အိန္ဒိယနိုင်ငံက ဈေးတိုးပေးပြီး ဝယ်ယူခြင်းကြောင့် တစ်ပတ်အတွင်း ပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံတစ်တန်လျှင်ကျပ် ခုနစ်သောင်းခန့် ဈေးတက်လာကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။
အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံအထွက်လျော့နည်းခြင်းကြောင့် မြန်မာနိုင်ငံမှဝယ်လိုအားတိုးမြှင့်သဖြင့် ပြည်တွင်း ဈေးကွက်၌ပဲစင်းငုံဈေးမြင့်တက်လာသည် ဟု၎င်းကဆိုသည်။ အိန္ဒိယနိုင်ငံနယူးဒေလီ၊ မွမ်ဘိုင်း၊ ချန်နိုင်း စသော မြို့တို့တွင်ပဲစင်းငုံဈေး ဆက်တိုက်မြင့်တက်နေကြောင်း ဦးမင်းကိုဦးက ပြောသည်။ ပဲစင်းငုံဈေးမြင့်တက်သော်လည်း မတ်ပဲက ယခုရက်ပိုင်းတွင် ဈေးငြိမ်နေသည်။‘‘အိန္ဒိယမှာ လိုအပ်ချက်ရှိနေတာတော့အမှန်ပဲ။ အစိုးရက မူဝါဒမပြောင်းဘဲ ဆက်ဝယ်ရင်ဈေးကထပ်ပြီး မာလာနိုင်တယ်’’ ဟုဦးမင်းကိုဦးက ပြောသည်။
လက်ရှိပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံတစ်တန်လျှင် တစ်ပတ်အတွင်း ကျပ်ခုနစ်သိန်းတစ်သောင်းခွဲမှ ကျပ်ခုနစ်သိန်းရှစ်သောင်းခုနစ်ထောင်အထိ ဈေးမြင့်တက်လာသည်။သို့သော်မတ်ပဲဈေးနှုန်း တစ်တန်လျှင် ကျပ်ခုနစ်သိန်းတစ်သောင်းခွဲ ဈေးငြိမ်နေကြောင်း ဘုရင့်နောင်ပဲကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောသည်။လက်ရှိပြည်တွင်း၌ မတ်ပဲ နှင့်ပဲစင်းငုံလက်ကျန် လျော့နည်းလာပြီး ယခုရက်ပိုင်းတွင်ပဲစင်းငုံအသစ်များလည်းပြည်တွင်းဈေးကွက်အတွင်းသို့ အနည်းငယ် စတင်ဝင်ရောက်လာသည်။ပြည်တွင်း၌ မတ်ပဲလက်ကျန်တန်ချိန်ငါးသောင်းခန့်သာ ရှိနိုင်ပြီး ပဲစင်းငုံအဟောင်းလည်း တန်ချိန်တစ်သောင်းခွဲမှနှစ်သောင်းအကြားသာ ရှိနိုင်မည်ဟုမှန်းဆသည်။
7 day news