“ပိုက်ပိုက်" ဆိုသည်မှာ


20 September, 2018

ပိုက်ပိုက်သည် လူအများ လက်ရှိအသုံးပြုနေသော ဖေ့စ်ဘုတ်၊ ဘိုင်ဘာ (Facebook, Viber) စသည့် မက်ဆေ့ချ်ပေးပို့နိုင်သော အပလီကေးရှင်းများမှ တစ်ဆင့် ငွေကြေးဆိုင်ရာအချက်အလက်များကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်စွမ်းရှိသော ချက်ဘော့ ( Chatbot) ဖြစ်ပါသည်။ ထို့အပြင် ငွေကြေးဝန်ဆောင်မှု ရယူလိုသူများကို သက်ဆိုင်ရာ တရားဝင်ငွေကြေး အဖွဲ့အစည်းများထံသို့ ပိုက်ပိုက်မှ ချိတ်ဆက်လမ်းညွှန်ပေးနိုင်ပါသည်။ ပိုက်ပိုက်ကို မြန်မာစာ (ဇော်ဂျီ၊ ယူနီကုဒ်) နှင့် အင်္ဂလိပ်စာ နှစ်ဘာသာလုံးဖြင့် အသုံးပြုနိုင်ပါသည်။

“ပိုက်ပိုက်" ၏ ဦးတည်ချက်

• မြန်မာပြည်သူအားလုံး ဘဏ္ဍာရေးဗဟုသုတများ တိုးတက်မြင့်မားလာစေရန်နှင့် တရားဝင်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ယုံကြည်စိတ်ချမှုရှိရှိ အသုံးချလာစေရန် စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်။

• အလွယ်တကူ လေ့လာဖတ်ရှုနိုင်သော တစ်ကိုယ်ရည်/စီးပွားရေးဆိုင်ရာ အခြေခံငွေကြေးဆိုင်ရာ သိကောင်းစရာမာျးကို တင်ဆက်ပေးနိုင်ရန်။

• မြန်မာဘာသာဖြင့် သုံးစွဲနိုင်ရန်။

• ဘာဝန်ဆောင်မှုတွေရှိလဲ

လုပ်ဆောင်ချက်

******

ပိုက်ပိုက်မှ User များ ထည့်သွင်းလိုက်သော Profile အချက်အလက်များကို စုဆောင်း၍ သင့်တော်ရာ ငွေကြေးဝန်ဆောင်မှုအမျိုးအစားနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းကို ချိတ်ဆက်ပေးခြင်း

လုပ်ဆောင်မှုပုံစံ

******

ပိုက်ပိုက်မှ မေးမြန်းသော မေးခွန်းများကို ဖြေကြားလိုက်သော User များ၏ ဖြေကြားချက်များကို backend database တွင် User များ၏ သဘောတူညီချက်ဖြင့် သိမ်းဆည်းထားပါမည်။ ပိုက်ပိုက်မှ ထိုအချက်အလက်များအလိုက် ကိုက်ညီသော ငွေကြေးဝန်ဆောင်မှု အမျိုးအစားများကို ပြသနိုင်ပါသည်။

• ဘယ်မှာချေးလို့ရလဲ

လုပ်ဆောင်ချက်

******

User များ၏ အနီးအနားပတ်ဝန်းကျင်ရှိတရားဝင်ငွေကြေးအဖွဲ့အစည်းများကို ကူညီရှာဖွေပေးခြင်း

လုပ်ဆောင်မှုပုံစံ

******

User များအနေဖြင့် ပတ်ဝန်းကျင် အနီးတစ်ဝိုက်ရှိ ငွေကြေးအဖွဲ့အစည်းများထဲ ဆက်သွယ်ရန် လိပ်စာကို ပိုက်ပိုက်တွင် နည်းလမ်း (၂) မျိုးဖြင့် ရှာဖြေနိုင်ပါသည်။

