MAPCO နှင့် နိုင်ငံခြားကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး တစ်နှစ်တန်တစ်သိန်းကျ ဓာတ်မြေသြဇာ စက်ရုံဖွင့်


11 October, 2018

တောင်သူလယ်သမား များအချိုးအစားမှန်သည့် ဓာတ် မြေဩဇာများ သုံးစွဲနိုင်ရန်မြန်မာ့ လယ်ယာ စီးပွားရေးအများပိုင် ကော်ပိုရေးရှင်း အများပိုင်လီမိ တက်(MAPCO)နှင့် နိုင်ငံခြား ကုမ္ပဏီနှစ်ခုပူးပေါင်းကာ ဓာတ်မြေဩဇာ ရောနှောစက်ရုံကို အောက်တိုဘာ ၁၀ ရက်က သီလဝါအထူးစီးပွားရေးဇုန်တွင် ဖွင့်လှစ်ခဲ့သည်။

ကန်ဒေါ်လာ ၁၀ သန်းရင်း နှီးမြှုပ်နှံပြီး တစ်နှစ်လျှင် ဓာတ်မြေ ဩဇာတန်ချိန် ၁၀၀,၀၀၀ ထုတ် လုပ်ရန်စီစဉ်ထားကြောင်း Agri First ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးရဲမင်းအောင်က ပြောကြားသည်။

‘‘တောင်သူလယ်သမားတွေအတွက် အရောအနှော၊ အချိုးအစားမှန်ရမယ်။ လိုအပ်ချက်တွေ အာဟာရဓာတ်တွေက အပိုအလို မရှိဘဲ ဂျာမနီစံနှုန်းနဲ့ဆောင်ရွက်ထားတာဖြစ်ပါတယ်’’ ဟု ဦးရဲမင်းအောင်က ပြောသည်။

၂၀၁၆ ကစတင်၍ စက်ရုံတည်ဆောက်ရေး ကြိုးစားခဲ့ပြီးနောက် ခွင့်ပြုမိန့်၊ ခွင့်ပြုချက်၊ အသိအမှတ်ပြုလက်မှတ် ၅၀ ကျော်ရရှိထားကာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ ပြဋ္ဌာန်းချက်များနှင့်အညီ စက်ရုံတည်ဆောက် ထုတ်လုပ်မည်ဟုဆိုသည်။

‘‘မြန်မာနိုင်ငံမှာက အစိုးရက ယူရီးယားတစ်မျိုးပဲထုတ်နိုင်တာ။ အခုစက်ရုံက လိုအပ်တဲ့ တခြားဓာတ်တွေပါ ထည့်သွင်း ပေါင်းစပ်ပြီး ထုတ်မှာဆိုတော့ တောင်သူလယ်သမားတွေအတွက် အသုံးဝင်မှာပါ’’ ဟု စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးရဲတင့်ထွန်းက ပြောကြားသည်။

ယူရီးယား၊ နိုက်ထရိုဂျင်၊ ဖော့စဖရတ် စသည်တို့ကို ဒေသရေမြေအလိုက် လိုအပ်ချက်ပေါ်မူတည်ပြီး အချိုးညီထုတ်လုပ်မည် ဖြစ်သည်။

ဓာတ်မြေဩဇာ စက်ရုံကို ဂျာမနီကုမ္ပဏီ Behn Meyer က ၃၀ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီ Mitsui က ၃၀ ရာခိုင်နှုန်းနှင့် မြန် မာ့လယ်ယာ စီးပွားကော်ပိုရေး ရှင်းက ၄၀ ရာခိုင်နှုန်းအကျိုးတူ ပူးပေါင်းတည်ထောင်ခြင်းဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်တွင် သာမက အခြားဒေသများ၌လည်း ဆက်လက်ရင်းနှီးမြှုပ်နှံမည်ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

7 day

Local News Read 558 times