Krispy Kreme ဒိုးနပ် ဆိုင်ခွဲဖွင့်ရန် စီစဉ်နေ


05 August, 2018

အမေရိကမှ ဒိုးနပ်နဲ့ ကော်ဖီဟောက်စ် လုပ်ငန်းကြီး Krispy Kreme က မြန်မာနိုင်ငံမှာ သူ့ရဲ့ ပထမဆုံး အရောင်းဆိုင်ကိုလာမယ့် စက်တင်ဘာလ ၂၀၁၈ ခုနှစ်မှာ တံခါးဖွင့်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Krispy Kreme က သူ့ရဲ့ မြန်မာပြည်ဆိုင်ခွဲဖွင့်သူ franchisee ကနေတစ်ဆင့် လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။ အနောက်တိုင်းမှ စားသောက်ဆိုင် brand အရေအတွက် အနည်းငယ် လာရောက်ပြီး ဆိုင်တွေဖွင့်ကာ လုပ်ကိုင်နေကြတာမှာ နောက်ထပ် ဆိုင်တစ်မျိုး တိုးတော့မှာ ဖြစ်ပါတယ်။

လက်ရှိအနေအထားမှာတော့ J’Donuts က ဒိုးနပ်လိုင်းမှာ အစောဆုံးရောက်ရှိပြီး အထင်ရှားဆုံး ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စီးပွာရေး ဝန်းကျင်မှာ လူလတ်တန်းစား အထက်လွှာ ဦးရေ များပြားလာနေတဲ့အတွက် ယခုလို ဆိုင်မျိုးတွေ အခြေအနေကောင်းနေစေတဲ့အတွက် နိုင်ငံတကာ brand တွေကို ကြိုဆိုနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ Krispy Kreme ကလည်း မြန်မာနိုင်ငံမှာ မုန့်အချိုတွေ ဆောင်ကျဉ်းပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် မြန်မာပြည်မှာ ဆိုင်ခွဲ ၁၀ ခု ဝန်းကျင် ဖွင့်လှစ် လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

Krispy Kreme ရဲ့ အမှတ်အသားလက္ခဏာ အဖြစ် ထင်ရှားတဲ့ ဒိုးနပ်က Original Glazed Doughnut ဖြစ်ပါတယ်။ လုပ်ငန်းကို ၁၉၃၇ ခုနှစ်မှာ စတင်ထူထောင်လုပ်ကိုင်ခဲ့ပြီး ယခုအခါ ဒိုးနပ်အမျိုးမျိုးတို့ကို ကော်ဖီကောင်းကောင်းနဲ့ တွဲဘက်ရောင်းချပါတယ်။ အမေရိကမှာ ၎င်းရဲ့ ဒိုးနပ်တွေကို စားသောက်ဆိုင် ဖွင့်ပြီး ရောင်းချတဲ့အပြင် ကုန်စုံဆိုင်တွေ၊ မုန့်ဆိုင်တွေမှာလည်း ရောင်းချပါတယ်။ ယခုအခါ နိုင်ငံပေါင်း ၃၂ နိုင်ငံမှာ လက်လီဆိုင်ပေါင်း ၁၄၀၀ ဖွင့်လှစ် လုပ်ကိုင်လျက် ရှိပါတယ်။

Local News Read 443 times