မတ်လ ၁၂ မှ ၁၈ အထိ အချို့သောနေရာများတွင် (၂၄)နာရီ မီးဖြတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာ


07 March, 2022

မတ်လ ၁၂ မှ ၁၈ အထိ အချို့သောနေရာများတွင် (၂၄)နာရီ မီးဖြတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာ


ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်(၂)တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိပိုက်လိုင်းအတွင်းသို့ ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ် ခြင်းလုပ်ငန်းများကို (၁၂-၃-၂ဝ၂၂) ရက်နေ့မှ (၁၈-၃-၂၀၂၂) ရက်နေ့ထိ ဆောင်ရွက်ရမည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်နေစဉ်အတွင်း ထုတ်လုပ်မှုကို ရပ်ဆိုင်းထားမည်ဖြစ်ရာ ပိုက်လိုင်း အတွင်း လက်ကျန်သဘာဝဓာတ်ငွေ့ဖြင့်သာ ဓာတ်အား ထုတ်ရမည်ဖြစ်သဖြင့် စုစုပေါင်း ဓာတ်အား (၃၃၄) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ အချို့သောနေရာများတွင် (၂၄)နာရီ ဝန်အားလျှော့ချရခြင်းများ ရှိမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါသည်။


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သော အသိပေးကြေညာချက်ကို ဖော်ပြအပ်ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရက်သတ္တပတ်တာကာလအတွင်း လျော့နည်းထုတ်လုပ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါသည်။


နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အားပမာဏ ရက်သတ္တပတ်တာကာလအတွင်း လျော့နည်းထုတ်လုပ်ဖြန့်ဖြူးသွားမည့်အပေါ် အများပြည်သူသိရှိနိုင်ရန် အသိပေးပန်ကြားခြင်း

၂၀၂၂ ခုနှစ်၊ မတ်လ ၆ ရက်


၁။      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး အတွက် လက်ရှိကာလ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားနှင့် နေရောင်ခြည်စွမ်းအင် သုံး ဓာတ်အားပေးစက်ရုံများမှ (၆၆၇.၈) မဂ္ဂါဝပ်ခန့်၊ ဓာတ်ငွေ့သုံးအပူစွမ်းအင် ဓာတ်အားပေး စက်ရုံများနှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများမှ (၁,၅၀၀.၃) မဂ္ဂါဝပ်ခန့်နှင့် ဒီဇယ် ဓာတ်အားပေးစက်များမှ (၈.၉) မဂ္ဂါဝပ်ခန့် စုစုပေါင်း (၂,၁၇၇) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အား စနစ်သို့ ထုတ်လုပ်ပိုလွှတ်လျက်ရှိပြီး နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို တစ်နိုင်ငံလုံးမှ တစ်ရက်တာပျှမ်းမျှ ရယူသုံးစွဲလိုမှုအနေဖြင့် နေ့ဘက်တွင် အများဆုံး (၃,၄၀၀) မဂ္ဂါဝပ်ခန့်၊ ညဘက် ဘေးကမ်းမျှဓာတ်အားသုံးစွဲလိုမှုမှာ များ တွင် အများဆုံး (၃,၆၀၀) မဂ္ဂါဝပ်ခန့်ရှိပြီး တစ်ရက်တာပျမ်းမျှ ဓာတ်အားသုံးစွဲလိုမှုမှာ (၂,၆၀၀) မဂ္ဂါဝပ်ခန့် သုံးစွဲလျက်ရှိပါသည်။ 


၂။      ပုံမှန်အချိန်တွင် အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မှုသည် (၄၂၀၀) မဂ္ဂါဝပ်ခန့် ရှိပါသည်။ သို့သော်လည်း LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု (၇၅၀) မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ ဈေးနှုန်းမြင့်တက်နေသဖြင့် ရပ်တန့်ထားရခြင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ များမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ပိုလွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂) ရွှေမြို့ ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂)-တောင်ငူ ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်းများသည် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် လုံခြုံရေးရယူ၍ ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဓာတ်အားလိုင်း (၃)လိုင်းမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပုံမှန်ပို့လွှတ်လျက်ရှိသည့် (၂၀) မဂ္ဂါဝပ်ခန့်မှာ ပို့လွှတ်နိုင်ခြင်း မရှိဘဲ ဓာတ်အားပြတ်တောက်လျက်ရှိရာ စုစုပေါင်းဓာတ်အားထုတ်လုပ်နိုင်မှု (၉၇၀) မဂ္ဂါဝပ်ခန့်မှာ ဆက်လက်လျော့နည်းနေသဖြင့် ဝန်အားထိန်းညှိခြင်းများ ဆောင်ရွက်၍ အလှည့်ကျဓာတ်အား ဖြန့်ဖြူးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။


