ရန်ကုန်တိုင်းဒေသကြီး Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက Online မှာ မှတ်ပုံတင်နည်း


25 September, 2020

COVID 19 ကပ်ရောဂါကာကွယ်တားဆီး၊ ထိန်းချုပ်ရေးအတွက် Stay At Home အစီအစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော ခွင့်ပြုလုပ်ငန်းအမျိုးအစားတွင်ပါဝင်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းများ၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းလည်ပတ်လုပ်ကိုင်မည်ဆိုပါက Online မှတစ်ဆင့် မှတ်ပုံတင်ရန်လိုအပ်ပါသည်။ 

 

မှတ်ပုံတင်ထားသော လုပ်ငန်းများမှ ဝန်ထမ်းများနှင့် မော်တော်ယာဉ်များကိုသာ မြို့နယ်တစ်မြို့နယ်မှ တစ်မြို့နယ် ဖြတ်ကျော်ခွင့်ရမည်ဖြစ်ပါသည်။ မှတ်ပုံတင်ခြင်းပြီးမြောက်ပါက ဝန်ထမ်းတဦးချင်းစီနှင့် မော်တော်ယာဉ်တစ်စီးချင်းအတွက် QR Code ပါ ID ရရှိမည်ဖြစ်ပြီး၊ နယ်မြေဖြတ်ကျော်ခြင်းအတွက် စစ်ဆေးရာတွင် QR Code ပါ ID အား ပြသရမည်ဖြစ်ပါသည်။


Online မှ မှတ်ပုံတင်ခြင်းကို အောက်ပါ Link တွင် ဝင်ရောက်မှတ်ပုံတင်နိုင်ပါသည်။

https://QRpass.SawSawShar.gov.mm

 

တွင် ဝင်ရောက်မှတ်ပုံတင်နိုင်ပါသည်။

 

မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်နှင့်ပတ်သက်၍ အဆင်မပြေမှုတစ်စုံတစ်ရာရှိပါက ဖုန်းနပါတ် ၀၉-၆၉၄၈၂၀၂၄၄, ၀၉-၄၀၂၇၉၀၇၄၄ သို့ ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


ကုန်သည်စက်မှုအသင်းချုပ်

 QRCode နမူနာကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။

Online မှ မှတ်ပုံတင်နည်း

 

 

 

 

Local News Read 67451 times