(၁) မြို့နယ်အလိုက် ရှာဖွေခြင်း

ရွေးချယ်လိုသော မြို့နယ်ကို drop-down list မှ ရွေးချယ်၍ ယင်းမြို့နယ်ရှိ အဖွဲ့အစည်းများ၏ တည်နေရာရှာဖွေခြင်း။

(၂) တည်နေရာပေးပို့ရှာဖွေခြင်း

မိုဘိုင်းလ်ဖုန်း၏ GPS ကို အသုံးပြု၍ location sharing ဖြင့် ရှာဖွေခြင်း

• ချေးငွေ/ စုငွေပေါ်မှာ အတိုးဘယ်လိုတွက်မလဲ

လုပ်ဆောင်ချက်

******

ချေးငွေရယူထားသော ကာလအပေါ်မူတည်၍ ချေးငွေပြန်လည်ပေးဆပ်ရန် လိုအပ်သည့် အစီအစဉ်၊ စုငွေကာလအလိုက် အတိုးရရှိမှုနှုန်းထား ပြသခြင်း

လုပ်ဆောင်မှုပုံစံ

******

ချေးယူထားသော ငွေပမာဏ၊ ချေးယူလိုသောအချိန်၊ ပြန်ဆပ်မည့် အချိန်ကို ရိုက်ထည့်ပေးခြင်းဖြင့် ချေးငွေပြန်လည်ပေးဆပ်ရန် လိုအပ်သည့် အစီအစဉ်ကို ပိုက်ပိုက်မှ တွက်ချက်ပေးနိုင်ပါသည်။ စုငွေအပေါ်ရရှိမည့် အတိုးနှုန်းထားကိုလည်း အလားတူတွက်နိုင်ပါသည်။

ပိုက်ပိုက်ဖေ့စ်ဘုတ်စာမျက်နှာမှာ သုံးစွဲသူ User များကို ပိုက်ပိုက် Chatbot ထံသို့ ပို့ဆောင်ပေးရာတွင် အဓိကကျသော ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။

ပိုက်ပိုက်စာမျက်နှာကို ဖတ်ရှုသူများ ငွေကြေးနှင့် ဒီဂျစ်တယ် ဗဟုသုတများ တိုးတက်လာစေနိုင်သော အကြောင်းအရာများကို စိတ်ဝင်စားဖွယ် ဖန်တီးတင်ဆက်ပေးလျက်ရှိပါသည်။

ThitsaWorks မှ ပိုက်ပိုက် ကို တာဝန်ယူ လုပ်ကိုင်လျက် ရှိပါသည်။

ThitsaWorks သည် ငွေကြေးနှင့် ပတ်သက်သော နည်းပညာဆိုင်ရာ ပံ့ပိုးမှုများ ပြုလုပ်ပေးလျက်ရှိသော မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီ ဖြစ်ပါသည်။ ငွေကြေးအဖွဲ့အစည်းများအနေဖြင့် ထိရောက်သော ငွေကြေးထောက်ပံ့မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အရေးပါသည့် ဒေတာများကို ကောက်ယူ၍ ဆန်းစစ်ရာတွင် လိုအပ်သော နည်းပညာပံ့ပိုးမှုများကို လုပ်ဆောင်ပေးလျက်ရှိပါသည်။

ThitsaWorks ၏ ရည်ရွယ်ချက်

ThitsaWorks ၏ ရည်ရွယ်ချက်သည် နိုင်ငံတွင်း လူတိုင်းငွေကြေးလုပ်ငန်းများနှင့် ချိတ်ဆက်မိပြီး ပိုမိုကောင်းမွန်သော ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချနိုင်အောင် ကူညီနိုင်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လူတန်းစားမရွေး ငွေကြေးလုပ်ငန်းများတွင် ပါဝင်နိုင်ရန် ဖြစ်ပါသည်။

ပိုက်ပိုက်၏ Facebook စာမျက်နှာမှာ

https://www.facebook.com/PitePiteBeta/

ဖြစ်ပါသည်။

Local News Read 592 times