ဆီစက်လုပ်ငန်းအများစုရပ်ဆိုင်း


05 February, 2021

ဆီထွက်သီးနှံကုန်ကြမ်းစျေးတက်ခြင်း၊ရောနှောဆီနှင့်စားအုန်းဆီများပြည်ပမှတရားမဝင်ဝင်ရောက်ခြင်းတို့ကြေင့်ပြည်တွင်းဆီစက်လုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်သည်အရှုံးနှင့်ရင်ဆိုင်နေရပြီးလုပ်ငန်းများရပ်ဆိုင်းလျက်ရှိကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှသိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင်ယခင်ကဆီစက်ရုံအလုံးပေါင်းသုံးထောင်ကျော်ရှိသော်လည်း ၂၀၁၇ ခုနှစ်အတွင်းလုပ်ငန်းများပိုမိုအရှုံးပေါ်လာကြသောကြောင့်လက်ရှိတွင်ဆီစက်အလုံးပေါင်း ၃၀၀ ခန့်သာလုပ်ငန်းလည်ပတ်နိုင်တော့ကြောင်းမြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှအတွင်းရေးမှူးကပြောကြားသည်။

ယင်းကဲ့သို့တရားမဝင်ဝင်ရောက်မှုများနှင့်ရောနှောဆီလုပ်ငန်းများကိုထိထိရောက်ရောက်အရေးယူရန်အတွက်စားသုံးသူအကာအကွယ်ပေးရေးဥပဒေထွက်ရှိပြီးဖြစ်သော်လည်းနည်းဥပဒေမထွက်သေးသောကြောင့် စျေးကွက်အတွင်းရှိထိန်းသိမ်းမှုနှင့်အရေးယူမှုများကိုထိရောက်စွာမဆောင်ရွက်နိုင်သေးကြောင်း ၎င်းကပြောဆိုသည်။

ပြည်တွင်းမှထုတ်လုပ်သည့်ပဲဆီအသန့်တစ်ပိဿာကိုကျပ် ၄၅၀၀ မှ ၅၀၀၀ အထိရောင်းချနေပြီး ဓာတုအနံ့ပေးထားသည့်ရောနှောဆီနှင့်စားအုန်းဆီတစ်ပိဿာလျှင်ကျပ် ၂၀၀၀ မှ ၂၅၀၀ အထိစျေးလျှော့ရောင်းချနေသောကြောင့်ပြည်တွင်းဆီလုပ်ငန်းများစျေးကွက်တွင်မယှဉ်ပြိုင်နိုင်ခြင်းဖြစ်ကြောင်း ယင်းလုပ်ငန်းရှင်များထံမှသိရသည်။

Source:thevoicemyanmar
 

Local News Read 1220 times