စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း (Specialties) များ တင်သွင်းရောစပ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းအတွက် လုပ်ငန်းလိုင်စင်များထုတ်ပေးခြင်း


28 September, 2020

ရေနံထွက်ပစ္စည်းဖြစ်သော စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း (Specialties) များ တင်သွင်းရောစပ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းအတွက် လုပ်ငန်းလိုင်စင်များထုတ်ပေးခြင်း

၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများအား လိုင်စင်ခွင့်ပြုထုတ်ပေးခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယခင်က ပြည်ပမှ စက်ဆီ၊ချောဆီနှင့်ဆက်စပ်ရေနံထွက်ပစ္စည်း (Specialties)များ တင်သွင်းခြင်းနှင့် ပတ်သက်၍ Brand Name Registration ပြုလုပ်ပေးခြင်း၊ တင်သွင်းမှုအပေါ်အရည်အသွေး စစ်ဆေး၍ ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချစေခြင်းနှင့် ထပ်မံတင်သွင်းသည့်အကြိမ်တိုင်းတွင် အရည်အသွေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုများ လျင်မြန် ချောမွေ့စေရေး (၂၀၂၀ -၂၀၂၁) ဘဏ္ဍာရေးနှစ်မှစတင်၍ အောက်ဖော်ပြပါ လုပ်ငန်းလိုင်စင်များကို စိစစ်ထုတ်ပေးလျက် စက်ဆီ၊ ချောဆီနှင့် Specialties များအား စတင် တင်သွင်းသည့် ပထမ အကြိမ် တွင်သာ အရည်အသွေးစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ပြီး၊ ပထမအကြိမ်စစ်ဆေးမှုတွင် အရည်အသွေး မှန်ကန်ကိုက်ညီပါက ထပ်မံတင်သွင်းဖြန့်ဖြူးမှုများအတွက် အရည်အသွေးအာမခံချက်အား ၎င်းတို့၏ တာဝန်ယူမှု၊ တာဝန်ခံမှု ဖြင့်သာ ဆက်လက် ဆောင်ရွက်နိုင်ရေး ဖြေလျှော့ခွင့်ပြုပေးသွားမည် ဖြစ်ပါသည်-
(က) ပြည်ပမှ စက်ဆီ/ချောဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလိုင်စင်
(ခ) ပြည်တွင်း၌စက်ဆီ/ချောဆီရောစပ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလိုင်စင်
(ဂ) ပြည်ပမှဆက်စပ်ရေနံထွက်ပစ္စည်း Specialties များတင်သွင်းဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းလိုင်စင်
(ဃ) ပြည်တွင်း၌ Finished Specialties များထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလိုင်စင်

၂။ ထိုသို့ဆောင်ရွက်ရာ၌ ဤဌာန၏ လုပ်ငန်းလိုင်စင် ခွင့်ပြုချက် လျှောက်ထားရယူ၍ စက်ဆီ/ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း Specialties များ တင်သွင်းရောစပ်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ပုဂ္ဂလိကလုပ်ငန်းရှင်၊ ကုမ္ပဏီ၊ အဖွဲ့အစည်း များ ဘေးအန္တရာယ်ကင်းရှင်းစွာဆောင်ရွက်ရန်၊ လွတ်လပ်၍ မျှတသောစျေးကွက်ယှဉ်ပြိုင်မှု ဖြစ်ထွန်းရန်၊ နိုင်ငံတော်အတွက် အခွန်အခများရရှိရန်၊ အရည်အသွေးအာမခံချက်ရှိစေရန်၊ အများ ပြည်သူစိတ်ချ ယုံကြည်စွာ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် အတုအပမပြုလုပ်နိုင်စေရန်ရည်ရွယ်၍ ထုတ်ပိုး ပစ္စည်းများ (ဘူး၊ ပုံး-စသည်များ)ပေါ်တွင် ဤဌာန၏ လိုင်စင်ခွင့်ပြုချက်အရ ထုတ်ပေးထားသည့် PPRD အမှတ်တံဆိပ်ပါ Code နံပါတ်များအား ရိုက်နှိပ်ပြီး တင်သွင်းစေခြင်း၊ ထုတ်လုပ်စေခြင်းနှင့် ဈေးကွက်အတွင်းရှိ စက်ဆီ/ချောဆီနှင့် Specialties များ၏ အရည်အသွေးအား ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းဖြင့် ကြီးကြပ်စစ်ဆေး ထိန်းသိမ်းသွားမည်ဖြစ်ပါသည်။

၃။ အဆိုပါလုပ်ငန်းလိုင်စင်ရ ပုဂ္ဂလိကလုပ်ငန်းရှင်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများ အနေဖြင့် လည်း လိုင်စင်ခွင့်ပြုချက်ဖြင့်ဆောင်ရွက်သည့် စက်ဆီ/ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း များအလိုက် ပြီးခဲ့သည့် ယခင်လအတွင်း တင်သွင်းရောစပ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခဲ့သည့်စာရင်းများ ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပါ ပြဌာန်းချက်များနှင့်အညီ မပျက်မကွက်ပေးပို့တင်ပြရ မည်ဖြစ်ပါသည်။

Local News Read 677 times