ယခုနှစ်မိုးဦးကာလတွင် နာနတ်သီး အရောင်းအဝယ်ကောင်းနေ


29 May, 2018

ယခုနှစ်မိုးဦးကာလတွင် စားသုံးသူများသောကြောင့် နာနတ်သီးအရောင်းအဝယ်ကောင်း နေကြောင်းမွန်ပြည်နယ် သထုံမြို့ နယ် သုဝဏ္ဏဝတီမြို့သိမ်ဆိပ်သစ် သီးဈေးတန်းမှ ဆိုင်ရှင်များက ပြောသည်။

အရင့်မှန်ပြီး သဘာဝအ တိုင်းအမှည့်ခံသည့် နာနတ်သီး များကို ခြံပိုင်ရှင်များထံမှ ဝယ်ယူ ရောင်းချနေပြီး လက်ရှိဆိုင်ပေါ် ရောင်းဈေးသည် အရွယ်အစား ပေါ်မူတည်၍ တစ်လုံးလျှင် ကျပ် ၁,၅၀၀ မှ ၂,၅၀၀ အထိ ရောင်းချ ကြောင်း ၎င်းတို့ကပြောသည်။

‘‘ဈေးအနေအထားကတော့ မနှစ်ကအတိုင်းပါပဲ။ ဒီနှစ်မှာက အထွက်လည်း များသလို စားတဲ့ သူတွေလည်းများတယ်။ ရာသီ ဥတုပူလို့ စားကြသူတွေရှိသလို ကျန်းမာရေးအတွက် ရာသီစာအ ဖြစ်လည်း စားကြလို့ ဒီနှစ်မှာ ရောင်းကောင်းတယ်’’ ဟု သစ်သီး တန်းဆိုင်မှ ကိုကျော်ကျော်နိုင်က ပြောသည်။

ယခုနှစ်မေလဆန်းကစတင်မိုးရွာသောကြောင့် နာနတ်သီး အထွက်စောပြီး ဒေသတွင်းစား သုံးမှုနှင့် ဘုရားဖူးယာဉ်များ၊ သာ မန်ခရီးသွားများဝယ်ယူမှုများ၍ ရောင်းအားကောင်းကြောင်း ၎င်း ကပြောသည်။

‘‘ကျွန်တော်တို့ကတော့ နာ နတ်သီးရင့်ချိန်မှ ခုတ်ခူးပြီးလက် လီရောင်းတဲ့ဆိုင်တွေကို ရောင်း ချရပါတယ်။ မမှည့်သေးတဲ့အသီး စိမ်းဆိုတော့တစ်လုံးကို ၇၀၀ ကနေ ၁,၂၀၀ အထိလောက်ပဲရ တယ်။ ဒီနှစ်က ဝယ်အားရှိတော့ အဆင်ပြေတယ်။ အရင်နှစ်တွေ ကဆို ဝယ်မယ့်သူမရှိလု့ိ ပစ်ရ တာတွေရှိတယ်’’ ဟု နာနတ်စိုက် တောင်သူတစ်ဦးက ပြောကြားသည်။

 7 Day Daily

Local News Read 927 times