လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးသည် မိမိတို့ဝန်ကြီးဌာနအတွက် အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ပြီး လက်ရှိထုတ်လုပ်မှုအရ မဂ္ဂါဝပ် ၃၀၀၀ ရှိသဖြင့် နောက်လာမည့် နှစ်နှစ်၊ သုံးနှစ်တွင် မဂ္ဂါဝပ် ၃၀၀၀ ခန့် လိုအပ်မည်ဖြစ်ကာ နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်အရ လျှပ်စစ်နှင့်ပတ်သက်ပြီး ဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ သုံးနှစ်အတွင်း နောက်ထပ်မဂ္ဂါဝပ် ၃၀၀၀ ထုတ်လုပ်နိုင်ရန် လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများ စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
လုပ်ငန်းလျာထားချက် များအရ လျင်မြန်စွာပြီးမည့် စီမံကိန်းများ၊ အလယ်အလတ်စီမံကိန်းများနှင့် နောက်ကျ ဆုံး ၄၂ လ အတွင်း လိုအပ်လျက်ရှိသည့် မဂ္ဂါဝပ် ၃၀၀၀ ခန့်ကို ရရှိ လာမည်ဖြစ်ကြောင်းနှင့် အခြားဘက်တွင်လည်း ရေအားလျှပ်စစ်စီမံကိန်းများ၊ ဆိုလာစီမံကိန်းများ၊ LNG သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများကိုလည်း ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
Source: Eleven