PMI™ အာဆီယံ စက်မှုထုတ်လုပ်မှု မေလတွင် ဆက်လက် ကျဆင်း


05 June, 2020

အာဆီယံ စက်မှုထုတ်လုပ်မှု မေလတွင် ဆက်လက် ကျဆင်းခဲ့ပါသည်။

အဓိက တွေ့ရှိချက်များ

● အဓိကအကျဆုံး PMI အညွှန်းမှာ စံချိန်တင် အနိမ့်ဆုံးမှ မြင့်တက်လာသော်လည်း

အကျနယ်မြေထဲ အခိုင်အမာ ကျန်ရှိနေခြင်း

● ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ ရှေ့ဆက်ပြီး လျင်မြန်စွာ ကျဆင်းလာခြင်း

● အလုပ်နေရာများမှာ ထုတ်လုပ်ရေး စွမ်းပကားများ လွတ်ကျန်နေကြောင်း

လက္ခဏာများ အကြားတွင် တဟုန်ထိုး လျော့ကျသွားခြင်း

ဒေတာကို ၂၀၂၀ ပြည့်နှစ် မေလ ၁၂-၂၄ ရက်များတွင် စုစည်းခဲ့သည်။

 

နောက်ဆုံးရ IHS Markit ဝယ်ယူရေးမန်နေဂျာများ၏အညွှန်းကိန်း (PMI™) ဒေတာအရ-

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ၂၀၁၉ (COVID-19) ပျံ့နှံ့မှုကြောင့် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍမှာ မေလတွင် ဆက်လက်ကျဆင်းခဲ့ပါသည်။ 

ထုတ်လုပ်မှုနှင့် အော်ဒါအသစ် နှစ်ရပ်စလုံး လျင်မြန်စွာ ရှေ့ဆက် ကျဆင်းလာချိန်မှာ လုပ်ကိုင်မှု အခြေအနေများ သုံးလမြောက် ဆက်တိုက် ဆုတ်ယုတ်လာခဲ့သည်။

မေလတွင် အဓိကကျဆုံး PMI ကို ၃၅.၅ မှာ မှတ်တမ်းတင်ခဲ့ရာ ဧပြီလ၏ အနိမ့်ဆုံးအမှတ်ဖြစ်သော ၃၀.၇ ထက် မြင့်လာခဲ့သော်လည်း ထုတ်လုပ်ရေးကဏ္ဍ အခြေအနေမှာ သုံးလဆက်တိုက် ဆုတ်ယုတ်လာမှုကို ညွှန်ပြနေသည်။ 

အဓိက အကျဆုံး အညွှန်းမှာ စစ်တမ်း စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်မှစပြီး ဒုတိယအနိမ့်ဆုံး ဖြစ်ခဲ့သည်။ စက်ရုံများ၏ ထုတ်လုပ်မှုရော အော်ဒါမှာယူမှု ပမာဏပါ ဆက်ပြီး တဟုန်ထိုး ကျဆင်းလာခဲ့သော်လည်း လော့ဒေါင်း ကန့်သတ်ချက် အချို့ကို ဖြေလျှော့ပေးခဲ့၍ နှုန်းမှာ အားပျော့လာခဲ့သည်။ 

ကုမ္ပဏီများ၏ ထုတ်လုပ်မှု မျှော်မှန်းချက်များမှာ ဧပြီလ၏ စံချိန်တင် အနိမ့်ဆုံးမှ မြင့်လာခဲ့သော်လည်း မှတ်တမ်းထဲတွင် အနိမ့်ဆုံး တစ်ခု ဖြစ်နေဆဲပါ။

အညွှန်းထဲ ပါဝင်ကြသည့် နိုင်ငံခုနစ်ခုစလုံးက မေလတွင် လုပ်ကိုင်မှု အခြေအနေများ ဆုတ်ယုတ်လာခဲ့မှုကို သုံးလဆက်တိုက် မှတ်တမ်းတင်ခဲ့ကြသည်။ 

စင်ကာပူမှာ အပြင်းထန်ဆုံး ဆုတ်ယုတ်ခဲ့ပြီး ကျဆင်းမှု အရှိန် ပိုပြင်းလာခဲ့သည့် တစ်ခုတည်းသော နိုင်ငံပါ။ အဓိက အကျဆုံး အညွှန်း (၂၆.၄) မှ ထုတ်လုပ်ရေးကဏ္ဍ သိသာစွာ ဆုတ်ယုတ်လာမှုကို အချက်ပြနေပြီး စစ်တမ်း၏ ရှစ်နှစ်နီးပါး သမိုင်းထဲတွင် အနိမ့်ဆုံးဖြစ်သည်။ 

အင်ဒိုနီးရှား ထုတ်လုပ်သူတို့ကပါ အလားတူ သိသာသော ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့ကြပြီး အဓိက အကျဆုံး အညွှန်း (၂၈.၆) မှာ ဒုတိယ အနိမ့်ဆုံး စံချိန် ဖြစ်နေပါသည်။

