အားကောင်းသော သုံးစွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှုများကြောင့် ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ယခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၆ ဒသမ ၇ ရာခိုင်နှုန်း ရှိစေရန်ထိန်းထားနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ သိရသည်။
သို့သော် IMF သည် ဖိလစ်ပိုင်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်း၊ စီးပွားရေးအပေါ်သက်ရောက်သော ပြင်ပအခြေအနေများ ပြောင်းလဲမှုမြင့်တက်လာခြင်း အစရှိသည့် ရေတိုပြသနာများရှိနေကြောင်း သတိထားမိသည်။
ထို့အပြင် IMF သည် ဖိလစ်ပိုင်၏ လက်ရှိ ကုန်သွယ်ရေးလိုငွေပြနေခြင်းအတွက် ခန့်မှန်းချက်ကိုလည်း ပြန်လည်ပြင်ဆင်ခဲ့ပါသည်။
ဖိလစ်ပိုင်၏ လက်ရှိကုန်သွယ်ရေး လိုငွေပြမှုသည် ၂၀၁၈ ခုနှစ်ကုန်တွင် GDP ၏ ၀ ဒသမ ၃ ရာခိုင်နှုန်းသို့မြင့်တက်လာမည်ဟု IMF က ခန့်မှန်းထားသည်။
သို့သော်လည်း ထုတ်ကုန်များနှင့် ကုန်ကြမ်းများတင်သွင်းမှု မြင့်တက်လာခြင်းကြောင့် လိုငွေပြမှုသည် ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာလိမ့်မည်ဟု နောက်ပိုင်းတွင် IMF က ပြောင်းလဲခန့်မှန်းခဲ့သည်။
ဖိလစ်ပိုင်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ ငွေကြေးပံ့ပိုးမှု အများအပြားရရှိလာသဖြင့် ထိုကဲ့သို့ငွေကြေးလိုငွေပြမှုကို စီမံနိုင်ဖွယ်ရှိကြောင်း IMF က ပြောခဲ့သည်။
ယခုနှစ်အစောပိုင်းတွင် ဖိလစ်ပိုင်ပီဆိုသည် အမေရိကန်ဒေါ်လာနှင့် ယှဉ်ပါက ၆ ရာခိုင်နှုန်း ပိုမိုအားနည်းနေခဲ့သည်။
ထို့ကြောင့် ဖိလစ်ပိုင်ငွေကြေးသည် အာရှ၏ စွမ်းဆောင်ရည်အနိမ့်ဆုံးဖြစ်နေသည့် ငွေကြေးများထဲတွင်တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။
တိုးတက်မှုနှင့် မိုက်ခရိုစီးပွားရေး တည်ငြိမ်မှုအကြား ဟန်ချက်ညီစေဖို့အတွက် ငွေကြေးဖောင်းပွမှုဖြစ်နိုင်ခြေတွေကို လျော့ကျစေမည့် မူဝါဒများ ပြင်ဆင်ဖို့လိုအပ်ကြောင်း၊ တစ်ချိန်တည်းမှာပဲ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဟာလည်း တိုးတက်မှုကို ဆက်ပြီးပံ့ပိုးနေဖို့ လိုအပ်ကြောင်း IMF ကပြောခဲ့သည်။
Daily Eleven