ကြီးထွားနှုန်း အမြန်ဆုံး အဆင့် ၉ မြန်မာရောက်ရှိ
ခေတ်စကား တစ်ခု ရှိတယ်။ ‘နိုင်းလောက် ရှိတယ်’ လို့ ပြောကြတယ်။ စကားနောက် တရားပါ။ နိမိတ်နောက် နမာလိုက်။ ယခု ကမ႓ာပေါ်မှာ ကြီးထွားနှုန်း အမြန်ဆုံး နိုင်ငံတွေကို တန်းစီလိုက်တာ မြန်မာနိုင်ငံက ‘၉ ’မှာ ရောက်နေတယ်။
ကမ႓ာ့ဘဏ်မှ နောက်ဆုံးထုတ် Global Economic Prospects မှာ ကြီးထွားနှုန်း အမြန်ဆုံး စီးပွားရေး ပထမနေရာမှာ အီသီယိုးပီးယားနိုင်ငံ ရောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
အီသီယိုပီးယားရဲ့ ဂျီဒီပီဟာ ယခုနှစ် ၂၀၁၇ ခုနှစ်မှာ ၈.၃% ကြီးထွားမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ႓ာစီးပွားရေးမှာတော့ ၂.၇% သာရှိပါလိမ့်မယ်။
အီသီယိုပီးယားဟာ အာဖရိက အရှေ့ပိုင်းမှ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တစ်ချိန်တစ်ခါက အငတ်ဘေးကျရောက်ပြီး ငတ်မွတ်ခေါင်းပါးမှု အကြီးအကျယ်ဖြစ်လို့ ကမ႓ာက ၀ုိင်းကူပေးခဲ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။ ယခုလို စီးပွားကြီးထွားနှုန်း အမြန်ဆုံး အဖြစ်သို့ ရောက်ရှိအောင် အစိုးရက အခြေခံအဆောက်အအုံအတွက် အသုံးစရိတ်တွေ သုံးစွဲပေးပြီး အရှိန်တက်စေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူထုအတွက် အခြေခံအဆောက်အအုံတွေကို ချေးငွေတွေ ရယူပြီး တည်ဆောက်တာမို့ တိုင်းပြည်မှာ တစ်နည်းပြောရရင် လူထုမှာ ပြည်ပကြွေးမြီတွေ တင်တာ ပိုများသွားစေပါတယ်။ ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အထိ အကြွေးက ဂျီဒီပီရဲ့ ၁၀% ရှိခဲ့ပြီး အခု ၅၀% ဖြစ်နေပါပြီ။
ဒါပေမဲ့ အခုနောက်ပိုင်း ထွက်ပေါ်လာတဲ့ စျေးကွက် စီးပွားရေးတွေ အများစုဟာ လူထု ပြည်ပကြွေးမြီ မြင့်မားနေတယ်လို့ ကမ႓ာဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီအကြွေးဝန်ပိတာ ကြီးမားနေရင်တော့ စီးပွားရေး ကြီးထွားနှုန်းဟာ ဆွဲချခံရဖွယ် ရှိတယ်လို့လည်း စိုရိမ်စကား ဆိုထားပါတယ်။
ဒုတိယနေရာမှာ ရှိနေတဲ့ ဥဇ်ဘက်ကစ္စတန်က ဒုတိယ ကြီးထွားနှုန်း စီးပွားရေး ရရှိထားပြီး ၂၀၁၇ ခုနှစ်မှာ ကြီးထွားနှုန်း ရ.၆ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
တတိယနေရာမှာ နီပေါ ရှိနေပြီး ၂၀၁၇ ခုနှစ်မှာ စီးပွားရေး ကြီးထွားနှုန်း ရ.၅ % ရှိပါလိမ့်မယ်။ နီပေါဟာ ၂၀၁၅ ခုနှစ် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရတာတွေကို ပြန်လည်တည်ဆောက်ခဲ့ပြီး မုတ်သုန်ရာသီ ကောင်းမွန်တာကြောင့် စီးပွားတက်မယ်။ အိန္ဒိယနဲ့ ကုန်သွယ်ရေးလည်း ကောင်းမွန်နေတယ်လို့ ကမ႓ာ့ဘဏ်က ဆိုထားပါတယ်။
အိန္ဒိယက စတုတ္ထနေရာမှာ ရှိနေပြီး စီးပွားရေးကြီးထွားနှုန်း ရ.၂ ရာခိုင်နှုန်း ရှိပါလိမ့်မယ်။ ပြည်ပတင်ပို့မှု ပိုကြီးမားလာနေတဲ့အပြင် အစိုးရ အသုံးစရိတ်ကိုလည်း တိုးမြှင့်သုံးစွဲပေးပြီး စီးပွားရေးကို အရှိန်တင်ပေးနေပါတယ်။
စီးပွားရေး ကြီးထွားနှုန်း အမြန်ဆုံး ၁၀ နိုင်ငံမှာ ပါ၀င်တဲ့ ဒီဂျီဘူးတီနဲ့ လာအိုတို့က ကြီးထွားနှုန်း ရ ရာခိုင်နှုန်း အသီးသီး ရှိလိမ့်မယ်။ ကမေ႓ာဒီးယား၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့က ကြီးထွားနှုန်း ၆.၉ ရာခိုင်နှုန်း ရှိပါလိမ့်မယ်။
