အခြားနိုင်ငံများ၏ ငွေကြေးဖောင်းပွမှု လျှော့ချရန် လုပ်ဆောင်ချက်များ


22 February, 2018

အခြားနိုင်ငံများ၏ ငွေကြေးဖောင်းပွမှု လျော့ချရန် လုပ်ဆောင်ချက်များ

ငွေကြေးဖောင်းပွမှုကို ပုံမှန်အားဖြင့် ဗဟိုဘဏ် သို့မဟုတ် အစိုးရအနေဖြင့် ထိန်းချုပ်ရန် ကြိုးစားလေ့ရှိကြပြီး ကမ္ဘာ့နိုင်ငံကြီးများတွင် အောက်ပါနည်းလမ်းများဖြင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလေ့ရှိကြပါသည်။

၁။ ငွေရေးကြေးရေးမူဝါဒအသစ်များ

စီးပွားရေးဖွံ့ဖြိုးလာသောကြောင့် ဝယ်လိုအားမှာ အလျင်အမြန်မြင့်တက်လာလျက်ရှိပြီး ရှိရင်းစွဲကုန်စည် ပမာဏထက်ပင် ပိုမိုကျော်လွန်သွားနိုင်ပါသည်။

ထိုအခါ ငွေကြေးဖောင်းပွမှု ဒဏ်များကိုဖြစ်ပေါ်စေနိုင်သောကြောင့် ရောင်းမည့်ကုန်ပစ္စည်းများကို စျေးနှုန်းမြှင့်တင်ခြင်းဖြင့်လည်း အထိုက်အလျောက် ကာကွယ်နိုင်မည်ဖြစ်ပါသည်။

ရောင်းချသောကုန်စည်များကိုစျေးတင်လိုက်သောကြောင့် စုပေါင်းဝယ်လိုအားလျော့ကျခြင်းဖြစ်ပေါ်စေပြီး ငေါကြေးဖောင်းပွမှုကိုလည်း အလားတူလျော့ကျလာစေပါသည်။

ဗဟိုဘဏ် အနေဖြင့်လည်း ငွေလာရောက်အပ်နှံရန် စိတ်ဝင်စားမှုနှုန်းမြင့်တက်လာအောင် ချီးငွေအတိုးနှုန်းမြှင့်၍ အပ်ငွေအတိုးရနှုန်းမြှင့်တင်ခြင်းကိုလုပ်ဆောင်သင့်ပြီး ၎င်းသည် ငွေချေးသူအရေအတွက် လျော့ကျစေပြီး ဘဏ်တွင်ငွေအပ်နှံမှုများပြုလုပ်လာစေပါသည်။

ငွေကြေးဖောင်းပွမှုဒဏ်ခံနိုင်စေရန် သွင်းကုန်များ စျေးသက်သာအောင်ပြုလုပ်ခြင်း၊ တင်ပို့ကုန်များ၏ ဝယ်လိုအားကို လျော့ချခြင်းနှင့် ကုန်ကျစရိတ်များလျော့ချပေးခြင်းဖြင့် တင်ပို့သူများတိုးပွားလာစေရန် မက်လုံးပေးသင့်ပါသည်။

၂။ ငွေကြေးထောက်ပံ့မှုများကို ထိန်းချုပ်ခြင်း

ငွေကြေးဖောင်းပွမှုနှင့် ငွေကြေးထောက်ပံ့မှုတို့ကြားတွင် အလွန်နီးစပ်သော ဆက်နွယ်မှုတစ်ခုရှိသောကြောင့် ငွေကြေးထောက်ပံ့မှုကို ထိန်းချုပ်ခြင်းဖြင့်လည်း ငွေကြေးဖောင်းပွမှုကိုပါထိန်းချုပ်နိုင်မည်ဖြစ်သည်။

၃။ အထောက်အပံ့ပိုင်းမူဝါဒများ

တစ်ခါတစ်ရံ့တွင် ငွေကြေးဖောင်းပွမှုကြောင့် ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျလာပြီး ကုန်ကျစရိတ်များလည်း များပြားလာပါသည်။

အထောက်အပံ့ပိုင်းဆိုင်ရာ မူဝါဒများပြောင်းလဲခြင်းဖြင့် စီးပွားရေးဆိုင်ရာများ ပြန်လည်တိုးတက်လာနိုင်ပြီး စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ပြန်လည်မြှင့်တက်လာကာ ငွေကြေးဖောင်းပွမှု ဒဏ်ကိုလည်း အနည်းငယ် သက်သာလာစေနိုင်ပါသည်။

၄။ အခွန်ငွေနှင့် ပတ်သက်သော မူဝါဒများ

အစိုးရအနေဖြင့် အခွန်ကောက်ခံမှုနှုန်းထားကို မြှင့်တင်ခြင်း နှင့် သုံးစွဲငွေလျော့ချခြင်းများပြုလုပ်ခြင်းဖြင့် နိုင်ငံဘက်ဂျက်အခြေအနေကို တိုးတက်လာစေပြီးတော့ စီးပွားရေးအရ ဝယ်လိုအားကို လျော့ကျလာစေပါသည်။

ထိုနည်းလမ်းနှစ်ခုစလုံးသည် ငွေကြေးဖောင်းပွမှုလျော့ချပေးနိုင်သကဲ့သို့ စုပေါင်းဝယ်လိုအား တိုးတက်မှုနှုန်းကိုလည်း လျော့ကျစေနိုင်ပါသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမြန်လျှင် စုပေါင်းဝယ်လိုအားလျော့ကျစေခြင်းဖြင့် စီးပွားရေးကျဆင်းမှုမရှိပဲ ငွေကြေးဖောင်းပွမှုကို လျော့ကျစေနိုင်ပါသည်။

အကယ်၍တိုင်းပြည်တစ်ပြည်ဟာ ငွေကြေးဖောင်းပွမှုနှုန်းမြှင့်တက်၍ ဖွံ့ဖြိုးတိုးတက်မှုနှိမ့်ကျနေလျှင် စုပေါင်းဝယ်လိုအားပါလျော့ကျစေသကဲ့သို့ ငွေကြေးဖောင်းပွမှုမြှင့်တက်လျှင် ထုတ်ကုန်လျော့ကျ၍ အလုပ်လက်မဲ့ဦးရေများပြားလာစေပါသည်။

အလုပ်လက်မဲ့ဦးရေများပြားခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းလျော့ကျစေသော်လည်း စီးပွားရေးကိုမူ များစွာ ထိခိုက်နစ်နာစေပါသည်။

၅။ လုပ်ခလစာ ထိန်းချုပ်ခြင်း

ငွေကြေးဖောင်းပွခြင်းဟာ လုပ်ခလစာမြှင့်မားမှုကြောင့်ဖြစ်ပေါ်လျှင် လုပ်ခလစာနှုန်းထားကို စံနှုန်းတစ်ခုထား၍ ငွေကြေးဖောင်းပွမှုကို လျော့နည်းလာအောင်လည်း လုပ်ဆောင်နိုင်ပါသည်။

လစာငွေနည်းသွားခြင်းကြောင့် ဝယ်လိုအားကိုလည်းလျော့နည်းစေကာ ငွေကြေးဖောင်းပွမှုကို လျော့နည်းလာစေပါသည်။

ဗြိတိန်နိုင်ငံအနေဖြင့် ၁၉၇၀ ခုနှစ်တွင် ဝင်ငွေထိန်းချုပ်သော ပေါ်လစီဖြင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း ခက်ခဲခဲ့ပါသည်။

Tips Read 3335 times