POSCO မြန်မာ့ကမ်းလွန် တူးဖော်မှုအတွက် Transocean လုပ်ကိုင်ခွင့်ရရှိ


25 July, 2021

ဆွီဒင်အခြေစိုက် ရေနံဓာတ်ငွေ့ တူးဖော်မှုလုပ်ငန်းTransocean ရဲ့ Deepwater Nautilus အမည်ရှိ ကမ်းလွန်ရေနံဓာတ်ငွေ့ တူးဖော်စင်ဖြင့် တောင်ကိုရီးယားမှ POSCO အတွက် တူးဖော်မှုများ လုပ်ကိုင်ရန် ကန်ထရိုက် သက်တမ်းတိုးခွင့် ရရှိခဲ့ပါတယ်။ 

ကမ်းလွန်တူးဖော်ရေး ကန်ထရိုက်တာTransocean က ၎င်းရဲ့ ကမ်းလွန်တွင်းတူးစင် အုပ်စုရဲ့ အခြေအနေ  သုံးလပတ် အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာမှာ POSCO နဲ့လုပ်ကိုင်လျက်ရှိတဲ့ ကန်ထရိုက် သက်တမ်းတိုး ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ POSCO ရဲ့ ကမ်းလွန်တူးဖော်ရေစီမံကိန်း ဖြစ်တဲ့ ရွှေဓာတ်ငွေ့သိုက်မှာ လုပ်ကိုင်ရန်အတွက် ဖြစ်ပါတယ်။ 
သက်တမ်းတိုး ကန်ထရိုက်အရ တွင်းတူးစင်အတွက် POSCO ထံမှ တစ်နေ့ အမေရိကန်ဒေါ်လာ ၁၄၅,၀၀၀ ရရှိမှာ ဖြစ်ပြီး သက်တမ်းက ၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ ဖြစ်ပါတယ်။ သက်တမ်းတိုးတဲ့ တွင်းတူးစင်တည်နေရာကို အစီရင်ခံစာမှာ ဖော်ပြပေးနေကျ ဖြစ်ပေမဲ့ ယခုတစ်ကြိမ်မှာတော့ ဖော်ပြခြင်း မပြုဘဲ ချန်လှပ်ထားပါတယ်။ အခုလို တည်နေရာအသေးစိတ်ကို မဖော်ပြတာဟာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါဘူး။  Transocean က ယခင်ထုတ်ပြန်ခဲ့တဲ့ သုံးလပတ် အစီရင်ခံစာတွေမှာ ငှားရမ်းခနေ့စဉ်နှုန်းထားတွေ၊ တည်နေရာတွေ၊ ငှားရမ်းသူအမည်တွေ ပြည့်ပြည့်စုံစုံ ဖော်ပြပေးနေကျ ဖြစ်ပါတယ်။ 
ရခိုင်ကမ်းရိုးတန်း ကမ်းလွန်ဓာတ်ငွေ့သိုက်မှာ လုပ်ကိုင်လျက် ရှိတဲ့ Deepwater Nautilus အမည်ရှိ  ကမ်းလွန်တူးဖော်ရေးစင်ရဲ့ တစ်နေ့တာနှုန်းထားက အမေရိကန်ဒေါ်လာ ၁၄၅,၀၀၀ ဖြစ်ကြောင်းကိုတော့ Transocea က အစီရင်ခံစာမှာ ဖော်ပြပေးထားပါတယ်။ 

POSCO အနေဖြင့် မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့အတွက် ဖိအားပေးခံနေရပါတယ်။ အစုစပ်တွေက စေ့စေ့စပ်စပ် စစ်ဆေးခြင်း မေးမြန်းစုံစမ်းခြင်းတွေလည်း ရှိနေပါတယ်။ 

ကမ်းလွန်တွင်းတူးစင် Deepwater Nautilus က မြန်မာရေပိုက်နက်ထဲသို့ ၂၀၂၁ ခုနှစ်လ ဧပြီလအနှောင်းပိုင်းမှာ  ရောက်ရှိလာခဲ့ပါတယ်။  Block A-1 မှ ရွှေဖြူဓာတ်ငွေ့သိုက်မှာ လေးတွင်း တူးဖော်မယ်လို့ သိရပါတယ်။ 

Source: energyvoice.com/

Local News Read 1533 times