မန္တလေးမြို့သစ်စီမံကိန်းတည်ဆောက်ခွင့်ရရှိခဲ့သည့် အဖွဲ့သုံးဖွဲ့ယခုလကုန်နောက်ဆုံးထား တင်ပြရမည်


16 November, 2018

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီး ဧရိယာ ၁ဝ,ဝဝဝ ဧကခန့်တွင် တည်ဆောက်မည့် မန္တလေးမြို့သစ်စီမံကိန်း (New Mandalay Resort City)၏ Master Plan ကို စီမံကိန်းတည်ဆောက်ခွင့်ရရှိခဲ့သည့် အဖွဲ့သုံးဖွဲ့က ယခုလကုန်နောက်ဆုံးထား တင်ပြရမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။

 

စိတ်ဝင်စားမှုအဆိုပြုလွှာ

ယင်းစီမံကိန်းတည်ဆောက်ရန် အတွက် စိတ်ဝင်စားမှုအဆိုပြုလွှာများကို ဖေဖော်ဝါရီလဆန်းပိုင်းက ခေါ်ယူခဲ့ခြင်းဖြစ်ပြီးရွှေတောင်ကုမ္ပဏီအပါအဝင်ဆောက်လုပ်ရေးကုမ္ပဏီသုံးခုကို နောက်ဆုံးအဆင့်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

 

Master Plan နောက်ဆုံးတင်ပြရမည့်နေ့

ရွေးထားသည့် အဖွဲ့သုံးဖွဲ့ကို Master Plan ရေးဆွဲခိုင်းထားပါတယ်။ထိုအထဲတွင် Detial Plan,Financial Plan များ အားလုံးပါတယ်။ဒီ Master Plan ပေါ်မူတည်ပြီးမှ သက်ဆိုင်ရာဇုန်အလိုက်ကို တာဝန်ပြန်ခွဲဝေပေးမယ်။Master Plan ကတော့ နိုဝင်ဘာ ၃ဝ ရက်နောက်ဆုံးထားပြီး တင်ခိုင်းထားသည် ဟု သိရပါတယ်။

 

Master Plan ရေးဆွဲမှုပြီးစီးလျှင်

 Master Plan တင်ပြမှုပြီးစီးပါက Request for Proposal (RFP) တင်သွင်းရမည်ဖြစ်ကာ ထိုအဆင့်ပြီးစီးပါက လာမည့် ၂ဝ၁၉ ခုနှစ်ထဲတွင် တည်ဆောက်မှုများ စတင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ထို့ပြင် Master Plan ရေးဆွဲမှုပြီးစီးမှသာ စီမံကိန်းကုန်ကျစရိတ် ကိုထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

တည်ဆောက်မှုကာလသတ်မှတ်

ဧက ၁ဝ,ဝဝဝ ခန့်ရှိသော အဆိုပါစီမံကိန်းကို လူမှုစီးပွားဖွံ့ဖြိုးရေး၊မြို့ပြဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအခြေခံသည် Green,Clean, and Smart City အဖြစ် အပိုင်းလိုက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကာ တည်ဆောက်မှုကာလ ၁၅ နှစ်ခန့် သတ်မှတ်ထားကြောင်း သိရပါတယ်။

Pyi Myanmar

Local News Tips Read 689 times