ချေးငွေ အထောက်အပံ့ ကြီးကြီးမားမား ရရှိနိုင်စေဖို့ ဖိလစ်ပိုင် အစိုးရက ကိုဗစ်ဆိုးဝါးနေတဲ့ကြားမှာ COVID-19 ကို လုပ်ငန်းတွေ တိုက်ပွဲဝင်နိုင်ဖို့ ရန်ပုံငွေကို အမေရိကန်ဒေါ်လာ ၂၁.၆၅ ဘီလျံသို့ မြှင့်တင်လိုက်တယ်လို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်အခြေစိုက် Asian Development Bank (ADB) မှ ထုတ်ပြန်ပါတယ်။
ADB ရဲ့ COVID-19 ဆိုင်ရာ အချက်အလက်များမှ နောက်ဆုံးရ အချက်အလက်များအရ ဖိလစ်ပိုင် အစိုးရက COVID-19 ရန်ပုံငွေကို ဧပြီလမှာ အမေရိကန်ဒေါ်လာ ၁၆.၅ ဘီလျံ၊ မေလမှာ အမေရိကန်ဒေါ်လာ ၁၉.၈ ဘီလျံ၊ ဇွန်လမှာ အမေရိကန်ဒေါ်လာ ၂၀.၁ ဘီလျံ၊ ဇူလိုင်လမှာ အမေရိကန်ဒေါ်လာ ၂၁.၁ ဘီလျံ၊ စက်တင်ဘာလမှာ အမေရိကန်ဒေါ်လာ ၂၁.၅ ဘီလျံ တိုးမြှင့် ခဲ့ပါတယ်။
ဖိလစ်ပိုင် အစိုးရပိုင် Land Bank ထဲသို့ ဖိလစ်ပိုင်ပီဆိုငွေ တစ်ဘီလျံကို ထပ်မံဖြည့်တင်းပေးလိုက်ပါတယ်။ Land Bank ဟာ အစိုးရဌာနတွေမှ ကိုင်တွယ်ပေးတဲ့ ချေးငွေတွေကို တာဝန်ယူလုပ်ကိုင်ပေးနေတဲ့ ဘဏ် ဖြစ်ပါတယ်။
မူလက ၁၀ ဘီလျံ ထည့်ပေးထားတာကို အခု နောက်ထပ် ၁၀ ဘီလျံ ထပ်ထည့်ပေးလိုက်လို့ စုစုပေါင်း ဖိလစ်ပိုင်ပီဆို ၂၀ ဘီလျံ ဖြစ်သွားပါတယ်။ ၂၀၁၉ ခုနှစ် ဂျီဒီပီရဲ့ ၅.၈၈ % ရှိပါတယ်။ နိုင်ငံသား တစ်ဉီးချင်းအရ ပျမ်းမျှချကြည့်ရင် အမေရိကန်ဒေါ်လာ ၂၀၃ နီးပါး ရှိပါတယ်။ ဖိလစ်ပိုင်ပီဆိုအရဆိုရင် ပီဆို ၉,၇၉၇ ရှိပါတယ်။
ယခုအထိ ဖိလစ်ပိုင် အစိုးရ ကိုဗစ်-၁၉ အတွက် ချေးငွေရန်ပုံငွေပမာဏဟာ အရှေ့တောင်အာရှမှာ ဆဌမနေရာမှာ ရှိနေပါတယ်။ အတည်ပြုလူနာ တွေ့ရှိမှု စုစုပေါင်းအရ ငါးသိန်းနှစ်သောင်းကျော်ဖြင့် ဒုတိယ နေရာမှာ ဖြစ်ပါတယ်။ ပထမနေရာမှာ အင်ဒိုနီးရှားက ငါးသိန်းနှစ်သောင်းကျော် ရှိပါတယ်။ တတိယနေရာမှာတော့ ရှစ်သောင်းခွဲကျော်ဖြင့် မြန်မာနိုင်ငံ ရောက်ရှိနေတယ်။ စတုတ္ထနေရာမှာ ခြောက်သောင်းကျော်ဖြင့် မလေးရှားနိုင်ငံ ရှိနေပါတယ်။
ရက်ပိုင်းအတွင်း နေ့စဉ် လူနာသစ် တွေ့ရှိမှုမှာတော့ အင်ဒိုနီးရှားက ၅,၀၀၀ ဦးဝန်းကျင်မှာ ရှိပြီး ဖိလစ်ပိုင်နဲ့ မြန်မာတို့က ၁,၅၀၀ ဦးဝန်းကျင်မှာ ရှိနေပါတယ်။ မလေးရှားက ၁,၀၀၀ ဝန်းကျင်မှာ ရှိပါတယ်။
အစိုးရအသီးသီးရဲ့ ကိုဗစ်-၁၉ ချေးငွေရန်ပုံငွေ ပမာဏများ-
၁။ အင်ဒိုနီးရှားက အမေရိကန်ဒေါ်လာ ၁၁၅ . ၇၈ ဘီလျံ
