Ooredoo ပထမနှစ်ဝက် ဝင်ငွေကျဆင်း


01 August, 2018

Ooredoo Group က ၂၀၁၈ ခုနှစ် ပထမ နှစ်ဝက် 1H 2018 အတွက် ဝင်ငွေကို ထုတ်ပြန်ကြေညာခဲ့တာမှဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၂ ဘီလျံ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကာတာ၊ အီရတ်၊ အိုမန်၊ ကူဝိတ်၊ တူနီးရှားနဲ့ မြန်မာနိုင်ငံတို့မှာ အခြေအနေကောင်းခဲ့ပေမဲ့ အင်ဒိုနီးရှားနဲ့ အယ်လ်ဂျီးယားတို့မှာ အခြေအနေ ကျဆင်းနေခဲ့တယ်။

အဲဒါကြောင့် ယမန်နှစ် ပထမနှစ်ဝက်နဲ့ နှိုင်းယှဉ်ရင် ဝင်ငွေ ၆ ရာခိုင်နှုန်း နည်းပါးခဲ့တယ်လို့ ဆိုပါတယ်။

Ooredoo Group ရဲ့ အသားတင်အမြတ်အနေဖြင့်လည်း အင်ဒိုနီးရှားနဲ့ အယ်လ်ဂျီးယားတို့မှ ဝင်ငွေကျဆင်းတဲ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်းကြောင့် ဆုံးရှုံးမှု ကြီးမားခဲ့တယ်လို့ ဆိုပါတယ်။

Ooredoo Group ရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို သုံးစွဲသူဦးရေဟာ သန်း ၁၃၀ မှာ တန့်နေပါတယ်။

မြန်မာနိုင်ငံမှာ 4G Plus ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနေတဲ့ Ooredoo ဟာ ပြီးခဲ့တဲ့ မေလတုန်းက 5G ကို ကမ္ဘာပေါ်မှာ ပထမဆုံး အများသုံးဆက်သွယ်ရေး ဝန်ဆောင်မှု ပေးတဲ့ အော်ပရေတာအဖြစ် စတင်ခဲ့ပါတယ်။ မိခင်နိုင်ငံ ကာတာမှာ စတင်လိုက်တာ ဖြစ်ပြီး နေရာ ၅၀ ဝန်းကျင်မှ ချိတ်ဆက်သုံးစွဲနိုင်ခဲ့ပါတယ်။

ကုမ္ပဏီရဲ့ကြေညာချက်အရ 5G home broadband သုံး ကိရိယာတွေဟာ Ooredoo 4G နဲ့ 5G network နှစ်မျိုးစလုံး သုံးလို့ရအောင် စီစဉ်ပေးထားလို့ 5G မရတဲ့နေရာတွေမှာ 4G ကို သုံးနိုင်မှာ ဖြစ်ပါတယ်။ အများဆုံး အမြန်နှုန်းက 2 Gbps ဖြစ်တယ်လို့ ဆိုပါတယ်။

Ookla’s Speedtest Intelligence က မြန်မာနိုင်ငံရဲ့ 3G/4G network တွေမှာ Ooredoo Myanmar က အမြန်ဆုံးလို့ အသိအမှတ်ပြုခဲ့ပါတယ်။

Ooredoo Oman နဲ့ Ooredoo Algeria တို့ဟာလည်း အဲဒီနိုင်ငံတွေမှာ အမြန်ဆုံး mobile network ဖြစ်ကြောင်း အသိအမှတ်ပြုပေးခဲ့ပါတယ်။

Ooredoo Myanmar အနေဖြင့် သုံးစွဲသူ ၉ ဒဿမ ၄ သန်း ရှိနေပြီး ၂၀၁၇ ခုနှစ် ပထမ နှစ်ဝက်နဲ့ နှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်မှာ ၁၂ ရာခိုင်နှုန်း တိုးခဲ့ပါတယ်။

“Myanmar Idol 2018” အတွက် တစ်ခုတည်းသော telecom partner အဖြစ် လုပ်ကိုင်ပြီး SMS Vote အစီအစဉ်ကို စီစဉ်ပေးထားပါတယ်။

Zawya.com

Local News Read 590 times