မြန်မာနိုင်ငံတွင် အဓိက အကျဆုံး အညွှန်းမှာ ဧပြီလ၏ သမိုင်းဝင် အနိမ့်ဆုံး အဆင့်မှနေပြီး ( ၃၈.၉) သို့ မြင့်တက်လာခဲ့ သည့်တိုင်အောင် ထုတ်လုပ်သူတို့က ရှေ့ဆက်ပြီး အခြေအနေ ပြင်းထန်စွာ ဆုတ်ယုတ်လာကြောင်း အချက်ပြခဲ့ကြသည်။ 

ဤအတောအတွင်း ဖိလစ်ပိုင်က လုပ်ကိုင်မှု အခြေအနေများ သုံးလမြောက် ဆက်တိုက် ဆုတ်ယုတ်လာမှုကို မှတ်တမ်းတင်ခဲ့သော်လည်း အဓိက အကျဆုံး အညွှန်း (၄၀.၁) မှာ ယင်းကာလအတွင်း အနည်းဆုံး နှုန်းကို အချက်ပြနေသည်။ 

ထိုင်းနိုင်ငံ၏ အဓိကအကျဆုံး အညွှန်းသည်ပါ ဆုတ်ယုတ်မှုနှုန်း အားပျော့လာမှုကို ညွှန်ပြနေသော်လည်း၊ ၄၁.၆ တွင် ရှိနေခြင်းဖြင့် ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် စတင်ခဲ့သည့် ဒေတာစုစည်းမှုမှစပြီး အနိမ့်ဆုံး တစ်ခုဖြစ်သည်။

အခြားနိုင်ငံများအကြားမှာ ဗီယက်နမ်က ရှေ့ဆက် ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့သော်လည်း နှုန်းမှာ ပိုနှေးလာပြီး အညွှန်းသည် ၄၂.၇ သို့ မြင့်တက်လာခဲ့သည်။

 နောက်ဆုံးအဖြစ် မလေးရှားကမူ မေလတွင် စောင့်ကြည့်နေသည့် ခုနစ်နိုင်ငံ အကြားမှာ အနည်းဆုံးဖြစ်သည့် ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့သည်။ သို့သော်လည်း အဓိက အကျဆုံး အညွှန်း (၄၅.၆) က လုပ်ကိုင်မှု အခြေအနေများ သိသိသာသာ ဆုတ်ယုတ်လာမှုကို ညွှန်ပြနေသည်။

ခြုံပြောရလျှင် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ တဝှမ်းက လုပ်ကိုင်မှု အခြေအနေများမှာ မေလတွင် စိန်ခေါ်မှုများသော အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ 

အာဆီယံကုန်စည်များအတွက် နိုင်ငံခြားမှ ဝယ်လိုအား ကျဆင်းလာခဲ့သည်နှင့်အမျှ ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များသည်လည်း ဆက်လက်ပြီး တဟုန်ထိုး ကျဆင်းလာခဲ့ကြသော်လည်း ကွာရန်းတင် ကန့်သတ်မှုများကို ဖြေလျော့ပေးခဲ့ကာ စက်ရုံများ တိုးတိုးပြီး ပြန်ဖွင့်လာကြသောကြောင့် ဧပြီလနှင့်စာလျှင် အထက်ပါနှုန်းများ အသီးသီး အားပျော့လာခဲ့ကြသည်။

ဝယ်လိုအား အခြေအနေများ အားပျော့လာသည်နှင့်အတူ ကုမ္ပဏီများက မေလတွင် ဝန်ထမ်း ဦးရေကို ထပ်ပြီး လျှော့ချခဲ့ကြရာ အလုပ်လျှော့ချခံခဲ့ရသည့် နှုန်းမှာ ဒေတာကို စုစည်းလာခဲ့သည့် ရှစ်နှစ်နီးပါး ကာလအတွင်းမှာ ဒုတိယ အများဆုံး ဖြစ်ခဲ့ပါသည်။ သို့ဖြစ်၍ လာမည့် ၁၂-လအတွက် ထုတ်လုပ်မှု မျှော်မှန်းချက်များမှာ အားနည်းလျက် ကျန်ရစ်ခဲ့ပြီး အပြုသဘောမြင်မှု အဆင့်မှာ ဧပြီလ၏ အနိမ့်ဆုံး အဆင့်မှ မသိမသာ မြင့်မားလာခဲ့သည်။

ဤအတောအတွင်း ဝယ်ယူမှု လုပ်ငန်းများ ရှေ့ဆက်ကျဆင်းလာခဲ့ပြီး မှတ်တမ်းထဲတွင် အမြန်ဆုံး တစ်ခု ဖြစ်ပါသည်။ ရလဒ်တစ်ခုအဖြစ် ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများ နိမ့်ကျလာမှုမှာ စစ်တမ်း သမိုင်းထဲတွင် (၂၀၂၀ ဧပြီလ နောက်ပိုင်း) ဒုတိယ အများဆုံး ဖြစ်ခဲ့သည်။ ကုန်ချောများ သိုလှောင်ထားမှုပါ အဟုန်ပြင်းစွာဖြင့် ကျဆင်းလာခဲ့ရာ