၂။ စင်ကာပူက အမေရိကန်ဒေါ်လာ ၈၉ . ၁၄ ဘီလျံ
၃။ ထိုင်းက အမေရိကန်ဒေါ်လာ ၈၄ . ၀၉ ဘီလျံ
၄။ မလေးရှားက အမေရိကန်ဒေါ်လာ ၈၀ . ၇၈ ဘီလျံ
၅။ ဗီယက်နမ်က အမေရိကန်ဒေါ်လာ ၂၆ . ၅ ဘီလျံ
၆။ ဖိလစ်ပိုင်က အမေရိကန်ဒေါ်လာ ၂၁.၆၅ ဘီလျံ
၇။ ကမ္ဘောဒီးယားက အမေရိကန်ဒေါ်လာ ၂ . ၂၁ ဘီလျံ
၈။ ဘရူနိုင်းက အမေရိကန်ဒေါ်လာ ၃၁၈ . ၁၂ သန်း
၉။ တီမောက အမေရိကန်ဒေါ်လာ ၂၅၄ သန်း
၁၀။ မြန်မာက အမေရိကန်ဒေါ်လာ ၉၈ . ၆၄ သန်း
၁၁။ လာအိုက အမေရိကန်ဒေါ်လာ ၃၀ . ၃၅ သန်း
ကိုဗစ် တုံ့ပြန်ဆောင်ရွက်ရေး ချေးငွေရန်ပုံငွေကို နိုင်ငံတွင်းရှိ လူဉီးရေအရ တစ်ဉီးချင်း ပျမ်းမျှချကြည့်ရင်-
စင်ကာပူက အများဆုံးဖြစ်ပြီး လူတစ်ဦးကျ အမေရိကန်ဒေါ်လာ ၁၅,၈၀၉ ရှိပါတယ်။
မလေးရှားက အမေရိကန်ဒေါ်လာ ၂,၅၆၂ ရှိပါတယ်။
ထိုင်းက အမေရိကန်ဒေါ်လာ ၁,၂၂၁ ရှိပါတယ်။
ဘရူနိုင်းက အမေရိကန်ဒေါ်လာ ၇၄၁ ရှိပါတယ်။
အင်ဒိုနီးရှားက အမေရိကန်ဒေါ်လာ ၄၃၂ ရှိပါတယ်။
ဗီယက်နမ်က အမေရိကန်ဒေါ်လာ ၂၇၇ ရှိပါတယ်။
ဖိလစ်ပိုင်က အမေရိကန်ဒေါ်လာ ၂၀၃ ရှိပါတယ်။
တီမောက အမေရိကန်ဒေါ်လာ ၂၀၀ ရှိပါတယ်။
ကမ္ဘောဒီးယားက အမေရိကန်ဒေါ်လာ ၁၃၆ ရှိပါတယ်။
လာအိုက ၅ အမေရိကန်ဒေါ်လာအောက်မှာ ရှိပါတယ်။
မြန်မာက ၂ အမေရိကန်ဒေါ်လာအောက်မှာ ရှိပါတယ်။
၂၀၁၉ ဂျီဒီပီနဲ့ ကြည့်ရင်
ဘရူနိုင်းက ၂.၆၆ %
ကမ္ဘောဒီးယားက ၈.၂၇ %
အင်ဒိုနီးရှားက ၁၀.၉၄ %
လာအိုက ၀.၁၆ %
မလေးရှားက ၂၂.၇၃ %
မြန်မာက ၀.၁၃ %
စင်ကာပူက ၂၃.၃၅ %
ထိုင်းက ၁၅.၉၆ %
တီမောက ၈.၆၅ %
ဗီယက်နမ်က ၁၀.၁၂ %
အခု ဖော်ပြခဲ့တဲ့ စာရင်းတွက်ချက်မှုမှာ အခုရက်ပိုင်း ထပ်တိုးတာတွေ မပါဝင်ပါဘူး။
အင်ဒိုနီးရှားက ဩစတေးလျထံမှ အမေရိကန်ဓဒါ်လာ တစ်ဘီလျံကို နိုဝင်ဘာလ ၂၂ ရက် ချေးငွေရယူဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီး Sri Mulyani Indrawati က ရှင်းလင်းတင်ပြတာမှာ ရရှိလာတဲ့ ချေးငွေတွေကို အငယ်စား အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (micro, small and medium enterprises - MSMEs) အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် အကူအညီများ၊ ကူးစက်ရောဂါတုံ့ပြန်မှုနှင့်စီးပွားရေးပြန်လည်နာလန်ထူရေးအစီအစဉ်များအတွက် ရန်ပုံငွေများကိုအသုံးပြုသွားမယ်လို့ ဆိုပါတယ်။
business.inquirer.net/