တရုတ်နိုင်ငံ အခြေစိုက် စက်သုံးဆီ ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ PetroChina က မြန်မာနိုင်ငံအတွင်း စက်သုံးဆီလက်လီ အရောင်းဆိုင်များ တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။
Petro China ဟာ မြန်မာနိုင်ငံအတွင်း စက်သုံးဆီ လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ရာတွင် ၎င်း ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီခွဲတစ်ခု အမည်ဖြင့် ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပါတယ်။
Petro Chinz က SPC အမည်ဖြင့် ဖွင့်လှစ်ရောင်းချတဲ့ ပထမဆုံး စက်သုံးဆီ လက်လီအရောင်းဆိုင်ကို ရန်ကုန်မြို့မှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။
SPC ဆိုတဲ့ ကုန်အမှတ်တံဆိပ်ဟာ အရှေ့တောင်အာရှနိုင်ငံများရှိ စက်သုံးဆီ လက်လီအရောင်းဈေးကွက်မှာ ထိပ်တန်းအဆင့်ရရှိထားတဲ့ အမှတ်တံဆိပ်ဖြစ်တာကြောင့် မြန်မာနိုင်ငံအတွင်း စက်သုံးဆီ လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချရာတွင် ၎င်းအမှတ်တံဆိပ်ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း Petro China ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Petro China မှ SPC လို့ အမည်ပေးထားတဲ့ စက်သုံးဆီဆိုင်များကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ တိုးချဲ့ဖွင့်လှစ်သွားဖို့ ပြင်ဆင်မှုများပြုလုပ်နေတယ်လို့ သိရပါတယ်။
City News