POSCO International မှ မြန်မာနိုင်ငံတွင် ဓာတ်ငွေ့သိုက်အသစ်များ ရှာဖွေရန်ဝမ် ၁၀၈.၆ ဘီလီယံရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်


24 November, 2020

POSCO International မှ မြန်မာနိုင်ငံတွင် ဓာတ်ငွေ့သိုက်အသစ်များ ရှာဖွေရန်ဝမ် ၁၀၈.၆ ဘီလီယံရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။ POSCO International သည် မြန်မာနိုင်ငံအနောက်မြောက်ဖက်ရှိ A-3 လုပ်ကွက်ရှိ မဟာဧရိယာတွင် ဓာတ်ငွေ့သိုက်အသစ်များ တူးဖော်ရှာဖွေမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

လက်ရှိတွင် ကုမ္ပဏီအုပ်စု တစ်စုသည် A-3 လုပ်ကွက်တွင် လုပ်ကိုင်နေပြီးPOSCO International မှ စီမံကိန်းတွင် ၅၁ ရာခိုင်နှုန်း ပါဝင်သည်။

အခြားပါဝင်သူများမှာ
Myanmar National Oil Co. (၁၅ ရာခိုင်နှုန်း)၊
India National Oil Co. (၁၇ ရာခိုင်နှုန်း)၊
India National Gas Co. (၈.၅ ရာခိုင်နှုန်း) နှင့်
Korea Gas Corp. (၈.၅ ရာခိုင်နှုန်း)
တို့ဖြစ်သည်။

အသေးစိတ်အချက်အလက်များအရ POSCO International သည် Mahar Prospecting Structure ၌ အကဲဖြတ်တူးဖော်ခြင်းအတွက် ဝမ် ၄၉.၉ ဘီလီယံနှင့် ဓာတ်ငွေ့ရှာဖွေတူးဖော်ခြင်းအတွက် ဝမ် ၅၈.၇ ဘီလီယံ သုံးစွဲမည်။

လက်ရှိ ရှာဖွေတူးဖော်မှုအဆင့်တွင် မဟာဧရိယာတွင် ဓာတ်ငွေ့ကုဗပေ ၆၆၀ ဘီလီယံရှိသည်ဟု ခန့်မှန်းသည်။

POSCO International သည် ၂၀၂၁ ခုနှစ်မတ်လတွင် တူးဖော်ခြင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်နှင့် တူးဖော်ခြင်းအစီအစဉ်ကို အသေးစိတ် ရေးဆွဲရန်ဆုံးဖြတ်ခဲ့ပြီး ထိုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ်ဇန်နဝါရီလအထိ လုပ်ငန်းကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်။

Investment/Divestment Read 889 times