၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်နှင့် ဆန်ကွဲ တန်ချိန်နှစ်သန်းခွဲခန့်သာ တင်ပို့နိုင်မည်


11 April, 2019

တရုတ်နိုင်ငံနဲ့ အီးယူနိုင်ငံတို့က ဝယ်ယူမှုကျဆင်းနေတဲ့အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သန်းခွဲခန့်သာ တင်ပို့နိုင်မယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ပြီးခဲ့တဲ့ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပကို မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် မတ်လဆန်းအထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ ဒသမ ၂ သန်းကျော် တင်ပို့ထားပါတယ်။ ဆန်တင်ပို့ရာတွင် နိုင်ငံပေါင်း ၅၀ အထိတင်ပို့ထားပြီး ဆန်ကွဲ တင်ပို့မှုတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံသို့ တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်းစပါးအသင်းချူပ်မှ သိရပါတယ်။

မြန်မာနိုင်ငံမှ ဆန်ကို ပြည်ပသို့တင်ပို့ရာတွင် ပင်လယ်ရကြောင်းကုန်သွယ်မှုမှ အီးယူဈေးကွက်၊ အာဖရိက ဈေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နကြောင်း သိရပါတယ်။ တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံက တင်ပို့မယ့် ဆန်တန်ချိန် ၅၀၀၀၀ ခန့်မှာ မူဆယ်နယ်စပ်တွင် ပိတ်မိနေတဲ့အတွက် အစိုးရအပါအဝင် တရုတ်ဝယ်လက်များ နှင့် အမြန်ဆုံး ညှိနှိုင်းပေးရန် ဆန်ကုန်သည်များက တောင်းဆိုထားပါတယ်။

အဓိကတော့ တရုတ်ပြည်ဘက်က ဈေးကွက်က ၄၆ ရာခိုင်နှုန်းလောက်ဖြစ်တဲ့အတွက် သူ့ဈေးကွက်က မြန်မာပြည်က တင်ပို့တဲ့အထဲမှာ ဝယ်လိုအားကျသွားရင် ဈေးကွက်ကို ရိုက်ခက်မှုကတော့များတယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှာ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။

ယခင်က မြန်မာနိုင်ငံမှ အီးယူသို့ ဆန်တင်ပို့ပါက ဆန်အမျိုးအစားအားလုံးကို အခွန်ကင်းလွတ်ခွင့်ပေးထားပါတယ်။ သို့သော် အီးယူက မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်လုံးရှည်အမျိုးအစား (၁၆ မီလီမီတာအထက်)သည် အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ အီတလီ နှင့် စပိန် စတဲ့ နိုင်ငံများက ထွက်ရှိတဲ့ ဆန်အမျိုးအစားနဲ့ တူညီသဖြင့် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်အလို့ငှာ ယင်းဆန်လုံးရှည်များကို ဇန်နဝါ ၈ ရက်က စတင်ကာ သုံးနှစ်အထိ အခွန်ပြန်လည် ကောက်ခံသွားမည်ဖြစ်ကြောင်း တရာဝင်ထုတ်ပြန်ထားပါတယ်။

လက်ရှိတွင်လည်း အီးယူနဲ့ တရုတ်နိုင်ငံတို့က မြန်မာနိုင်ငံမှ ဆန်ဝယ်ယူခြင်းမရှိဆိုတဲ့ သတင်းများကြောင့် အာဖရိကနဲ့ အီးယူနိုင်ငံများက မြန်မာ့ဆန်ကို နိုင်ငံတကာဈေးနှုန်းထက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၀ အထိ ဈေးနှိမ်ဝယ်ယူနေပါတယ်။

Daily Eleven

Export, Import Read 723 times