၂၀၂၂ နှင့် ၂၀၂၃  ရေနံ လိုအပ်ချက် ကြီးထွားနှုန်း အိုပက် လျှော့ချခန့်မှန်း


13 October, 2022

၂၀၂၂ နှင့် ၂၀၂၃  ရေနံ လိုအပ်ချက် ကြီးထွားနှုန်း အိုပက် လျှော့ချခန့်မှန်း


၂၀၂၂ အတွက် ကမ္ဘာ့ရေနံဝယ်လိုအား ကြီးထွားနှုန်း ခန့်မှန်းချက်ကို OPEC က  ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၂ ရက်)မှာ လျှော့ချခန့်မှန်းပါတယ်။ ဧပြီလ နောက်ပိုင်း စတုတ္ထအကြိမ်မြောက်  လျှော့ချခန့်မှန်းလိုက်တာ ဖြစ်ပါတယ်။ နောက်နှစ် ၂၀၂၃ အတွက်ကိုလည်း လျှော့ချခန့်မှန်းပါတယ်။
စီးပွားရေးများ နှေးနေခြင်း၊ ငွေဖောင်းပွမှုနှုန်း မြင့်မားခြင်း၊ တရုတ်ပြည်မှာ COVID-19 လော့ဒေါင်းများ ဖြစ်ပွားနေခြင်းတို့ကြောင့် ရေနံ သုံးစွဲမှု လျော့နည်းမယ်လို့ အိုပက်က ခန့်မှန်းပါတယ်။

ရေနံ လိုအပ်ချက်သည် ၂၀၂၂ ခုနှစ်တွင် တစ်ရက်လျှင် စည်ပေါင်း barrels per day (bpd) ၂.၆၄ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၂.၇% တိုးလာမယ်လို့ Organization of the Petroleum Exporting Countries (OPEC) က လစဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယခင် ခန့်မှန်းခဲ့တာကို တစ်ရက်လျှင် စည်ပေါင်း ၄၆၀,၀၀၀ လျှော့ချပြီး ပြင်ဆင်ခန့်မှန်းပါတယ်။ 

“ကမ္ဘာ့စီးပွားရေးဟာ မသေချာမရေရာမှုတွေ မြင့်မားလာပြီး စိန်ခေါ်မှုတွေ မြင့်တက်လာတဲ့ကာလထဲသို့ ဝင်ရောက်နေပါပြီ။ ငွေဖောင်းပွမှုလည်း မြင့်တက်နေပါတယ်။ အဓိကကျတဲ့ ဗဟိုဘဏ်များကလည်း ငွေကြေးမူဝါဒများကို တင်းကျပ်နေပါတယ်။ အစိုးရကြွေးမြီများလည်း မြင့်မားနေပါတယ်" လို့ အိုပက်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

လာမည့်နှစ်တွင်   ရေနံဝယ်လိုအား တစ်ရက်လျှင် စည်ပေါင်း ၂.၃၄ သန်း မြင့်တက်လာမယ်လို့ အိုပက်က ခန့်မှန်းပါတယ်။ ယခင်ခန့်မှန်းချက်ထက် တစ်ရက်လျှင် စည်ပေါင်း ၃၆၀,၀၀၀ လျော့နည်းပါတယ်။ ၂၀၂၃ မှာ တစ်ရက်လျှင် စည်ပေါင်း ၁၀၂.၀၂ သန်း လိုအပ်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။ 
Source  REUTERS

Energy News Read 178 times