ဒေါ်လာဈေးကောင်းနေသဖြင့် တောင်ကိုရီးယားဘဏ်များ ဒေါ်လာဝန်ဆောင်မှုအသစ်များ စတင်


25 August, 2022

ဒေါ်လာဈေးကောင်းနေသဖြင့် တောင်ကိုရီးယားဘဏ်များ ဒေါ်လာဝန်ဆောင်မှုအသစ်များ စတင်

မြင့်မားနေသော အမေရိကန်ဒေါ်လာစျေးကြောင့် တောင်ကိုရီးယားရှိ ဘဏ်များအတွက် အခွင့်အလမ်းများ ပေါ်ပေါက်စေပါတယ်။
တောင်ကိုရီးယားမှ နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားများအဖို့မှာတော့ ခက်ခဲသွားစေပါတယ်။

၁၄  နှစ်နီးပါးအတွင်း ကိုရီးယားဝမ်နှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ အမြင့်မားဆုံးသို့ ရောက်ရှိနေတဲ့ အမေရိကန်ဒေါ်လာ‌ဈေးနှုန်း‌ကြောင့်  တောင်ကိုရီးယားရှိ ကူးသန်းရောင်းဝယ်ရေးဘဏ်များအတွက် စီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်စေပါတယ်။

နိုင်ငံခြားတွင် ပညာသင်ကြားနေသော ကိုရီးယား ကျောင်းသားများအဖို့တော့ ငွေလဲနှုန်း မြင့်မားနေတဲ့အတွက် ယခင်ကထက် အကုန်အကျ ပိုမိုများပြားနေတဲ့ ကျောင်းလခနှင့် အခြားကုန်ကျစရိတ်များ ပေးရန် အခက်တွေ့ကြပါတယ်။

တောင်ကိုရီးယားမှာ ဒေါ်လာငွေလဲနှုန်းက အခြားထိပ်တန်းငွေကြေးများနှင့် နှိုင်းယှဉ်ပါက ၂၀၂၂  ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်။ ဆယ်စုနှစ် နှစ်ခုအတွင်း အမြင့်ဆုံး ရေချိန်နီးပါးသို့ ရောက်ရှိနေပါတယ်။

ယခုနှစ်အစမှာ တစ်အမေရိကန်ဒေါ်လာ ၁,၁၈၀ ဝမ် ရေချိန်မှာ ရှိနေခဲ့ပါတယ်။ 
ဝမ်-ဒေါ်လာ လဲလှယ်နှုန်းက  စိတ်ထဲ ထင်ထားတဲ့ "မကျော်လောက်ပါဘူး"ဆိုတဲ့ ကန့်သတ်ချက်များကို ကျော်လွန်ကာ ယခုအပတ်တွင် ဝမ် ၁,၃၄၀  အဆင့်သို့ ရောက်ရှိလာခဲ့ပါတယ်။ 


ဝမ်-ဒေါ်လာ လဲလှယ်နှုန်းသည် အင်္ဂါနေ့ (ဩဂုတ် ၂၃) တွင် ၁၄ နှစ်တာအတွင်း အမြင့်ဆုံးဈေးနီးပါး ၁,၃၄၅.၅ ဝမ်ဖြင့် ဈေးပိတ်ခဲ့ပါတယ်။ 
 ဗုဒ္ဓဟူးနေ့တွင်  အနည်းငယ် ကျဆင်းသွားပြီး ၁ ကန်ဒေါ်လာလျှင် ၁,၃၄၂.၁  ဝမ် ဈေးပေါက်ခဲ့ပါတယ်။
 
 ဤအခြေအနေများအောက်တွင် တောင်ကိုရီးယားမှ အဓိကဘဏ်များက ကန်ဒေါ်လာဖြင့် အပ်ငွေစာရင်းအသစ်များ ဖွင့်လှစ်နိုင်ကြောင်း ကမ်းလှမ်းကြပါတယ်။ အပ်နှံတဲ့ အမေရိကန်ဒေါ်လာများအတွက် ဆွဲဆောင်မှုရှိသော အတိုးနှုန်းနှင့်တကွ အခြားအကျိုးခံစားခွင့်များကို ပေးအပ်ပါတယ်။ 

တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်သည့် KB Kookmin ဘဏ်က နိုင်ငံခြားသုံးငွေအပ်ငွေစာရင်းအသစ်ဖွင့်သော ကော်ပိုရိတ်ဖောက်သည်များအတွက် နိုင်ငံခြားငွေလဲလှယ်မှု ဝန်ဆောင်ခကို  ၉၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်

NH NongHyup Bank က ကန်ဒေါ်လာ ၁ သန်းနှင့်အထက် အပ်နှံရင် နှစ်တိုး ၁.၉၁% ပေးပါတယ်။

Standard Chartered Bank Korea ကသောကြာနေ့ နောက်ဆုံးထားပြီး ကန်ဒေါ်လာဖြင့် အပ်နှံငွေစာရင်း ဖွင့်လှစ်သူတွေကို အထူးအတိုးနှုန်း ၃.၅% ပေးအပ်ပါတယ်။

