တစ်နှစ်တာ ကာလအတွင်း မနလ ၆ သိန်းကျော် စိစစ်ဆောင်ရွက်ပေးခဲ့


28 June, 2020

မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထားသူများအား တိုင်းဒေသကြီး ပြည်နယ်များရှိ မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံး ၁၇ ရုံးနှင့် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း မြို့တို့ရှိ ရုံးခွဲများတွင် စိစစ်ပေးလျက်ရှိရာ ၂၀၁၉ ဧပြီလမှ ၂၀၂၀ မတ်လ တစ်နှစ်တာ ကာလအတွင်း 

အမျိုးသား ၃၆၈, ၈၁၁ ဦး၊

အမျိုးသမီး ၂၆၈, ၆၈၈ ဦး၊

စုစုပေါင်း ၆၃၇, ၄၉၉ဦးတို့ကို

စိစစ် ဆောင်ရွက်ပေးခဲ့ကြောင်း၊

အမည်မည်း စာရင်း(Black List) ဖြေလျှော့ ဆောင်ရွက်ပေးရာတွင် အစိုးရသစ် တာဝန်ယူစဉ် ကာလအတွင်း မြန်မာနိုင်ငံသား ၃၃၅ ဦးနှင့်

နိုင်ငံခြားသား ၄၆၉ ဦးတို့ကို

ပယ်ဖျက်နိုင်ခဲ့ကြောင်း၊

မြန်မာနိုင်ငံသားဟောင်းများအား မြန်မာနိုင်ငံသား အဖြစ် ပြန်လည် ခံယူခွင့်ပြုရေးအတွက် ၂၀၁၂ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ ယခုအထိ

လျှောက်ထားသူ ၄၈၉ ဦး ရှိပြီး

၃၀၆ ဦးအား ခွင့်ပြုပေးနိုင် ခဲ့ကြောင်း၊

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်မှ ယနေ့အထိ

လျှောက်ထားသူစုစုပေါင်း ၆၈၆ ဦး ရှိပြီး

၆၁၇ ဦးအား ခွင့်ပြုပေး၍

၅၉၀ ဦးကို နိုင်ငံခြား သား အမြဲ နေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

(Xinhua)

Local News Read 629 times