POSCO International ဓာတ်ငွေ့သိုက် တူးဖော်ရန် Petronas နှင့် စာချုပ်ချုပ်ဆို


06 November, 2021

တောင်ကိုရီးယားမှ POSCO International က  မလေးရှား နိုင်ငံပိုင် ရေနံနှင့်ဓာတ်ငွေ့ ကုမ္ပဏီ Petronas နှင့် ထုတ်ကုန်ဖြန့်ဖြူးရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
မလေးရှားကျွန်းဆွယ် အရှေ့ကမ်းရိုးတန်းတွင် ကမ်းလွန် ‌ေရနံနှင့် ဓာတ်ငွေ့သိုက် ရှာဖွေတူးဖော်ခြင်းနှင့် ထုတ်လုပ်ခြင်းတို့ကို လုပ်ကိုင်မည် ဖြစ်သည်။

သဘောတူစာချုပ်ပါ အချက်များအရ ရှာဖွေတူးဖော်မှု အောင်မြင်သည့်အခါ ထုတ်လုပ်မည့် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့မှ အချို့အဝက်ကို ကန်ထရိုက်တာက ရင်းနှီးမြှုပ်နှံထားသည့် ကုန်ကျစရိတ် အရင်းကျစေရန်အတွက် ရယူရန် ခွင့်ပြုထားသည်။
POSCO International သည် ရှာဖွေတူးဖော်ရန် အချိန်ကာလ ၄ နှစ် ရရှိသည်။ တွင်းပိုင်ဆိုင်ခွင့်နှင့် ဖွံ့ဖြိုးထုတ်လုပ်ခွင့် ၂၄ နှစ် ရရှိသည်။

ဩဂုတ်လတွင် လုပ်ကွက် PM524 တူးဖော်ခွင့်ကို POSCO International တင်ဒါ အောင်ခဲ့သည်။ ထိုနေရာတွင် Petronas ကလည်း ဓာတ်ငွေ့သိုက်များ လုပ်ကိုင်လျက်ရှိသည်။ 

ရှာဖွေတူးဖော် ထုတ်လုပ်မှုတွင် POSCO International က ၈၀% ပိုင်ဆိုင်ပြီး ကျန်သည့် ၂၀% ကို Petronas လက်အောက်ခံ  Petronas Carigali Sdn Bhd က ပိုင်ဆိုင်သည်။

POSCO International က တူးဖော်မှုကို ၂၀၂၅ တွင် စတင်ရန် ရည်မှန်းထားသည်။ အကယ်၍ တူးဖော်ထုတ်လုပ်မှုများ အောင်မြင်ခဲ့လျှင် ထွက်ရှိသည့် ဓာတ်ငွေ့များကို မလေးရှား ပြည်တွင်းသုံးစွဲမှုအတွက် ပိုက်လိုင်းများ သွယ်တန်းပြီး ပေးပို့မည် ဖြစ်သည်။

POSCO International သည် အရှေ့တောင်အာရှနှင့် ဩစတေးလျတို့တွင် သဘာဝဓာတ်ငွေ့ကို လုပ်ကိုင်လျက် ရှိရာ  မြန်မာနိုင်ငံတွင်လည်း ကမ်းလွန်ဓာတ်ငွေ့ စီမံကိန်းများ လုပ်ကိုင်သည်။ ရရှိလာသည့် သဘာဝဓာတ်ငွေ့ကြိ တရုတ်နိုင်ငံသို့ မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းဖြင့် ပေးပို့သည်။

Global News Read 7455 times