ညောင်ဦးမြို့နယ်တွင် ပဲတီးစိမ်းများဈေးကောင်းရ၍ တောင်သူများအဆင်ပြေ


17 May, 2018

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု၊ ကတောအုပ်စုရှိကျေးရွာများ လက်ပံခြေပေါ်မြစ်ရေတင်ရေဖြင့် စိုက်ပျိုးထားသော ပဲတီစိမ်းအရပ်အခေါ်(ပဲနောက်) စိုက်ပျိုးတောင်သူများ ဈေးကောင်းရရှိသဖြင့် မိသားစုဝင်ငွေ အဆင်ပြေနေကြကြောင်း သိရသည်။

အဆိုပါ ပဲတီးစိမ်းများကို ဧပြီလတွင်စိုက်ပျိုးကာ စိုက်ပျိုးပြီး ရက်ပေါင်းလေး ဆယ်ကျော်လျှင် စတင်ခူးဆွတ်ရ ကြောင်းသိရပြီး ရေအနေအထားကတော့ သုံးခါလောက်ပေးပြီး အပွင့်စပွင့်တယ် လေးရေမြောက်လောက်တွင်အသီးများ စတင်သီးပြီး ပဲတီစိမ်းသီးများ အညိုရောင်သန်းလျင် စတင်ခူးဆွတ် ရကြောင်းသိရသည်။ ဒီနှစ်အသီးက တော့ထွားတယ် အစိတွေအားလုံးနီး ပါးအောင်တယ်။ ဈေးကောင်းလဲရတယ် ဒီနှစ်ပဲနောက် တစ်တင်းကို လေးသောင်း ကျပ်ရပြီး တစ်တင်းကို ဆယ့်ကိုးပိသာ၊ တစ်ပိသာ သုံးထောင်ကိုးရာကျပ်ကျော်ရရှိပြီး မနှစ်ကဈေးနှုန်း ထက် ကျပ်တစ်သောင်း ပိုကြောင်း ပဲတီစိမ်းစိုက်တောင်သူတစ်ဦးက ပြောပြခဲ့ပါသည်။

မြစ်ရေတင်ဝန်ထမ်းတွေကလည်း ပဲတီစိမ်းစိုက်တောင်သူ တွေရဲ့စိုက်ခင်းတွေကို အမြဲလာရောက်ကြည့်ရှုပြီး စိုက်ခင်း ခုနှစ်ဦးအထက်ရေလိုလျှင် မြစ်ရေတင်တန်းလွှတ်ပေးပြီး စိုက်ခင်းများကို အမြဲအလေးထားလုပ် ဆောင်ပေးကြာင်းသိရသည်။

ဒီဘက်မှာကတော့ ပဲသီးဆွတ်အလုပ်သမားခကလည်း ဈေးအလွန်ချို၍ တစ်မနက်မှ တစ်ထောင်ကျပ် တစ်နေကုန် နှစ်ထောင်ကျပ်သာပေးရကြောင်းသိရကာ ခူးပြီးရရှိလာသည့် ပဲတီစိမ်း(ပဲနောက်) ပဲတို့အားခုက္ကူမြို့ပေါ်ပွဲရုံများသို့ သွားရောက်ရောင်းချကြောင်း ဒေသခံပဲစိုက်တောင်သူတစ်ဦးက ပြောခဲ့ပါသည်။

Source: MOI

Local News Read 669 times