OPEC နှင့်ရုရှား ရေနံ တိုးထုတ်ဖို့ သဘောတူ‌သော်လည်း ထုတ်လုပ်ပေးနိုင်ဖို့ မသေချာ


07 January, 2022

OPEC နှင့်ရုရှား ရေနံ တိုးထုတ်ဖို့ သဘောတူ‌သော်လည်း ထုတ်လုပ်ပေးနိုင်ဖို့ မသေချာ


ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC)၊ ရုရှားနှင့် အခြားရေနံထုတ်လုပ်သူများအဖွဲ့မှ တာဝန်ရှိသူများသည် မူလ အစီအစဉ် ဖြစ်သည့်ဖေဖော်ဝါရီလမှစ၍  လစဉ်အထွက်နှုန်း တိုးထုတ်မည့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ရန် ဇန်နဝါရီလ ၄ ရက်နေ့တွင် သဘောတူညီခဲ့ကြပါသည်။

သို့သော်လည်း အပိုထုတ်လုပ်မည့် စည်ပမဏကို ထုတ်လုပ်ပေးနိုင်မည် ဆိုသည်မှာ မသေချာချေ။
ရေနံထုတ်လုပ်သည့်ဘက်တွင် ဇူလိုင်လမှာ သဘောတူညီထားသည့် ထုတ်လုပ်မှု ပမာဏသို့ တိုးမြှင့်ထုတ်လုပ်ရန် ပျက်ကွက်နေကြဆဲ ဖြစ်သဖြင့် ရေနံစိမ်း ဈေးနှုန်း အထိုက်အလျောက် မြင့်တက်နေပြီး ရေနံသုံးစွဲသည့်ဘက်တွင်  ကိုရိုနာဗိုင်းရပ်omicron မျိုးကွဲကြောင့် ရောဂါကူးစက် ဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် လော့ဒေါင်းချခြင်း အပါအဝင် အသွားအလာ ကန့်သတ်မှုများကြောင့် သုံးစွဲမှု ပမာဏ လျော့ကျလာနေသည်။

သို့သော် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီဈေး ကျဆင်းစေရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် အမေရိကန်အစိုးရက ရေနံကို တိုးထုတ်စေလိုသည်။ တိုးထုတ်ဖို့ လက်နှေးနေပါက အမေရိကန် အစိုးရနှင့် ဆက်ဆံရေး တင်းမာနေစေလိမ့်မည်။
အမေရိကန်တွင် ဓာတ်ဆီ တစ်ဂါလံ အမေရိကန်ဒေါ်လာ ၃.၂၈ ဖြစ်နေပြီး ယမန်နှစ်ထက် သုံးပုံတစ်ပုံ ဈေးပိုများနေပြီး ငွေဖောင်းပွမှု မြင့်တက်အောင် ပြုပေးနေသည်။

အစီအစဉ် ချမှတ်ထားသည့်အတိုင်း ပမာဏ ပြည့်မီဖို့သည် ဆော်ဒီအာရေဗျ၏ ထုတ်လုပ်မှုအပေါ် မူတည်နေသည်။ဆေ ာ်ဒီအာရေဗျသည်ရေနံ အပိုထပ်ဆောင်း ထုတ်လုပ်နိုင်စွမ်း အများဆုံး ရှိနေသည့် နိုင်ငံ ဖြစ်ပါသည်။

၂၀၂၀ နွေဦး ကိုဗစ်ကပ်ရောဂါ အစောပိုင်းကာလတွင် OPEC နှင့် အခြားရေနံတင်ဖို့နိုင်ငံများ ပါဝင်သည့် OPEC Plusဟု ခေါ်ဝေါ်ကြသော နိုင်ငံအုပ်စုသည် ထုတ်လုပ်မှု တစ်ရက် စည် ၁၀ သန်း လျှော့ထုတ်ခဲ့သည်။ ထိုစဉ်က ရေနံတင်ပို့မှု၏ ၁၀% ကို လျှော့ချြခင်း ဖြစ်သည်။

အမေရိကန်မှ အမျိုးသားစွမ်းအင်အေဂျင်စီက ထုတ်ပြန်သော ဒီဇင်ဘာ ရေနံ အစီရင်ခံစာတွင် 
OPEC Plus သည် နိုဝင်ဘာလ တင်ပို့မှာပမာဏ လျာထားချက် ပြည့်မီရန်  တစ်ရက် စည် ၆၅၀,၀၀၀ လိုနေခဲ့သဖြင့် လစဉ် တိုးမြှင့်ထုတ်လုပ်ရန် လျာထားချက်ထက် တစ်ရက်လျှင် စည် ၄၀၀,၀၀၀ လျော့နည်းနေသည်။

OPEC Plus မှ ၂၃ နိုင်ငံသည် နိုင်ငံရေးပဋိပက္ခ၊ ရင်းနှီးမြှုပ်နှံမှု လျော့နည်းခြင်းတို့ကြောင့် တိုးမြှင့်ထုတ်လုပ်ခြင်း မရှိခဲ့ကြချေ။ ထုတ်လုပ်ရမည့် ခွဲတမ်းကို ပြည့်မီအောင် မထုတ်လုပ်နိုင်ခဲ့ကြချေ။

ခြံငုံသုံးသပ်ကြည့်ပါက ဖေဖော်ဝါရီလမှစ၍  လစဉ်အထွက်နှုန်း တိုးထုတ်မည့် အစီအစဉ်အတိုင်း ပြည့်မီအောင် ထုတ်လုပ်နိုင်ကြဖို့ ဆိုသည်မှာ မသေချာပေ။

 

bangkokpost.com

Export, Import Global News Read 420 times