POSCO International နှင့်  POSCO Energy ပေါင်းစည်းပြီး POSCO Energy ကို ဖျက်သိမ်းမည်


08 October, 2022

POSCO International နှင့်  POSCO Energy ပေါင်းစည်းပြီး POSCO Energy ကို ဖျက်သိမ်းမည်


POSCO International သည် POSCO Energy နှင့် ပေါင်းစည်းခြင်းဖြင့် ကမ္ဘာ့ စွမ်းအင်ကုမ္ပဏီကြီးတစ်ခု ဖြစ်လာရန် ရည်မှန်းထားသည်။

ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့သည် POSCO Energy နှင့် ပေါင်းစည်းရန် အစီအစဉ်ကို ဩဂုတ်လတွင် အတည်ပြုခဲ့ပြီးဖြစ်သည်။ 
 POSCO Energy ကို စတော့အိပ်ချိန်းစာရင်းဝင် အဖြစ်မှ ပယ်ဖျက်မည်။ POSCO Group လက်အောက်ခံကုမ္ပဏီအဖြစ်မှလည်း စာရင်း ပယ်ဖျက်မည်။ 
 ၂၀၂၂ နိုဝင်ဘာလတွင် ရှယ်ယာရှင်များ အတည်ပြုချက် ရယူမည်။ ပေါင်းစည်းခြင်းကို ၂၀၂၃ ဇန်နဝါရီလ ၁ ရက်တွင် စတင်မည်။
 
 ၂၀၁၃ ခုနှစ်တွင် POSCO International သည် မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့လုပ်ကွက်တွင် စီးပွားဖြစ် ဓာဆ်ငွေ့ထုတ်လုပ်မှု အောင်မြင်ခဲ့သည်။
ဓာတ်ငွေ့ကို ငွေ့ရည် liquefied natural gas (LNG) ပြောင်းခြင်း၊ သိုလှောင်ခြင်း၊ မီးစက်တွင် အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း အစရှိသည့် ကွင်းတက်ကဏ္ဍများ လုပ်ကိုင်နိုင်စွမ်း ရှိသည်။ အဆိုပါ လုပ်ကိုင်နိုင်စွမ်းများသည် POSCO Energy နှင့် ပေါင်းစည်းလိုက်သည့်အခါ ပိုမိုပြည့်စုံသွားမည်။ 
POSCO Energy သည် ကိုရီးယားတွင် ပထမဆုံးနှင့် အကြီးဆုံး ပုဂ္ဂလိက LNG ဖြင့် ဓာတ်အားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။

 ဧပြီလတွင် POSCO International က  ဝယ်ယူခဲ့သည့် ဩစတြေးလျ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်း Senex Energy တွင် ဩဇီဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံပြီး ဩစတြေးလျ စွမ်းအင်စီးပွားလုပ်ငန်း Hancock Energy နှင့် မကြာသေးခင်က ဖက်စက်လုပ်ငန်း ထူထောင်ခဲ့သည်။ လက်ရှိ ဓာတ်ငွေ့သိုက်များကို ထုတ်လုပ်မှု တိုးမြှင့်ရေး၊ နောက်ထပ် ဓာတ်ငွေ့သိုက်များ ဝယ်ယူရေးတို့ကို ဆောင်ရွက်မည် ဖြစ်သည်။ 
Source businesskorea

Energy News Read 335 times