လုပ်ငန်းများ၏ မျှော်လင့်ချက်များ ဧပြီလမှစပြီး အနည်းငယ် အခြေခိုင်လာခြင်း


05 June, 2020

မြန်မာ ထုတ်လုပ်မှု PMI™ စီးပွားရေး လုပ်ငန်းများ ပိတ်ထားရသောကြောင့် ထုတ်လုပ်ရေးကဏ္ဍသည် မေလတွင် တဟုန်ထိုး ဆက်လက် ကျဆင်းလာသည်ကို တွေ့ရသည်။

အဓိက တွေ့ရှိချက်များ

● အော်ဒါ အသစ်များနှင့် ထုတ်လုပ်မှုမှာ စစ်တမ်း စတင်ခဲ့ချိန်နောက်ပိုင်း ဒုတိယအမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာခြင်း

●အလုပ်နေရာများနှင့် သိုလှောင်ထားသည့် ကုန်ချောများ စံချိန်တင်ကျဆင်းလာခြင်း

● လုပ်ငန်းများ၏ မျှော်လင့်ချက်များမှာ ဧပြီလမှစပြီး အနည်းငယ် အခြေခိုင်လာခြင်း

ဒေတာကို ၂၀၂၀ ပြည့်နှစ် မေ ၁၂-၂၀ ရက်များတွင် စုစည်းခဲ့သည်။

 

IHS Markit PMI™ စစ်တမ်း ဒေတာအရ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် စီးပွားရေး လုပ်ငန်းများ အများအပြား ပိတ်ချထားရ၍ မြန်မာ့ထုတ်လုပ်ရေးကဏ္ဍသည် မေလတွင် သိသာစွာ ကျဆင်းမှုကို ထပ်ပြီး မှတ်တမ်းတင်ခဲ့ရသည်။

ထုတ်လုပ်မှု၊ အော်ဒါ အသစ်များနှင့် ထည့်ကုန် ဝယ်ယူမှုများ အားလုံး ၂၀၁၅ ဒီဇင်ဘာ စစ်တမ်းစတင်ခဲ့ချိန်မှစပြီး ဒုတိယ အမြန်ဆုံး စံချိန်တင် နှုန်းများဖြင့် ကျဆင်းလာခဲ့ကာ အလုပ်နေရာများနှင့် သိုလှောင်ထားသည့် ကုန်ချောများစာရင်းမှာလည်း စံချိန်တင်နှုန်းသစ်များဖြင့် ကျဆင်းလာခဲ့သည်။

သို့သော်လည်း စစ်တမ်းအညွှန်း အများအပြားတို့မှာ ဧပြီလ၏ အနိမ့်ပိုင်းမှ မြင့်တက်လာခဲ့ကြပြီး လာမည့် ၁၂ လတာအတွက် မျှော်လင့်ချက်များ အနည်းငယ်တိုးတက်လာခဲ့ရာ ထုတ်လုပ်ရေးကဏ္ဍ ရပ်တန့်ခဲ့ရသည့်အပြင်းထန်ဆုံး အဆင့်ကို ကျော်လွန်နိုင်ခဲ့သည့် လက္ခဏာ ဖြစ်ပါသည်။

အဓိက အကျဆုံး IHS Markit ြြ မြန်မာထုတ်လုပ်မှု PMI မှာ ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်း ဖြစ်ပါသည်။

အော်ဒါသစ်များ၊ ထုတ်လုပ်မှု၊ အလုပ်နေရာများ၊ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များနှင့် သိုလှောင်ထားသည့် ထည့်ကုန်များဆိုင်ရာ အညွှန်းများမှ ၎င်းကို တွက်ယူပါသည်။

၅၀.၀ ထက် ပိုကြီးသည့် မည်သည့် ဂဏန်းမဆို ခြုံပြောရလျှင် ကဏ္ဍ၏ အခြေအနေ ပိုကောင်းလာခြင်းကို ညွှန်ပြပါသည်။

PMI အညွှန်းမှာ မေလတွင် အမှတ် ၅၀.၀ အောက် သိသိသာသာ ဆက်လက်နိမ့်ကျနေခြင်းက မြန်မာနိုင်ငံတွင်း လုပ်ငန်း အခြေအနေများမှာ ခြုံကြည့်လျှင် လျင်မြန်စွာ ထပ်ပြီး ဆုတ်ယုတ်လာနေခြင်းကို အချက်ပြနေသည်။ အဓိက အကျဆုံးအညွှန်းမှာ ဧပြီလ၏ အနိမ့်ဆုံး ၂၉.၀ မှ မေလတွင် ၃၈.၉ သို့ မြင့်တက်လာခဲ့သော်လည်း နောက်ဆုံးအညွှန်းမှာ ဒေတာ ကောက်ယူခဲ့သည့် စစ်တမ်း၏ လေးနှစ်ခွဲ ကာလအတွင်း မကြုံစဖူး သိသာစွာ နိမ့်ကျနေဆဲဖြစ်ပါသည်။

