လက်ရှိဘဏ္ဍာနှစ်အတွက်အစိုးရကမျှော်မှန်ထားသည့်ရင်းနှီးမြှုပ်နှံမှုပမာဏ၏ထက်ဝက်ကျော်ကိုဘဏ္ဍာနှစ်အစ သုံးလကျော်တွင်ရရှိထားကြောင်းသိရသည်။
အစိုးရအနေနှင့် ၂၀၁၇-၁၈ဘဏ္ဍာနှစ်အတွက်ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏကိုအမေရိကန်ဒေါ်လာ ၆ ဘီလီယံမျှော်မှန်းထားတာဖြစ်ပြီးလက်ရှိဇူလိုင်လလယ်ထိခွင့်ပြုထားသည့်ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ၃.၁ ဘီလီယံကျော်ရှိကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှထုတ်ပြန်သည့်အချက်အလက်များအရ သိရပါသည်။
ယခုနှစ်ရင်းနှီးမြှုပ်နှံမှုတွင်အလားအလာကောင်းကြောင်းသိရသည်။
ရင်းနှီးမြှုပ်နံှမှုကော်မရှင်အနေဖြင့်ဇူလိုင်လလယ်ထိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၉၃ ခုပမာဏအားဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း ၂.၇ ဘီလီယံကျော်ရှိပြီး နိုင်ငံသားရင်းနှီးမြှုပ်နံှမှုပေါင်း ၃၃ ခုရင်းနှီးမြှုပ်နံှမှု ပမာဏပေါင်းအမေရိကန်ဒေါ်လာသန်း ၃၉၆ သန်းကျော်ထိရှိခဲ့ပါသည်။
မြန်မာနိုင်ငံအတွင်းတွင်လာရောက်ရင်းနှီးမြှုပ်နှံထားသည့်ရင်းနှီးမြှုပ်နှံမှုများထဲတွင်အမေရိကန်ဒေါ်လာသန်း ၁၀၁၈.၉ မီလီယံနှင့်စက်မှုလုပ်ငန်းကဏ္ဍတွင်အများဆုံးရင်းနှီးမြှုပ်နှံထားပြီး အိမ်ယာအဆောက်အဦးတည် ဆောက်ရေးကဏ္ဍကအမေရိကန်ဒေါ်လာ ၈၈၆.၁၄ သန်းဖြင့်ဒုတိယအများဆုံးအဖြစ်ရပ်တည်နေပါသည်။
Source:7daydaily