တရုတ်နိုင်ငံဟာ စီးပွားရေး နှေးကျနေပေမဲ့ စားသုံးသူတွေရဲ့ ၀ယ်ယူသုံးစွဲမှုအားက တောင့်တင်းတာကြောင့် စီးပွားရေး ကြီးထွားနှုန်း ၆.၅% ရှိလိမ့်မယ်။ ပြည်ပတင်ပို့မှုလည်း အခြေအနေ ပြန်ကောင်းလာနေပါတယ်။ ဒါပေမဲ့ စီးပွားရေး ကြီးထွားနှုန်း အမြန်ဆုံး ၁၀ နိုင်ငံမှာ ပါ၀င်ခြင်း မရှိပါဘူး။ လောလောဆယ်မှာ အဆင့်မြင့်နည်းပညာများဖြင့် ကုန်ုထုတ်လုပ်မှုဆီသို့ ကူးပြောင်းနေတဲ့အတွက် ကသောင်းကနင်း ဖြစ်တာလေးတွေ ရှိနေဦးမှာ ဖြစ်ပေမဲ့ စိုးရိမ်စရာ မရှိဘူး။ ဘာလို့လဲဆိုတော့ တရုတ်အစိုးရဟာ တိုင်းပြည်စီးပွားရေးနဲ့ ငွေကြေးတို့ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ပြီး ကစားပေးနေတယ်။
ပထမတစ်ချက်က တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံအပါအဝင် ပြည်ပသို့ တင်ပို့တဲ့ ပို့ကုန်များအတွက် စျေးနှုန်းသက်သာစေရန် နိုင်ငံသုံးငွေ ယွမ်ကို ဖြစ်သင့်ဖြစ်ထိုက်သည်ထက် စျေးနှုန်းလျော့ကျနေအောင် တမင်သတ်မှတ်ပေးထားတယ်။ ဥပမာအားဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ် ယွမ် ၁၀၀ ကျတဲ့ ကုန်စည်ကို ပြည်ပသို့ ဒေါ်လာဖြင့် ရောင်းချတဲ့အခါ ယွမ်နှင့် ဒေါ်လာ ငွေလဲနှုန်းမှာ ၁ ကန်ဒေါ်လာကို ၅ ယွမ်ဆိုပါက ၎င်း ကုန်စည်ဟာ ဒေါ်လာ ၂၀ ကျသင့်မယ်။ ယွမ်စျေးနှုန်းကို ချပေးထားသဖြင့် ၁ ကန်ဒေါ်လာကို ၆ ယွမ်ဆိုပါက ၎င်းကုန်စည်ဟာ ၁၇ ဒေါ်လာအောက်တွင်သာ ရောင်းစျေးဖြစ်နေမယ်။ ဒီတော့ ကန်ဒေါ်လာဖြင့် ပေးချေကြတဲ့ ပြည်ပစျေးကွက်များမှာ စျေးနှုန်းသက်သာနေတဲ့ အားသာချက်ဖြင့် ယှဉ်ပြိုင်နိုင်နေစေပါတယ်။
ဒုတိယတစ်ချက်က ပြည်ပပို့ကုန်မှ ရရှိလာတဲ့ နိုင်ငံခြားငွေကို ပြည်တွင်းသုံးငွေ ယွမ်နဲ့ လဲလှယ်ပေးတဲ့အခါ ယွမ်စျေးနှုန်းကို အခုလို ပါးပါးလေးချပေးထားပြီး အဲဒီ ငွေလဲနှုန်းနဲ့ တွက်ချက်ပေးတယ်။ ဒီတော့ တကယ့်ပေါက်စျေးအမှန်နဲ့ လဲလှယ်ရင် ရမယ့် ပမာဏထက် နည်နည်း လျော့နည်းနေတယ်။ တစ်နည်းပြောရရင် အစိုးရက နည်းနည်းလေး ပိုရသွားတယ်။ ငွေလဲနှုန်းထားကို ပါးပါးလေး လျှော့ပြီး အစိုးရက နည်းနည်းလေး ပိုယူလိုက်တာ ဖြစ်ပေမဲ့ ပို့ကုန်သွင်းကုန် ပမာဏက အင်မတန်ကြီးမားတာကြောင့် နည်းနည်းလေး ပိုယူလိုက်တာတွေကို စုစုပေါင်းလိုက်တဲ့အခါ ဗဟိုဘဏ်မှာ ငွေမြောက်မြားစွာ စုပုံသွားပါတယ်။ ဘယ်လောက်အထိ များသလဲဆိုတော့ အမေရိကန်ဒေါ်လာ ၂ ထရီလျံ (၁ ဂဏန်းနောက်တွင် သုည ၁၂ လုံးပါသော အရေအတွက်) ရှိပြီး နေ့စဉ် အမေရိကန် ဒေါ်လာ ဘီလျံ(သန်းပေါင်းတစ်ထောင်)ချီ တိုးများလျက် ရှိပါတယ်။ အဲဒီတော့ အစိုးရဟာ ၀င်ငွေရဖို့အတွက် ပို့ကုန်အပေါ် မဖြစ်မနေ အခွန်ကောက်နေဖို့ မလိုတော့ဘူး။ အခုလို တစ်ပုံတစ်ပင် ရရှိထားတဲ့ ဘဏ္ဍာငွေကြေးနဲ့ အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှုများ တရစပ် ပြုပေးပါတယ်။ အဲဒီအချက်က စီးပွားရေးကြီးထွားမှုကို အခြေခံအဆောက်အအုံ လိုအပ်ချက်ကြောင့် အဟန့်အတား ဖြစ်ရတာကို ပပျောက်စေပါတယ်။