စက်ရုံလုပ်ငန်းများ ရပ်တန့်ထားရပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှ လုပ်ငန်းများ ပိတ်ထားရမှုကြောင့် ဝယ်လိုအား ဆက်ကျဆင်းလာခဲ့ကာ လုပ်သားများက မိမိတို့၏ ဇာတိ ဒေသများသို့ ဆက်လက် ပြန်နေကြသည့်အတွက် PMI တွက်ချက်မှုထဲ လေးပုံသုံးပုံခန့်အထိ ထည့်သွင်းစဉ်းစားရသည့် ထုတ်လုပ်မှု၊ အော်ဒါ အသစ်များနှင့် အလုပ်နေရာ အသီးသီးက မေလတွင် အဓိက အကျဆုံး အညွှန်းပေါ်သို့ ဖိစီးလာခဲ့ကြသည်။

ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များ ရှေ့ဆက် တိုးလာခဲ့သော်လည်း ဧပြီနှင့် မတ်လနှင့် စာလျှင် နည်းခဲ့ပါသည်။ PMI ထဲ နောက်ဆုံးပါဝင်သည့် ဝယ်ကုန် သိုလှောင်မှုများမှာ မှတ်တမ်းထဲတွင် တတိယ အမြန်ဆုံး နှုန်းဖြင့် ကျဆင်းသွားခဲ့သည်။

မေလတွင် ကျဆင်းခဲ့ကြောင်း အစီရင်ခံကြသည့် ကုမ္ပဏီ နည်းသွားသောကြောင့် ထုတ်လုပ်မှုနှင့် အော်ဒါအသစ် အညွှန်းများမှာ ဧပြီလတွင် နိမ့်ကျနေရာမှ မြင့်တက်လာခဲ့ကြသည်။ သို့တိုင်အောင် နောက်ဆုံး ဒေတာမှာ မှတ်တမ်းထဲက ဒုတိယအမြန်ဆုံး ကျဆင်းမုှုဖြစ်သည်။

တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ် ကပ်ဘေးကြောင့် ဝယ်လိုအား ရေရှည် ကျဆင်းလာမည်ဟု ကုမ္ပဏီများက ထည့်တွက်ထားကြရာ ထုတ်လုပ်ရေး လုပ်သားအင်အားမှာ မေလတွင် စံချိန်တင် အရှိန်ဖြင့် လျော့နည်းလာခဲ့သည်။ ဧပြီလ၏ ၃၇%နှင့် ယှဉ်ကြည့်လျှင် မေလတွင် ကုမ္ပဏီ ၄၅%တို့က လုပ်သားအင်အားကို လျှော့ချခဲ့ကြသည်။

မြန်မာနိုင်ငံရှိ ထုတ်လုပ်ရေး ယူနစ်များစွာတို့က ထုတ်လုပ်မှုကို ဆက်ရပ်တန့်ထားကြသော်လည်း လက်ကျန် အလုပ်များ လျင်မြန်စွာ ကုန်ခမ်းလာမှုမှာ လွန်ခဲ့သည့် သုံးလကာလအတွင်း အော်ဒါ အသစ်များ ရရှိမှု စံချိန်တင် ကျဆင်းမှုကို ထင်ဟပ်နေပါသည်။ ယင်းကုန်ခမ်းမှု နှုန်းမှာ သိသာခဲ့သော်လည်း ဇန်ဝါရီလမှစပြီး အနှေးဆုံးဖြစ်ပါသည်။

ကုန်ချော လက်ကျန်စာရင်းများမှာ အဟုန်သစ်နှင့် ကျဆင်းခဲ့ပါသည်။

ထည့်ကုန် အသစ်များ ဝယ်ယူမှုမှာ မေလတွင် လျင်မြန်စွာ ကျဆင်းလာခဲ့ရာပစ္စည်း ပေးသွင်းမှုနှင့် ဝယ်လိုအား နှစ်ရပ်စလုံးနှင့် ဆက်စပ်နေသည်။

ကျဆင်းမှုနှုန်းမှာ ဧပြီလထက် အားပျော့လာခဲ့သော်လည်း မှတ်တမ်းထဲတွင် ဒုတိယအမြန်ဆုံး ဖြစ်နေဆဲဖြစ်သည်။ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များ တိုးလာခဲ့သော်လည်း ဧပြီနှင့် မတ်လတို့နှင့် စာလျှင် နည်းပါသည်။

