OPEC+ ရေနံထုတ်လုပ်မှု လျှော့ချရန် လျာထားချက်များကို ဆက်လက်သုံးစွဲရန် သဘောတူ


04 December, 2022

OPEC+ ရေနံထုတ်လုပ်မှု လျှော့ချရန် လျာထားချက်များကို ဆက်လက်သုံးစွဲရန် သဘောတူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

OPEC+ သည် တနင်္ဂနွေနေ့(ဒီဇင်ဘာ ၄)တွင် ပြုလုပ်သော အစည်းအဝေးတွင် ယခင် ရေနံထုတ်လုပ်မှု လျှော့ချရန် လျာထားချက်များကို ဆက်လက်သုံးစွဲရန် သဘောတူညီခဲ့ကြသည်။

ရေနံဈေးကွက်သည်  နှေးကွေးနေသည့် တရုတ်စီးပွားရေး၏ ဝယ်လိုအားအပေါ် သက်ရောက်မှုနှင့် ရုရှားရေနံရောင်းချမှုအပေါ် Group of Seven - G7 စျေးနှုန်းကန့်သတ်ချက်၏ အကျိုးသက်ရောက်နိုင်ပုံတို့ကို အကဲဖြတ်ဖို့ ခက်ခဲနေဆဲ ဖြစ်သည်။
သောကြာနေ့တွင် G7 နိုင်ငံများနှင့် ဩစတြေးလျတို့သည် ရေကြောင်းမှ တင်ပို့သည့် ရုရှား‌ေရနံစိမ်းအတွက်  အမြင့်ဆုံးစျေးနှုန်း တစ်စည်လျှင် ကန်ဒေါ်လာ ၆၀ သတ်မှတ်ရန် သဘောတူညီခဲ့ကြသည်။

OPEC+ တွင် ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) နှင့် ရုရှားအပါအဝင် မဟာမိတ်များ ပါဝင်သည်။
OPEC+ ကရေနံစိမ်း ထုတ်လုပ်မှုကို နိုဝင်ဘာလမှ ၂၀၂၃ နှစ်ကုန်အထိ ကမ္ဘာ့ဝယ်လိုအား၏ ၂ ရာခိုင်နှုန်းခန့်ဖြစ်သော တစ်ရက်လျှင် စည်ပေါင်း ၂ သန်း barrels per day (bpd)  ဖြတ်တောက်ရန် အောက်တိုဘာလတွင် သဘောတူလိုက်‌ေသာအခါ အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများက မကျေမနပ် ဖြစ်ခဲ့ကြသည်။

ရုရှားက ယူကရိန်းမှာ ကျူးကျော်စစ်ပွဲဖြစ်ပွားသော်လည်း OPEC+ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ဆော်ဒီအာရေးဗီးယားသည် ရုရှားဘက်မှာ ပါနေသည်ဟု အမေရိကန်က စွပ်စွဲပြောဆိုခဲ့သည်။

 OPEC+ သည် အားနည်း‌ေနသော စီးပွားရေး အလားအလာကြောင့် အထွက်နှုန်း ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း စောဒကတက်ခဲ့သည်။

တရုတ်စီးပွား‌ေရးနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးခြင်း၊ အတိုးနှုန်း မြင့်မားခြင်းတို့ကြောင့် အောက်တိုဘာလကတည်းက ရေနံစျေးနှုန်းများ ကျဆင်းခဲ့ပြီး OPEC+ သည် အထွက်နှုန်းကို ထပ်မံဖြတ်တောက်နိုင်ကြောင်း ဈေးကွက်မှာ ခန့်မှန်းမှုများ ဖြစ်ပေါ်စေခဲ့သည်။

သို့သော် တနင်္ဂနွေ လစဉ်အစည်းအဝေးတွင် ရေနံထုတ်လုပ်သူများအုပ်စုသည် မူဝါဒကို မပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။
အဖွဲ့ဝင်နိုင်ငံများမှ အဓိက ဝန်ကြီးများသည် လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် စောင့်ကြည့်ရေး ကော်မတီအတွက်  တွေ့ဆုံမည်ဖြစ်သည်။ စုံညီအစည်းအဝေးကို ၂၀၂၃ ဇွန်လ ၃ ရက်မှ ၄ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။
Source: Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 250 times