ဘုရင့်နောင် ကုန်စည်ဒိုင် ပြန်ဖွင့်ပေမယ့် ကုန်စည်အဝင် ပုံမှန်ထက်နည်းနေ


19 April, 2019

ဘုရင့်နောင်ကုန်စည်ဒိုင်က သင်္ကြန်ကာလမှာပိတ်ပြီး နှစ်ဆန်း (၂) ရက်နေ့ ဧပြီလ(၁၈)ရက်မှာ ပြန်ဖွင့်ခဲ့ပေမယ့် ကုန်စည်အဝင်ကတော့ ပုံမှန်ရက်တွေထက် နည်းနေသေးတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က သိရပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်၊ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးခင်ဟန်က ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အရင်နှစ်တွေက ပုံမှန်အားဖြင့် ကြက်သွန်နီကား အစီးရေ (၅၀)ကျော်ထိ ဝင်ပေမယ့် သင်္ကြန်ကာလအပြီးမှာတော့ ကြက်သွန်နီကား အစီးရေ (၃၀) ကျော်သာ ဝင်ပြီး အခြားဆက်စပ်နေတဲ့  ကြက်သွန်ဖြူ၊ ကြူကုတ်၊ ကြက်သွန်၊ အာလူး၊ ငရုပ် စတဲ့ကုန်စည်တွေဟာလည်း  အဝင်နည်းနေတယ်လို့  ပြောပါတယ်။

အခုနှစ်မှာတော့ သင်္ကြန်ကာလအပြီးထိ  ကြက်သွန်နီအပြင် ကြက်သွန်ဖြူ၊ ကြူကုတ်၊ အာလူး စတဲ့ စားသောက်ကုန်တွေလည်း ယခင်နှစ်တွေထက် ဈေးကျနေတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ကုန်စည်တွေအဝင်နည်းနေပေမယ့်လည်း သင်္ကြန်မတိုင်ခင်က ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အရောင်းအေးခဲ့တာကြောင့်ကုန်စည်ပြတ်လက်မှုမရှိဘူးလို့ ဦးခင်ဟန်ကပြောပါတယ်။

လာမည့် ဧပြီလ (၂၂) ရက်ကစပြီး  ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကုန်စည်ဝင်ရောက်မှုက ပုံမှန်အတိုင်းများလာနိုင်မယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က သုံးသပ်ထားပါတယ်။

MRTV - 4 News

Local News Read 666 times