ကုမ္ပဏီများက လက်ကျန်စာရင်းများကို စွဲကိုင်ထားရန် ဆန္ဒမရှိခြင်းကို ထင်ဟပ်နေပါသည်။

မည်သို့ပင်ဖြစ်စေ ကမ္ဘာ့ ကပ်ရောဂါကြီး၏ ရေရှည် သက်ရောက်မှုကြောင့် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ ပြတ်တောက်လာခဲ့ကြပြီး လုပ်ငန်းပြီးဆုံးရန် ကြာမြင့်ချိန်များမှာ မှတ်တမ်းတွင်း အကြာရှည်ဆုံး တစ်ခု ဖြစ်လာပါသည်။

ဈေးနှုန်းများကို လေ့လာကြည့်လျှင်မူ မေလအတွင်း ကုန်ကျစရိတ် ဝန်ထုပ်မှာ မသိမသာမျှ တိုးလာခဲ့ပြီး ငွေကြေး ဖောင်းပွမှုနှုန်းမှာ ဧပြီလအတိုင်း မပြောင်းမလဲ ရှိနေပါသည်။

တချိန်တည်းမှာပင် ပျမ်းမျှ ရောင်းဈေးများမှာ သုံးလ ဆက်တိုက် ကျဆင်းလာခဲ့မှု နောက်မှာ အဓိကအားဖြင့် တည်ငြိမ်နေခဲ့ပါသည်။


သုံးသပ်ချက်

စစ်တမ်း၏ နောက်ဆုံး ရလဒ်များကို သုံးသပ် ဖေါ်ပြသွားရာတွင်၊ IHS Markit မှ စီးပွားရေး ပညာရှင် Lewis Cooper က ပြောကြားခဲ့သည်မှာ-

"အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ စွမ်းဆောင်ရည်မှာ မေလတွင် အားနည်းလျက် ရှိနေဆဲဖြစ်ပြီး COVID-19 ကမ္ဘာ့ ကပ်ရောဂါဘေး၏ အနှုတ်လက္ခဏာ ဆိုးကျိုးများဆက်လက် သက်ရောက်နေ၍ လုပ်ကိုင်မှု အခြေအနေများမှာ စစ်တမ်း စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်မှစပြီး ဆုတ်ယုတ်မှုနှုန်း ဒုတိယ အများဆုံး ဖြစ်ခဲ့ပါသည်။

"မေလ ဒေတာက ထုတ်လုပ်မှုနှင့် အော်ဒါ အသစ် နှစ်ရပ်စလုံး လျင်မြန်စွာ ကျဆင်းလာမှုကို မီးမောင်း ထိုးပြနေပါသည်။ ကျဆင်းမှု နှုန်းများမှာ စီးပွားရေး လုပ်ငန်းများ နှေးကွေးစွာ ဖွင့်နိုင်ခဲ့မှုကြောင့် ဧပြီလထဲ မြင်ခဲ့ရသလို မပြင်းထန်ခဲ့သော်လည်း သမိုင်းစဉ်မှာ မှတ်သားစရာ ကောင်းနေဆဲပါ။

"`ဤအတောအတွင်း ဈေးဝယ်များဘက်မှ ဝယ်လိုအား နိမ့်ကျနေခဲ့သောကြောင့် မေလတွင် အလုပ်နေရာများ ဆက်လက်ပြီး သိသိသာသာ ဖြတ်တောက်ခံခဲ့ကြရပါသည်။ အနာဂတ် ထုတ်လုပ်မှုဆိုင်ရာ ကုမ္ပဏီများ၏ မျှော်မှန်းချက်များမှာ ဧပြီလ၏ အနိမ့်ဆုံးမှ မြင့်တက်လာခဲ့သော်လည်း မသိမသာမျှသာဖြစ်သည်။

"စောင့်ကြည့်နေသည့် ခုနစ်နိုင်ငံမှ နိုင်ငံတိုင်းသည် မေလအတွင်းမှာ သုံးလမြောက်အဖြစ် ကျဆင်းမှု နယ်ပယ်ထဲ ရှိမြဲရှိနေခဲ့ကြပြီး နိုင်ငံတကာကပ်ရောဂါကြီး၏ ဧရာမ ဆိုးကျိုးများကို ထင်ဟပ်နေပါသည်။ လက်ရှိ ဒေတာအရ ကျဆင်းမှုမှာ ဧပြီလတွင် ကုန်ဆုံးသွားပြီဟု ယူဆစရာ ဖြစ်သော်လည်း အာဆီယံ ထုတ်လုပ်သူတို့မှာ နာလန်ပြန်ထူဖို့ ခရီးရှည်ကြီးကို ချီတက်ကြရပါဦးမည်။"

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့်

လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို  ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။

Industry Reviews Read 589 times