မော်တော်ယာဉ်များသာ အသုံးပြုနေရသဖြင့် မြင့်တက်နေသည့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန် မီးရထားများဖြင့် သယ်ယူပို့ဆောင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် အများအပြားမြင့်တက်လာခြင်းသည် ကားတွေပဲ သုံးနေရပြီး ရထားလမ်းတွေရှိနေလျက်အသုံးပြုနိုင်ခြင်းမရှိသောကြောင့် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ မီးရထားလမ်းအရှည်မှာ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် သံလမ်းမိုင် ၄၉၃၃ မိုင်ရှိခဲပြီး ၂၀၁၆-၂၀၁ရ့ဘဏ္ဍာနှစ်တွင် ခုနစ်မိုင်မြင့်တက်ကာ ၄၉၄၀ မိုင် ဖြစ်လာခဲ့ကြောင်း သိရပါသည်။
စီးနင်းသည့် ခရီးသည်အရေအတွက်မှာ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၄၂ ဒသမ ၀၅ သန်း ရှိခဲပြီး့၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၄၃ ဒသမ ၃၂ သန်း မြင့်တက်ကာ ခရီးတစ်ကီလိုမီတာလျှင် ခရီးသည် ၇၀၀၁ ဦး စီးနင်းသွားရောက်ခဲ့ကြောင်း သိရပါသည်။
ကုန်တန်ချိန်မှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၉၈သန်း ရှိခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁ဒသမ ၇၅ သန်းသာ ရှိခဲ့ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနအနေဖြင့် ကုန်စည်ပို့ဆောင်မှုနှင့် ခရီးသွားလာမှု လွယ်ကူလျှင်မြန်စေရေးအတွက် ကုန်းလမ်း၊ မီးရထား၊ ရေကြောင်း၊ လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းမျ ားဖြင့် ဆောင်ရွက်နေပြီး ပို့ဆောင်ရေးလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ပိုမိုတိုးတက်စေရေးအတွက် ပြည်တွင်းပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်နေသော်လည်း သယ်ယူပို့ဆောင်မှုကဏ္ဍတွင် ကျယ်ပြန့်လာသည့် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်မှု နည်းပါးနေပြီး နိုင်ငံပိုင်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၏သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ နည်းပါးနေကြောင်း သိရသည်။
Source: Eleven