မြန်မာ့ကမ်းလွန်လုပ်ကွက်တွင် ONGC Videsh က ‌ဒေါ်လာ ၁၂၁ သန်း ထပ်မံရင်းနှီးမြှုပ်နှံရန် အစိုးရအဖွဲ့ သဘောတူခွင့်ပြု


05 February, 2021

အမေရိကန်ဒေါ်လာ ၁၂၁ . ၂၇ သန်း ထပ်မံရင်းနှီးမြှုပ်နှံရန် Cabinet Committee on Economic Affairs (CCEA) က ဗုဒ္ဓဟူးနေ့က သဘောတူခွင့်ပြုလိုက်သည်။

၀◌န်ကြီးချုပ်မိုးဒီ ဥက္ကဋ္ဌ ဖြစ်သော CCEA က ရွှေရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် စီမံကိန်းတွင် ထပ်မံရင်းနှီးမြှုပ်နှံရန် ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။

OVL ဟု အတိုကောက်ပြုသည့် ONGC Videsh Ltd သည် နိုင်ငံပိုင် Oil and Natural Gas Corp (ONGC) ၏ လက်တံတစ်ခု ဖြစ်သဖြင့် အစိုးရအဖွဲ့၏ ရင်းနှီးမြှုပ်နှံပြုရန် အတည်ပြုချက် ရယူရန် လိုအပ်သည်။ ရွှေစီမံကိန်းတွင် ၂၀၀၂ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်အထိ အမေရိကန်ဒေါ်လာ ၇၂၂ သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး ဖြစ်သည်။

ရွှေစီမံကိန်းမှ သဘာဝဓာတ်ငွေ့ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် စတင်ထွက်ရှိခဲ့သည်။ အမြင့်မားဆုံး ထုတ်လုပ်မှုသို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ရောက်ရှိခဲ့သည်။ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှစ၍ ဝင်ငွေ စတင်ရရှိခဲ့သည်။

 

Investment/Divestment Read 923 times