ထိုင်း PJ Wood က မြန်မာဂျပန် ဖက်စပ်လုပ်ငန်းပိုင် ရာဘာသစ်ထည်ကုမ္ပဏီကို ဝယ်ယူ


03 August, 2020

PJ Wood သည် ရာဘာသစ်သားထည်များ လုပ်ကိုင်လျက် ရှိသော လုပ်ငန်းဖြစ်ပြီး အဓိကအားဖြင့် တရုတ်နိုင်ငံ ဈေးကွက်သို့ တင်ပို့သည်။ ထုတ်လုပ်မှုအခြေ ကြီးထွားစေရန် စူးစိုက်လုပ်ကိုင်လျက်ရှိရာ ပြည်တွင်းလုပ်ငန်းတစ်ခုအဖြစ်မှ ဒေသတွင်း လုပ်ငန်းတစ်ခုအဖြစ်သို့ ကူးပြောင်းရောက်ရှိရန် ပြည်ပ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံရှိ မြန်မာဂျပန်ဖက်စပ်လုပ်ငန်းကို ဂျပန်ကုမ္ပဏီများထံမှ ဝယ်ယူခဲ့သည်။ မြန်မာမှ မိုးမြခြယ်ကုမ္ပဏီ (၅၄% ) ဂျပန်မှ Sumitomo (၂၆%) နှင့် Oji Forest and Products (၂၀%) တို့ ပိုင်ဆိုင်လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်ပြီး မော်လမြိုင်မြို့ နယ်တွင် ရာသာသားဖြင့် ထုတ်လုပ်သော ပရိဘောဂ စက်ရုံတည်ရှိသည်။

စက်ရုံတည်နေရာသည် အာရှအဝေးပြေးလမ်းကြီး ဖောက်လုပ်ပြီးစီးပါ အချက်အချာ မဟာဗျူဟာ ကျသည့် နေရာဖြစ်သည်။ ထိုင်းနိုင်ငံ နယ်စပ် မဲဆောက်နှင့်လည်း ကားလမ်းဖြင့် သွားလျှင် နာရီပိုင်းသာ ဝေးကွာသည်။

Investment/Divestment Read 1698 times