပြီး တစ်စည်လျှင် $98 ဈေးနှုန်းသို့ 1125 GMT မှာ ရောက်ရှိခဲ့ပါတယ်။  U.S. West Texas Intermediate (WTI) ရေနံစိမ်းလည်း ဈေးကျပြီး တစ်စည်လျှင် $94.04 ဖြစ်ခဲ့ပါတယ်။
မတ်လ ၁ ရက်နောက်ပိုင်း ပထမဆုံးအကြိမ် $100 အောက်သို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။


၂၀၁၅ အီရန် နျူးကလီယား သဘောတူညီချက် ဆွေးနွေးမှု ဆောလျင်နိုင်သမျှဆောလျင်စွာ ပြန်လည်စတင်ရန် လိုလားကြောင်း နှင့် ရေနံတင်ပို့ခြင်း အပါအဝင် အရေးယူပိတ်ဆို့ထားခြင်းကို အမေရိကန်က ဖယ်ရှားပေးဖို့ စောင့်မျှော်လျက်ရှိကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က အင်္ဂါနေ့မှာ ပြောကြားခဲ့ပြီးတဲ့နောက် ဈေးကျဆင်းသွားတာ ဖြစ်ပါတယ်။

 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

အီရန်ရေနံစိမ်းနှင့် အာရှဝယ်လက် ၄ နိုင်ငံ

 

Energy News Read 22807 times