ပခုက္ကူသီးနှံဈေးကွက်တွင် ပဲစဉ်းငုံတစ်တင်းဈေးမှာ ကျပ်တစ်သောင်းအောက်သာရှိနေ


19 April, 2018

ပခုက္ကူသီးနှံဈေးကွက်တွင် မြစ်ရေဝင်ဒေသထွက် စီပီပြောင်းဖူးစေ့မှာ တစ်တင်းလျှင် ၁၀၀၀ ကျပ်အထက် ဈေးနှုန်းအမြင့်ဖြင့် ရောင်းဝယ်နေပြီး ပဲစင်းငုံမှာ တစ်တင်း ကျပ်တစ်သောင်းအောက်သာ ရှိနေဆဲဖြစ်ကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။

စီပီပြောင်းဖူးစေ့မှာ ယခုဖြစ်ပေါ်နေသည့် တစ်တင်းလျှင် ကျပ် ၁၀၃၀၀ ဈေးနှုန်းမှာ စီပီပြောင်းဖူးစေ့ ရောင်းဝယ်သည့်ကာလတစ်လျှောက် အမြင့်ဆုံးဈေးနှုန်းဖြစ်ပြီး တရုတ်ဝယ်လက်များနှင့် ပြည်တွင်းကြက်စာလုပ်ငန်းများမှ အဓိကဝယ်ယူနေကြောင်း သိရသည်။

စီပီပြောင်းဖူးစေ့မှာ ပခုက္ကူနှင့် ရေစကြိုမြို့နယ်အတွင်းရှိ မြစ်ရေဝင်ဒေသမျ ားတွင် အဓိကထားစိုက်ပျိုးပြီး တစ်တင်းလျှင် အနိမ့်ဆုံးဈေ း ကျပ် ၆၀၀၀ ဝန်းကျင်ရှိသည့်အတွက် တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးသူ များပြားလာကြောင်း သိရသည်။

ပဲစင်းငုံသီးနှံမှာ မဟာသင်္ကြန်ကာလထိ ဝယ်လက်နည်းပါးဆဲဖြစ်သည့်အတွက် ပဲစင်းငုံ (အသစ်) တစ်တင်းလျှင် အမြင့်ဆုံး ကျပ်၉၅၀၀ နှင့် ပဲစင်းငုံ (အဟောင်း) တစ်တင်းလျှင် ကျပ်၁၂၀၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိကြောင်း သိရသည်။

ယခုနှစ် ပခုက္ကူသီးနှံဈေးကွက်အတွင်း ပဲစင်းငုံနှင့် မတ်ပဲမှာ ဈေးနှုန်းအနိမ့်ဖြင့် ဆက်လက်ရောင်းဝယ်ခဲ့ရပြီး ကျန်သီးနှံများမှာ ထိုက်သင့်သည့် ဈေးနှုန်းမြင့် ရောင်းဝယ်နိုင်ခဲ့သည့်အတွက် တောင်သူများအတွက် အကျိုးအမြတ်ရှိကြောင်း သိရသည်။

ပဲစင်းငုံဈေးနှုန်း အလွန်အမင်း ကျဆင်းမှုမဖြစ်စေရန်အတွက် ဈေးနှုန်းသတ်မှတ်ဝယ်ယူမည့် အစီအစဉ်မှာလည်း ဝယ်ယူမည့်ဈေးနှုန်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပဲ၊ နှမ်း အသင်းတာဝန်ရှိသူများနှင့် နယ်ကုန်စည်ဒိုင်များမှ တာဝန်ရှိသူများ ဆွေးနွေးဆဲသာဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

ပဲစင်းငုံအဓိကဝယ်ယူရာ အိန္ဒိယနိုင်ငံမှ ပြီးခဲသည့် ၂၀၁၇ ခုနှစ် သြဂုတ်လမှစ၍ ပဲတင်သွင်းခွင့် ကန့်သတ်လိုက်ခြင်းကြောင့် ဈေ းနှုန်း အလွန်အမင်း ကျဆင်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ တစ်တင်း အမြင့်ဆုံး ကျပ် ၈၅၀၀ မှာ ၁၀ စုနှစ်အတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ကြောင်း သိရသည်။

Source: Eleven

  •  
Local News Read 561 times