ထုတ်လုပ်ရေး ထည့်ကုန်များ၏ ဈေးနှုန်းများမှာ ဝယ်လိုအား အားပျော့လာခဲ့သောကြောင့် သုံးလအတွင်းမှာ ဒုတိယအကြိမ် ကျဆင်းသွားပါသည်။ ဤအတောအတွင်း ထုတ်ကုန်များအတွက် တောင်းဆိုသည့် ဈေးနှုန်းများမှာ ခြောက်လ အတွင်းမှာ ငါးကြိမ်မြောက် ကျဆင်းလာခဲ့ပါသည်။ သို့သော် ဈေးနှုန်း နှစ်မျိုးစလုံး ကျဆင်းခဲ့မှုမှာ အနည်းအကျဉ်းမျှသာ ဖြစ်ခဲ့ပါသည်။

နိုင်ငံတကာ ကပ်ဘေးရောဂါကြောင့် လုပ်ငန်းများ ရပ်တန့်ခဲ့ရသည့် အပြင်းထန်ဆုံး ကာလမှာ နောက်တွင် ကျန်ရစ်ခဲ့ကြောင်း လက္ခဏာ တစ်ခုမှာ ထုတ်လုပ်မှု မျှော်လင့်ချက်များ မေလတွင် မသိမသာ မြင့်တက်လာခဲ့သည်။

ကုမ္ပဏီအချို့က လာမည့် လများအတွင်း ထုတ်လုပ်မှု ပြန်စတင်နိုင်မည်ဟု မျှော်လင့်ကြသည်။ သို့သော်လည်း အကောင်းမြင်စိတ်မှာမူ လေးနှစ်ခွဲကြာ စစ်တမ်း သမိုင်းနှင့် ဆက်စပ် ပြောရပါက အားနည်းနေဆဲဖြစ်သည်။

 

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြသွားရာတွင် IHS Markit မှ စီးပွားရေး ပညာရှင် Trevor Balchin က ပြောကြားခဲ့သည်မှာ-

“မြန်မာနိုင်ငံရှိ ထုတ်လုပ်ရေး လုပ်ငန်းများမှာ မေလထဲတွင် လုပ်ငန်းများ ပိတ်ချထားရမှုကြောင့် ပြင်းထန်စွာ ထိခိုက်လျက်ရှိပြီး ထုတ်လုပ်မှု၊ အော်ဒါအသစ်များနှင့် အလုပ်နေရာများအတွက် သော့ချက် အကျဆုံး အညွှန်းများမှာ ရှေ့ဆက်ပြီး လျင်မြန်စွာ ကျဆင်းမှုကို အချက်ပြနေကြသည်။ အဓိက အကျဆုံးအညွှန်း သိသာစွာ ပြန်ဦးမော့လာမှုကို နာလန်ပြန်ထူမှုအဖြစ် သုံးသပ် မရနိုင်ဘဲပိတ်ချထားမှုများ၏ ပထမဆုံးအကျိုးဆက်များစတင်သက်ရောက်လာချိန်ကထက် တစ်လချင်း ယှဉ်ကြည့်ပါက ကျဆင်းရာတွင် ပြင်းထန်မှု အားနည်းလာခြင်းကိုသာ ညွှန်ပြနေသည်။ ၃၈.၉ တွင် ရှိနေသော PMI မှာ စစ်တမ်း စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစပြီး ဒုတိယ အနိမ့်ဆုံး နေရာမှာ ရှိနေဆဲဖြစ်ပါသည်။

"အလုပ်နေရာ လျှော့ချခံရမှုနှုန်းမှာ မေလတွင် စံချိန်တင် အရှိန်ရလာခဲ့သော်လည်း အလုပ်မှ အပြီးတိုင်ထုတ်ပစ်ခံရသူ ဦးရေမှာ မသဲမကွဲရှိနေဆဲဖြစ်သည်။

“အနာဂတ် ကုန်ထုတ်လုပ်မှု အညွှန်းမှာ ဧပြီလ နောက်ပိုင်း မသိမသာ တက်လာခဲ့ပြီး အပေါင်းလက္ခဏာ နယ်ပယ်ထဲ ရောက်လာခြင်းက လုပ်ငန်းများ ရပ်တန့်ထားခဲ့ရသည့် အဆိုးဆုံးကာလကို ကျော်လွန်နိုင်ခဲ့ပြီဟု မျှော်လင့်ချက် ရေးရေးကို ညွန်ပြနေသည်။ ကုမ္ပဏီများစွာတို့က လာမည့်လများအတွင်း ထုတ်လုပ်မှု စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း အစီရင်ခံခဲ့ကြသည်။”

 

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။

နောက်ထပ် လေ့လာလိုပါက

ihsmarkit.com/products/pmi.html

သို့ ဝင်ရောက်ကြည့်ရှုပါ။

 

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ ဖြစ်ပါသည်။

မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံ စိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။

IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်

Industry Reviews Read 604 times