၃။      ဝန်အားထိန်းညှိခြင်းများ ဆောင်ရွက်နေရသည့် ပမာဏလျော့နည်းစေရန်အတွက် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ဓာတ်အားလိုင်းများကို အမြန်ဆုံးပြင်ဆင်၍ ဘီလူးချောင်းရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ကို နိုင်ငံတော် ဓာတ်အားစနစ်သို့ ပြန်လည်ပို့လွှတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသလို တဖက်မှလည်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့ရာ ကျောက်ဖြူ (၁၅၀) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံသစ်မှ ဓာတ်အား (၆ဝ) မဂ္ဂါဝပ်ခန့်အား နိုင်ငံတော် ဓာတ်အားစနစ်သို့ (၁၀-၂-၂၀၂၂) ရက်နေ့မှစတင်၍ ထပ်တိုးဖြန့်ဖြူးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ဆက်လက်၍လည်း ကျောက်ဖြူ (၁၅ဝ) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသစ်မှ ဓာတ်အား တိုးမြှင့်ထုတ်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လမှ စတင်၍ အဆိုပါ ဓာတ်အားပေးစက်ရုံမှ (၁၅၀) မဂ္ဂါဝပ်ထိ ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်မည် ဖြစ်ပါသည်။


၄။      လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ်းလွန်ဓာတ်ငွေ့ စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်တွင်းဓာတ်ငွေ့တွင်းများမှ သဘာဝ ဓာတ်ငွေ့ကို အသုံးပြု၍ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများဖြင့် ဓာတ်အား (၁,၄၅၅) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး လက်ရှိအချိန်တွင် ရွှေကမ်းလွန်စီမံကိန်းမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်း (၁၃ဝ) သန်းကို အသုံးပြု၍ ဓာတ်အား (၆၆၈) မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက် ရှိပါသည်။ ယခုအခါ ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်(၂)တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိပိုက်လိုင်းအတွင်းသို့ ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ် ခြင်းလုပ်ငန်းများကို (၁၂-၃-၂ဝ၂၂) ရက်နေ့မှ (၁၈-၃-၂၀၂၂) ရက်နေ့ထိ ဆောင်ရွက်ရမည်ဖြစ်ပါ သောကြောင့် ထိုသို့ဆောင်ရွက်နေစဉ်အတွင်း ထုတ်လုပ်မှုကို ရပ်ဆိုင်းထားရှိသော်လည်း ပိုက်လိုင်း အတွင်း ကျန်ရှိနေသော ရွှေသဘာဝဓာတ်ငွေ့ကို အသုံးပြု၍ စုစုပေါင်း ဓာတ်အား (၃၃၄) မဂ္ဂါဝပ်ခန့်သာ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပိုလွှတ်ဖြန့်ဖြူးနိုင်တော့မည် ဖြစ်ပါသည်။


၅။      သို့ဖြစ်ပါ၍ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းရှိ တွင်းအသစ်မှ ထွက်ရှိမည့် သဘာဝ ဓာတ်ငွေ့အား ရယူသုံးစွဲနိုင်ရေး ပိုက်လိုင်းအသစ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် အတွင်း ထပ်မံလျော့နည်းသွားမည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (၃၃၄) မဂ္ဂါဝပ်ခန့်အပါအဝင် စုစုပေါင်း လျော့နည်းသွားမည့် (၁,၃၀၄)မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ အချို့သောနေရာများတွင် (၂၄)နာရီ ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သောကြောင့် ပြည်သူ လူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့် လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို စီမံကိန်းသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေး ပန်ကြားအပ်ပါသည်။


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Energy News Read 661 times