“ကန်ဒေါ်လာ ဝန်ဆောက်မှုတွေကို စိတ်ဝင်စားတဲ့ သုံးစွဲသူအရေအတွက် သိသိသာသာ တိုးလာတာကို ကျွန်တော်တို့ တွေ့ရပါတယ်” လို့ SC Korea ၏ စု‌ဆောင်းငွေဌာန အကြီးအကဲ Bae Soon-chang က ပြောကြားပါတယ်။ 

ဇူလိုင်လတွင် နိုင်ငံခြာသုံးငွေဖြင့် အပ်ငွေစုစုပေါင်းသည် ဒေါ်လာ ၉၀ ဒသမ ၃၈ ဘီလီယံရှိကြောင်း တောင်ကိုရီးယား ဗဟိုဘဏ်ဖြစ်တဲ့ Bank of Korea (BOK) မှ အချက်အလက်များအရ သိရပါတယ်။

နိုင်ငံခြားငွေဖြင့် အပ်ငွေများမှာ ကန်ဒေါ်လာ အပ်နှံငွေ ၂.၈၆ ဘီလျံ ပိုများခဲ့ပြီး ကန်ဒေါ်လာ ၇၆.၄၇ ဘီလီယံ ဖြစ်လာပါတယ်။ 

ယူရိုအပ်နှံငွေကို ကန်ဒေါ်လာဖြင့် တွက်ချက်ရင် ကန်ဒေါ်လာသန်း ၅၇၀ ဖိုး ယူရို တိုးခဲ့ပြီး စုစုပေါင်း ကန်ဒေါ်လာ ၅.၂ ဘီလီယံဖိုးအထိ ဖြစ်လာပါတယ်။

ကန်ဒေါ်လာ ဈေးမြင့်တာဟာ ပြည်ပမှာ ပညာသင်နေတဲ့သူတွေအတွက်တော့ အခက်အခဲတစ်မျိုး ဖြစ်လာပါတယ်။ အိမ်မှ ငွေလွှဲဖြင့် ပို့ပေးတဲ့ ငွေအပေါ် အားကိုးအားထားပြုပြီး နိုင်ငံရပ်ခြားတွင် ကျောင်းတက်နေသော ကိုးရီးယားကျောင်းသူကျောင်းသားများအတွက် အတော်ခက်ခဲလာနေပါတယ်။
ဥပမာအားဖြင့် ဝမ်ဒေါ်လာငွေလဲနှုန်းတွင် ၁၅ ရာခိုင်နှုန်း တိုးလာခြင်းဟာ ယခင်က ဒေါ်လာ ၅၀,၀၀၀ လွှဲပြောင်းခဲ့တာနှင့် နှိုင်းယှဉ်ပါက ဝမ် ၁၀ သန်း ပိုကုန်ကျပါတယ်။
"မိဘတွေအတွက် စိတ်မကောင်းပါဘူး။ နိုင်ငံခြားမှာ ကျောင်းလာတက်တာ အချိန်ကာလလွဲမှားနေတယ်" လို့ နယူးယောက်ရှိ ကောလိပ်တစ်ခုတွင် ကျောင်းတက်နေတဲ့ ကိုရီးယားကျောင်းသားတစ်ဦးက ပြောကြားပါတယ်။

ကယ်လီဖိုးနီးယားရှိ ကျောင်းသားဖလှယ်သည့် ပညာရေး အစီအစဉ်တွင် ပါဝင်နေတဲ့ သမီးဖြစ်သူရဲ့ မိခင် အိမ်ရှင်မတစ်ဦးမှ ဝမ်ဒေါ်လာနှုန်းက ကြောက်စရာကောင်းအောင် မြင့်တက်လာခြင်း ဖြစ်ကြောင်း ပြောကြားပါတယ်။

"၁၉၉၇-၁၉၉၈ အာရှဘဏ္ဍာရေးအကျပ်အတည်းတုန်းက နိုင်ငံခြားမှာ ပညာသင်ကြားနေတဲ့ ကိုရီးယားနိုင်ငံသား တော်တော်များများဟာ သူတို့ရဲ့ ပညာသင်ကြားမှုကို စွန့်လွှတ်ပြီး ကိုရီးယားကို ပြန်လာခဲ့ရကြတယ်" လို့ သူမက ပြောကြားပါတယ်။ "အခု အ‌ခြေအနေက အဲဒီတုန်းကလောက်တော့ မဆိုးဘူးလို့ ကျွန်မ မျှော်လင့်ပါတယ်" လို့ သူမက ပြောကြားပါတယ်။
Source koreatimes
#MyanmarIndustriesGuide 
Telegram Channel https://t.me/Guid4U

Banking & Loan Read 17535 times