ပါကစ္စတန်ကြွေးမြီ  IMF ထက် တရုတ်ကြွေးမြီ ပိုများဟု IMF ပြောကြား


04 September, 2022

ပါကစ္စတန်ကြွေးမြီ  IMF ထက် တရုတ်ကြွေးမြီ ပိုများဟု IMF ဆို

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ နောက်ဆုံး အစီရင်ခံစာအရ နိုင်ငံပိုင် စီးပွားရေးဘဏ်များ အပါအဝင် ပါကစ္စတန်သည် တရုတ်နိုင်ငံသို့ ၎င်း၏ နိုင်ငံခြားကြွေးမြီ၏ ၃၀ ရာခိုင်နှုန်းကို အကြွေးတင်ထားကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ ငွေချေးငှားသူ စာရွက်စာတမ်းကို ကိုးကား၍ Bloomberg က တင်ပြသည်မှာ တရုတ်ကြွေးမြီ ပါဝင်မှု အချိုးအစားသည် ဖေဖော်ဝါရီတွင် ၂၇% ရှိခဲ့ပြီး ၃% တိုးလာသဖြင့်  ၃၀% ဖြစ်လာသည်။ 

ကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ တိုးမြှင့်ပြင်ဆင်ပြီးနောက် ပါကစ္စတန်သည် ဖေဖော်ဝါရီလတွင် တရုတ်တရုတ်ကြေွးမြီ ကန်ဒေါ်လာ ၂၅ ဒသမ ၁ ဘီလီယံ ရှိခဲ့ရာမှ ယခု ကန်ဒေါ်လာ ၃၀ ဘီလီယံ အကြွေးတင်‌နေကြောင်း IMF အစီရင်ခံစာက ဆိုသည်။
ပါကစ္စတန်သို့ တရုတ်အကူအညီများ၏ ကြွေးမြီသည် IMF ကြွေးမြီထက် သုံးဆပိုများသည်။ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံဖြိုးရေးဘဏ် ကြွေးမြီနှစ်ရပ်‌ေပါင်းထက်လည်း ကျော်လွန်နေသည်ဟု ဆိုသည်။

IMF ၏အမှုဆောင်ဘုတ်အဖွဲ့မှ ပါကစ္စတန် ကို ကယ်ထုတ်ရန်အတွက် ကန်ဒေါ်လာ ၁.၁ ဘီလီယံ ထုတ်ပေးရန် အတည်ပြုခဲ့ပါသည်။

တရုတ်၊ ကာတာ၊ ဆော်ဒီ၊ ယူအေအီးတို့ထံမှလည်းကောင်း၊ World Bank, Asian Development Bank,  Islamic Development Bank အစရှိသော နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းများထံမှ လည်းကောင်း စုစုပေါင်း ကန်ဒေါ်လာ ၄ ဘီလီယံ ရရှိရန် ကတိကဝတ်များကို ပါကစ္စတန် ရရှိထားပါသည်။
Source: bloomberg 
#MyanmarIndustriesGuide 
Telegram Channel https://t.me/Guid4U

Banking & Loan Read 557 times